Main menu
HOT NEWS
adv
အိန္ဒိယဘက် နယ်စပ်တံတား ပြန်ဖွင့်ပေးခဲ့သော်လည်း ကလေး-ရိဒ်လမ်း နှစ်ပတ် ပိတ်ထားသည့် အတွက် ကုန်သည်များ အခက်ကြုံနေ

အိန္ဒိယဘက် နယ်စပ်တံတား ပြန်ဖွင့်ပေးခဲ့သော်လည်း ကလေး-ရိဒ်လမ်း နှစ်ပတ် ပိတ်ထားသည့် အတွက် ကုန်သည်များ အခက်ကြုံနေ

ကလေး၊ စက်တင်ဘာ ၂၁

မြန်မာ- အိန္ဒိယတရားဝင်ကုန်စည်ပို့ဆောင် ရေးနှင့်ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသည့်တီအိုချောင်းတံတားကို အိန္ဒိယနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြန် မာဘက်မှကလေး-တီးတိန်-ရိဒ်ကား လမ်းပျက်စီးမှုကြီးမားနေသည့်အတွက် ကုန်တင်ကားများသွားလာမှုကို ယာယီပိတ်ထားသောကြောင့် နယ်စပ်ကုန်သည်များအခက်ကြုံ နေကြရကြောင်း သိရသည်။

 

ကလေး-တီးတိန်-ရိဒ်ကားလမ်းတွင် တီးတိန်-ရိဒ်နယ်စပ် သွားကားလမ်းကို စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ နှစ်ပတ်ကြာခေတ္တလမ်းပိတ်ထားမည်ဖြစ်ပြီး ခရီးသည်တင်ကားငယ် နှင့်အရေးပေါ်ကားငယ်များကိုသာသွားခွင့်ပြုမည်ဖြစ်သည်။ ''လာမယ့်ပွင့်လင်းရာသီဆိုရင် ရိဒ်ရေကန်အမှတ်တရနေရာတွေကိုပြည်တွင်းပြည်ပဧည့်တွေဝင်လာမယ်။ ပြီးတော့အခုမိုးရာသီမှာ တီးတိန်-ရိဒ်နယ်စပ်အကြားကား လမ်းကမိုးအဆက်မပြတ်ရွာသွန်း နေတဲ့အတွက် ဆိုးဆိုးရွားရွားပျက် စီးမှုဖြစ်နေတယ်။ သက်ဆိုင်ရာက စက်ယန္တရားကြီးတွေနဲ့ ပြုပြင် ပေမယ့်ပြင်လိုက်ပျက်လိုက်ဖြစ် နေတယ်။ ဒါကြောင့်အခုပွင့်လင်းရာသီအမီ၊ လမ်းပျက်တဲ့နေရာတွေ ကျောက်ချမယ်။ သဲဖို့မယ်။ လမ်း ကောင်းမွန်အောင်ပြုပြင်သွားမယ်''ဟု တီးတိန်မြို့အခြေစိုက် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောကြားသည်။ ကလေး-တီးတိန်-ရိဒ်နယ်စပ် ရောင်းဝယ်ရေးကို ၂ဝဝ၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးမြို့ကိုအခြေပြု၍ ကလေး- ရိဒ်ပြေးဆွဲသည့် ကားအသင်းပေါင်း ၁ဝ သင်းခန့်ရှိကြောင်း သိရသည်။

 

MOS

#thedemocracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191