Main menu
HOT NEWS
adv
မန္တလေး အိမ်ခြံမြေ ရောင်းဝယ်မှုအတွက် ရာဖြတ်တန်ဖိုးစံနှုန်း သတ်မှတ်ချက် အသစ်ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက် မြင့်မားနေ၍  အလုပ်မဖြစ် တစ်တိုင်းပြည်လုံး တူညီစွာ သတ်မှတ်ပေးစေလိုကြောင်း လုပ်ငန်းရှင်များ တောင်းဆို

မန္တလေး အိမ်ခြံမြေ ရောင်းဝယ်မှုအတွက် ရာဖြတ်တန်ဖိုးစံနှုန်း သတ်မှတ်ချက် အသစ်ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက် မြင့်မားနေ၍ အလုပ်မဖြစ် တစ်တိုင်းပြည်လုံး တူညီစွာ သတ်မှတ်ပေးစေလိုကြောင်း လုပ်ငန်းရှင်များ တောင်းဆို

ရန်ကုန်၊ သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိအိမ်ခြံမြေရောင်း ဝယ်မှုလုပ်ငန်းများအတွက် ထုတ်ပြန်လိုက်သောရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်အသစ်များမှာ ကာလတန် ဖိုးပေါက်ဈေးနှုန်းထက်မြင့်မားနေ၍တစ်တိုင်းပြည်လုံးတူညီစွာသတ်မှတ် ပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှသိရသည်။

၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်း အပေါ်အခွန်စည်းကြပ်ရန် နှုန်းထားအသစ်များကို မြို့နယ်အလိုက်တစ် ဧကသတ်မှတ်စံနှုန်းထားများဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအိမ်ခြံ မြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက် ရေးအသင်းဥက္ကဋ္ဌဦးတင်မောင်က''ပြီးခဲ့တဲ့ (သြဂုတ် ၇ ရက်)ကပဲ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရာဖြတ်တန်ဖိုးအသစ်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ ရာဖြတ်တန်ဖိုးတွေက နေရာဒေသအလိုက်ကွဲပြားမှုရှိတယ်။ ထုတ်ပြန်လိုက်တဲ့ ရာဖြတ်တန်ဖိုး တော်တော်များများက ကာလတန်ဖိုး ပေါက်ဈေးနှုန်းထက်ပိုမြင့်နေပါတယ်။ ၆ဝ ရာခိုင်နှုန်းလောက်က ကာလတန်ဖိုးပေါက်ဈေးနှုန်းနဲ့ကိုက် ညီမှုမရှိဘူး''ဟု သြဂုတ် ၁ဝ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ထိုသို့ ကိုက်ညီမှုမရှိခြင်းကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာနိုင်ပြီး အခွန်ရှောင်ခြင်းကဲ့သို့ မလိုလားအပ်သည့် ဆုံးရှုံးမှုများလည်း ကြုံ တွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ်သည်။


''ရာဖြတ်တန်ဖိုးနိမ့်တဲ့နေရာ တွေမှာ စာချုပ်ချုပ်ဆိုတာလွယ်တော့ အရောင်းအဝယ်သွက်နိုင်တယ်။ ရာ ဖြတ်တန်ဖိုးမြင့်တဲ့ နေရာတွေမှာတော့ အရောင်းအဝယ်က အေးစက်နိုင်ပါတယ်။ အရောင်းအဝယ်ဖြစ်မယ်ဆိုရင်လည်း အခွန်ရှောင်မှုတွေဖြစ်လာနိုင်ပါတယ်''ဟုပြောသည်။ ထိုမျှသာမက ရာဖြတ်တန်ဖိုးစံ နှုန်းသတ်မှတ်ချက်များကိုတစ်ဧက စံနှုန်းဖြင့်ထုတ်ပြန်ခဲ့ရာ အိမ်ခြံမြေ ဈေးကွက်တွင်ဧကအလိုက်ရောင်း ဝယ်ခြင်းမဟုတ်သည့်အတွက်ဧက အလိုက်သတ်မှတ်ခြင်းကိုပြင်ဆင်ရန်လိုအပ်နေကြောင်း လည်းသိရသည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအိမ်ခြံမြေဈေးကွက်၏ အရောင်း အဝယ်မှာအေးစက်လျက်ရှိပြီးကျပ် သိန်း ၁ဝဝဝ အောက်အကွက်ငယ်များ သာအရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

 

TEEP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191