Main menu
HOT NEWS
adv
လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာ ကာလအတွင်း စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခု  အကောင်အထည် ဖော်နိုင်ခဲ့ဟု ပြည်ထောင်စု ဝန်ကြီးပြော

လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာ ကာလအတွင်း စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခု အကောင်အထည် ဖော်နိုင်ခဲ့ဟု ပြည်ထောင်စု ဝန်ကြီးပြော

နေပြည်တော်၊ စက်တင်ဘာ ၂၁

လူထုဗဟိုပြုစီမံကိန်း၏ လေးနှစ်တာကာလအတွင်း မြို့နယ်ပေါင်း ၄၇ ခုတွင် ကျေးရွာပေါင်း ၈၅၆၅ ၌ စီမံကိန်းလုပ်ငန်းခွဲပေါင်း ၁၄၅၃၈ ခုအကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ကျေးလက်လူဦးရေ ၅ ဒသမ ၂ သန်းခံစားနေနိုင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် နေပြည်တော်(MCCI- 2) ခန်းမ၌ ကျင်းပသည့် လူထုဗဟိုပြုစီမံကိန်းစတုတ္ထနှစ် ပြည်ထောင်စုအဆင့်သုံးသပ်ဆွေး နွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာအောင် သူက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံ၏ကျောရိုးတောင့်တင်းဖို့ နိုင်ငံတော်အစိုးရမှ စီမံဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ထဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်းသည် အဓိက နေရာမှပါလျက်ရှိပါကြောင်း၊ ဒေသခံကျွမ်းကျင်ပညာရှင် ၂၆၄ ဦးနှင့် ဘွဲ့ရလူငယ် ၂ဝ၅ဝ ဦးတို့ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းဖန်တီး ပေးနိုင်ခဲ့ကြောင်း။ ယခုနှစ်တွင် ပထမဆုံးအကောင်အထည်ဖော်ခဲ့သည့် မြို့နယ်သုံးမြို့နယ်မှာ စီမံကိန်းစက်ဝန်းလေးခုပြည့်ခဲ့ပြီး အောင် မြင်စွာအပြီးသတ်နိုင်ခဲ့ပါကြောင်း၊ ကျန် မြို့နယ် ၆ဝ တွင်လည်း အောင် မြင်စွာဆက်လက်အကောင်အထည် ဖော်နေဆဲဖြစ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းတွေကို အကောင်အထည် ဖော်ရာတွင် သတ်မှတ်စံချိန်စံညွန်းများနှင့်အညီ အရည်အသွေးပြည့်မီမှု ရရှိစေရန် ကျေးလက်ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ နည်းပညာစစ် ဆေးခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငွေစာရင်းစစ်ဆေးခြင်းနှင့် ကျေးလက်လူထုကိုယ်တိုင် စစ် ဆေးအကဲဖြတ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခဲ့လျက်ရှိသည့် နိုင်ငံတကာအဆင့်မီစီမံကိန်းဖြစ်ပါ ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူမှ ပြောကြားခဲ့သည်။


ကမ္ဘာ့ဘဏ်မှ Country Ms Ellen Goldstein က လာမည့်နှစ်မှာ စီမံကိန်း ၁၆ ခုအထိထပ်မံတိုး ချဲ့ဖို့ စီစဉ်ထားပါတယ်။ မြို့နယ် ၆ဝ ရှိ ကျေးရွာပေါင်း ၁၁၅ဝဝ မှာနေ ထိုင်တဲ့ လူဦးရေ ခုနစ်သန်းခန့်ကို ကူညီနိုင်မှာဖြစ်ပါတယ်။ စီမံကိန်းဟာထိခိုက်လွယ် (သို့မဟုတ်) ပဋိပက္ခ ဖြစ်ပွားနေတဲ့ မြို့နယ်ခုနစ်ခုပါဝင် နေတဲ့အတွက် စီမံကိန်းကို သီးသန့်ချဉ်းကပ်နည်းနဲ့ ဂရုတစိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တကယ်လို့ ပူးပေါင်းဆောင်ရွက်ပြီး စီမံကိန်းကိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုမလဲဆိုတာ ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ လူထုဗဟိုပြုစီမံ ကိန်း၏ ဝေဖန်အကြံပြုဖြေရှင်းရေး စနစ်ကို သဘောကျမိပါတယ်''ဟု ပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင် စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ လွှတ်တော် ရေးရာကော်မတီအသီးသီးမှ လွှတ် တော်ကိုယ်စားလှယ်များ၊ သံအမတ်များ၊ သံရုံးကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များဌာနဆိုင်ရာ အကြီးအကဲများ၊ ဖွံ့ ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်း ကျေးရွာများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သိရ သည်။

 

MP

#thedemocracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191