Main menu
HOT NEWS
adv
စိုက်ပျိုးမွေးမြူရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်ရေး ကဏ္ဍများအတွက်  မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ဘီလီယံပေါင်း ၇ဝဝ ထုတ်ချေးမည်

စိုက်ပျိုးမွေးမြူရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ဆက်သွယ်ရေး ကဏ္ဍများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ဘီလီယံပေါင်း ၇ဝဝ ထုတ်ချေးမည်

နေပြည်တော်၊ စက်တင်ဘာ ၂၂

နိုင်ငံတော်၏စီးပွားရေးအတွက် အဓိက မောင်းနှင်အားဖြစ်သော ကဏ္ဍကြီးသုံးခုဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME ကဏ္ဍ)နှင့် ဆက်သွယ်ရေးကဏ္ဍများအတွက် အတိုးနှုန်းသက်သာစွာဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ထပ်မံအားဖြည့် ချေးငွေကျပ်ဘီလီယံပေါင်း ၇ဝဝ ထုတ်ချေးရန် အစီအစဉ်များ ညှိနှိုင်းရေးဆွဲဆောင်ရွက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။ 

 

စက်တင်ဘာ ၂၁ရက်နေ့ ညနေပိုင်းက နေပြည် တော်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် နိုင်ငံတော်၏စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်သောကဏ္ဍကြီးသုံးခုဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SME ကဏ္ဍ)နှင့်ဆက်သွယ်ရေးကဏ္ဍများအတွက် ဘဏ္ဍာ ငွေကြေးအကူအညီများ နိုင်ငံတော်က ပေးနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား၌ ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။


''ကျွန်တော်တို့ လျာထားတဲ့အနေအထားကတော့ ကျပ်ဘီလီယံပေါင်း ၇ဝဝ လောက်ထိ လျာထားပါတယ်။ ဒါပေမဲ့ လက်တွေ့ထုတ်ချေးတဲ့အခါ ဘယ် လောက်အနေအထားဖြစ်နိုင်မလဲ ပြောလို့မရသေးဘူး။ ဒီကျပ်ဘီလီယံ ၇ဝဝ မှာတော့ ကျွန်တော်တို့ လျာထားချက်မှာ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍအတွက် ကျပ်ဘီလီယံ ၂ဝဝလောက်လျာထားပါတယ်။ SME ကဏ္ဍကိုကျပ်ဘီလီယံ ၂၅ဝ လျာထားပြီး တော့ ဆောက်လုပ်ရေးကဏ္ဍကို ကျပ်ဘီလီယံ ၅ဝ လျာထားခြင်းဖြစ်ပါတယ်။ ကျန်တဲ့မြန်မာ့စီးပွားရေး ဘဏ်ကနေ သီးသန့် ထုတ်ချေးမယ့်ချေးငွေကတော့ ကျပ်ဘီလီယံ ၂ဝဝ လောက်ရှိပါတယ်။ ဒီလို ချေးငွေအမျိုးအစားတွေကို အဓိကအခြေခံထားတဲ့အချက် တွေကတော့ ကော်မရှယ်အတိုးနှုန်းထက် သက်သာ အောင် သဘောကတော့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း မရှိအောင် ကျွန်တော်တို့ လက်ရှိချေးနေတဲ့ချေးငွေ တွေက နှစ်ချင်းဆပ်ချေးငွေတွေဖြစ်ပါတယ်''ဟု ဒုတိယ ဝန်ကြီးက ပြောသည်။


နိုင်ငံတော်မှ ယင်းကဲ့သို့ချေးငွေများ ထုတ်ချေး ခြင်းများဆောင်ရွက်ပေးခဲ့သလို ယခုအစိုးရသစ်လက်ထက်တွင် ပြည်ပမှကြွေးမြီများကိုနိုင်ငံတော်မှ ပြန်လည်စာရင်းရှင်းပြီးသည့်နောက်ပိုင်းတွင် ပြည်ပမှ အကူအညီများလည်းပိုပြီး ထောက်ပံ့မှုနှင့် ပြည်ပမှ ချေးငွေများလည်း ရရှိလာသည်များလည်းရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။


ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ''စိုက်ပျိုး ရေးမွေးမြူရေးကဏ္ဍကတော့ ဒီမှာတင်ပြထားတဲ့ အတိုင်းဘဲ အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးပေးမှာပါ၊ SME လုပ်ငန်းကဏ္ဍကတော့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့အတွက်ကြောင့် အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင် နှုန်း နဲ့ချေးပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ ၈ ဒသမ ၅ အတိုးနှုန်းနဲ့ပေးနေတဲ့ ဂျိုက်ကာချေးငွေတွေရှိသလို အခု ကျွန်တော်တို့ MED ဘက်ကနေ ထပ်ဆင့်ပြီး တော့ ထုတ်ချေးတဲ့ချေးငွေမျိုးကျတော့ အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကတော့ တစ်ဆင့်ခံပြီး တော့ တစ်ဆင့်ခံပေးတယ်ဆိုတာက MED အနေ အထားနဲ့ ၉ရာခိုင်နှုန်းနဲ့ချေးပါတယ်။ MED အပ် ငွေကို ၈ ရာခိုင်နှုန်းပေးထားတော့ ဘဏ်အချင်းချင်း ချေးတဲ့အခါမှာ ၉ ရာခိုင်နှုန်းနဲ့ချေးပါတယ်။ ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကတော့ သူ့ရဲ့ ဘဏ်ရဲ့မူဝါဒအရ သူ့ဆောက်လုပ်ရေးလုပ်ငန်းရှင် များကိုချေးတဲ့နေရာမှာတော့ အတိုးနှုန်းက ၁၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကလည်း တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ပြီး တော့ ဒီအဆောက်အအုံတွေကို ပြန်ရောင်းပြီးတော့ မှ ငွေပြန်ဖော်ရတာ သူ့ရဲ့ချေးငွေသက်တမ်းကလည်း ကြာရှည်ပေးထားတာမရှိတဲ့အတွက်ကြောင့် ချေးငွေအတိုးနှုန်းက ၁၁ ရာခိုင်နှုန်းထိရှိတယ်လို့သိရပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

MO

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191