Main menu
HOT NEWS
adv
အိန္ဒိယနိုင်ငံ၏ သွင်းကုန်မူဝါဒ ပြောင်းလဲခြင်းနှင့်အတူ အိန္ဒိယနယ်စပ် ပဋိပက္ခများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့ကျလာ

အိန္ဒိယနိုင်ငံ၏ သွင်းကုန်မူဝါဒ ပြောင်းလဲခြင်းနှင့်အတူ အိန္ဒိယနယ်စပ် ပဋိပက္ခများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့ကျလာ

ရန်ကုန်၊ စက်တင်ဘာ ၁၉

အိန္ဒိယနိုင်ငံ၏သွင်း ကုန်မူဝါဒ ပြောင်းလဲခြင်းနှင့်အတူ အိန္ဒိယနယ်စပ်တွင် နယ်မြေမအေးချမ်းမှုများ ဖြစ်ပွားနေသည့်အတွက် အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျလာကြောင်းသိရသည်။ ပြည်တွင်းစားသုံးမှု အလွန်နည်းပါးပြီး ထွက်ရှိသောပဲများ၏ ၈ဝ ရာခိုင်နှုန်းကျော်ကို တင်ပို့ ရောင်းချနေရသော အိန္ဒိယနိုင်ငံမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်လိုက်ခြင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးအ နေအထား၊ နိုင်ငံအတွင်း လူမျိုးရေးပဋိပက္ခ အ ခြေအနေများကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များအား မကြာခဏပိတ်ခြင်း၊ ဖွင့်ခြင်းများ ပြုလုပ်ကာ အိန္ဒိယဘက်ခြမ်းမှ ကုန်သွယ်မှုပိတ်ထားခြင်းများကြောင့် တမူးနယ်စပ် ကုန်သွယ်မှုပမာဏများ လျော့ကျလာခြင်းဖြစ်သည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုက သိသိသာသာ ကျဆင်းလာပေမယ့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုက တော့ အနည်းငယ်တက်လာပါတယ်။ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းက ပို့ကုန်ရော၊ သွင်းကုန် ရော ကျဆင်းမှုရှိပြီး ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ကာလ တူ ကုန်သွယ်မှုနဲ့ယှဉ်ရင် ကန်ဒေါ်လာ ၁၈ သန်း ကျော် ကျဆင်းလာပါတယ်။ ရိဒ်ကတော့ ပို့ကုန် ရော၊ သွင်းကုန်ပါတက်လာပြီး ကန်ဒေါ်လာ လေးသန်းနီးပါး မြင့်တက်လာပါတယ်''ဟု စက်တင် ဘာ ၁၉ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နှစ်ဝက်တာ ကာလအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ပို့ကုန်မှ ကန်ဒေါ်လာ ၃၁ သန်းကျော်၊ သွင်းကုန်မှ ကန် ဒေါ်လာ ၁၂ သန်းကျော်ဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၃ သန်းကျော် ရရှိခဲ့ သော်လည်း ယခုဘဏ္ဍာနှစ် ကာလတူတွင် ပို့ကုန်မှ ကန်ဒေါ်လာ ၂၂ သန်းကျော်၊ သွင်းကုန်မှ ကန် ဒေါ်လာ ခြောက်သန်းကျော်ဖြင့် စုစုပေါင်းကုန် သွယ်မှုပမာဏကန်ဒေါ် ၂၉ သန်းကျော်သာရရှိ ခြင်းကြောင့် ယမန်ဘဏ္ဍာနှစ် ကာလတူထက်ပို့ကုန်မှ ကန်ဒေါ်လာရှစ်သန်းကျော်၊ သွင်းကုန်မှ ကန်ဒေါ်လာ ငါးသန်းကျော်ဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၄ သန်းကျော် ကျ ဆင်းလျက်ရှိကြောင်း သိရသည်။


တမူးနယ်စပ်ကုန်သည် ဦးညိုမြင့်က ''အိန္ဒိယဘက်က ပိတ်ဆို့တာတွေ မကြာခဏလုပ်တော့ ကုန်သည်တွေအနေနဲ့ ရိုးနေပါပြီ။ ကုန်သွယ်မှု လမ်းကြောင်း မကြာခဏပိတ်တော့ ကုန်သွယ် ရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဟန့်အတားဖြစ်စေတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံဘက်မှာ ဖြစ်တာမဟုတ် တော့ ဘာမှလုပ်လို့မရဘူး။ နယ်မြေငြိမ်းချမ်းဖို့ ပဲ မျှော်လင့်ရတယ်''ဟု ပြောသည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုများပြု လုပ်ရာ၌ ပို့ကုန်တွင် ကွမ်းသီးကို အများဆုံးတင် ပို့ကာ သွင်းကုန်တွင် ဂျုံမှုန့်၊ စားတော်ပဲနှင့် မော် တော်ဆိုင်ကယ်များအား အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။ 

 

TEEP

#democracytoday

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191