Main menu
HOT NEWS
adv
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားနေသော်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးပို့ကုန်ပမာဏ ယခင်နှစ်ကာလတူထက် ဒေါ်လာလေးသန်းကျော် မြင့်တက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားနေသော်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးပို့ကုန်ပမာဏ ယခင်နှစ်ကာလတူထက် ဒေါ်လာလေးသန်းကျော် မြင့်တက်

ရန်ကုန်၊ စက်တင်ဘာ ၂၀-ရခိုင် ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားလျက်ရှိသော်လည်း မြန်မာ-ဘင်္ဂ လားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်သည့် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းများ၏ ပို့ကုန်ပမာဏမြင့်တက် မှုရှိလာကြောင်း သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စား သောက်ကုန်ပစ္စည်းများကို အဓိက တင်ပို့လျက်ရှိသော ယင်းကုန်သွယ် ရေးစခန်းတို့၏ ပို့ကုန်ပမာဏမှာ ယခုဘဏ္ဍာနှစ်ဝက်တာကာလအ တွင်း ကန်ဒေါ်လာ ၈ ဒသမ၂၆၄ သန်းရရှိသော်လည်း ယခင်ဘဏ္ဍာ နှစ်ကာလတူတွင် ကန်ဒေါ်လာ ၄ ဒသမ ၂၁၂ သန်းသာရရှိခဲ့ခြင်း ကြောင့် ယခင်ဘဏ္ဍာနှစ်ကာလတူ ထက် ကန်ဒေါ်လာ ၄ ဒသမ ၀၅၂ သန်းပိုမိုရရှိလာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက""ဒီစစ်တွေ၊ မောင်တောကုန်သွယ် ရေးစခန်းတွေရဲ့ ကုန်သွယ်မှုပမာဏ က အများကြီးမရှိပါဘူး။ ဒေသသုံး လောက်ပဲတင်ပို့တင်သွင်းကြတာ ရှိတယ်။ ဒီနှစ်ဝက်တာကာလအ တွင်းမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ်နှစ် နိုင်ငံရဲ့နယ်စပ်ကုန်သွယ်မှုမှာ ပို့ကုန် က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက်များလာ ပေမယ့် သွင်းကုန်ကတော့ အနည်းငယ်လျော့ကျလာပါတယ်""ဟု စက် တင်ဘာ ၂၀ ရက်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်သွင်းကုန်ပမာဏမှာ ယခု ဘဏ္ဍာနှစ်ဝက်တာကာလအတွင်း ကန်ဒေါ်လာသုည ဒသမ ၀၄၁ သန်း တင်သွင်းမှုရရှိသော်လည်း ယခင်ဘဏ္ဍာနှစ်ကာလတူတွင် ကန် ဒေါ်လာသုည ဒသမ ၁၉၅သန်းရ ရှိခဲ့ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၁၅၄သန်း လျော့ကျလာခဲ့ ကြောင်း သိရသည်။

ရန်ကုန်-ရခိုင်ကုန်စည်ပို့ဆောင် ရေးမှ ဦးသာထွန်းလှက""မိုးတွင်း ကာလဖြစ်တာကြောင့် လက်ရှိမှာ ကုန်စည်ပို့ဆောင်ရေးက တော် တော်ကိုအေးစက်နေပါတယ်။ ပို့ဆောင်ရတဲ့ကုန်စည်ကလည်း အရမ်းကို နည်းသွားပါတယ်""ဟု ပြောသည်။

လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း များဖြစ်သည့် စစ်တွေ၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနီတူခြောက်၊ ငါးခြောက်၊ ရေငန်ပုစွန် စသည့်ရေ ထွက်ပစ္စည်းများ၊ လယ်ယာထွက် ပစ္စည်းများကိုတင်ပို့လျက်ရှိပြီး ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ လူသုံးကုန်ပစ္စည်း များကို တင်သွင်းလျက်ရှိကြောင်း သိရသည်။    

         
TEEP
#Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191