Main menu
HOT NEWS
adv
ဆေးဆိုင်များကို ဒုတိယအကြိမ်  ရှောင်တခင် စစ်ဆေးမှုတွင်  စည်းကမ်းဖောက်မှု တွေ့ရှိပါက  ထိရောက်စွာ အရေးယူသွားမည်

ဆေးဆိုင်များကို ဒုတိယအကြိမ် ရှောင်တခင် စစ်ဆေးမှုတွင် စည်းကမ်းဖောက်မှု တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်

မန္တလေး၊ သြဂုတ် ၁၂

မန္တလေးမြို့အတွင်း ဖွင့်လှစ်ရောင်းချသော ဆေးဆိုင်များ၌ လိုင်စင်ရှိမရှိ၊ တားမြစ်ဆေးဝါးများနှင့် တရားဝင်မှတ် ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့်ပြန်လည်၍ ရှောင်တခင်စစ်ဆေးမှုများကို ပြန်လည်လုပ်ဆောင် နေပြီဖြစ်ရာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုကြောင့် ပထမအကြိမ် ခံဝန်ကတိလက်မှတ်ရေးထိုးထားသည့် ဆေးဆိုင်များကို ဒုတိယအကြိမ် ထပ်မံတွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

 

''သြဂုတ် ၈ရက်တုန်းကနေစတင်ပြီးတော့ ပူးပေါင်းအဖွဲ့နဲ့အတူ ပြည်ကြီးတံခွန်မြို့နယ်အတွင်းက ဆေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သလို ကျန်ရှိတဲ့မြို့နယ်တွေကိုလည်း ထပ်မံစစ်ဆေးသွားဦး မှာဖြစ်ပါတယ်။ ဒုတိယအကြိမ် တွေ့ရှိရင်တော့ ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်။ အဲဒီဆေးဝါးသက်တမ်းလွန်နေခြင်းရှိ၊ မရှိကို စစ်ဆေး နိုင်တဲ့ ဗဟုသုတမရှိတာမျိုးတွေရှိတာကြောင့် ပညာပေးလက်ကမ်း စာစောင်တွေကို မန္တလေးမြို့တွင်းက လူစည်ကားရာနေရာ တွေနဲ့ဆေး ဆိုင်တွေကို အခမဲ့ဖြန့်ဝေသွားဖို့စီစဉ်ထားပါတယ်။ အဓိကအားဖြင့် တော့ ပြည်သူတွေလက်ထဲကို ဆေးဝါးအစစ်အမှန်တွေရောက်ရှိဖို့ အတွက် ဆေးကုမ္ပဏီတွေနဲ့အတူ ဆေးဆိုင်တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကအရေးကြီးပါတယ်''ဟု အဆိုပါဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးဒေါက်တာအေးငြိမ်းမြတ်က သြဂုတ် ၁ဝ ရက်တွင်ပြောကြားသည်။


မိမိတို့ဌာနအနေဖြင့် တချို့ဆေးကုမ္ပဏီများနှင့်ဆေးဆိုင်များက လာရောက်အပ်နှံသည့် ဆေးဝါးများနှင့် သိမ်းဆည်းရမိဆေးဝါးများ အားလုံးကိုစုစည်းပြီးပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီနှင့်ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခြင်းကို အနည်းဆုံးသုံးလတစ်ကြိမ် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း တားမြစ်ဆေးဝါး များနှင့် သက်တမ်းလွန်ဆေးဝါးများကိုရောင်းချနေသည့် ဆေးဆိုင်များ ကိုတွေ့ရှိပါက ဆက်သွယ်သတင်းပေးနိုင်ကြောင်း သိရသည်။ 

 

KSA

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191