Main menu
HOT NEWS
adv
ပိုးသတ်ဆေး ဓာတ်ကြွင်း၊ ဓာတ်ကျန် များပြားနေခြင်းကြောင့် မြန်မာ့ပဲတီစိမ်း ဝယ်ယူရန် ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့ အခက်တွေ့နေ

ပိုးသတ်ဆေး ဓာတ်ကြွင်း၊ ဓာတ်ကျန် များပြားနေခြင်းကြောင့် မြန်မာ့ပဲတီစိမ်း ဝယ်ယူရန် ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့ အခက်တွေ့နေ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပဲတီစိမ်း တင်သွင်းရန် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နိုင်ငံများနှင့် ဆွေးနွေးခဲ့ သော်လည်း ပိုးသတ်ဆေးဓာတ် ကြွင်း၊ ဓာတ်ကျန်များကြောင့် ဝယ်ယူရန်အခက်အခဲရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

 

စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်ကျင်းပပြုလုပ်သည့် ပြည်တွင်း လက်ကျန်ကျန်ရှိနေသည့်ပဲများနှင့်ပတ်သက်၍ ပြည်တွင်းစားသုံးမှုတိုးတက်လာစေရန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပဲကိုအခြား နည်းလမ်းဖြင့်အသုံးပြုသည့် အသင်းအဖွဲ့လုပ်ငန်းရှင်များ၊ ပဲအခြေခံစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။


စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ''ပဲ တီစိမ်းနဲ့ပတ်သက်ပြီး အထူးသဖြင့် ဂျပန်တို့၊ ကိုရီးယားတို့၊ ဗီယက်နမ်တို့နဲ့ဆွေးနွေးကြည့်တဲ့အခါ ပဲတီ စိမ်းမှာက ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဓာတ်ကျန်က အင်မတန်စိုးရိမ်ဖွယ် ရာအခြေအနေရှိနေတဲ့အတွက် ကြောင့် ဗီယက်နမ်ကဆိုရင် ဓာတ်ကြွင်း၊ ဓာတ်ကျန် ကင်းမယ်ဆိုရင် သူတို့အနေနဲ့ပဲ တီစိမ်းကိုအများအ ပြားဝယ်ယူနိုင်မယ်လို့ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဓာတ်ကြွင်း၊ ဓာတ်ကျန်သည် လိုတာထက်ပိုရှိနေတဲ့အတွက်ကြောင့် စဉ်းစားစရာဖြစ် နေတယ်လို့ပြောပါတယ်။ နောက်တစ်ခုက ပဲအလုံးအသေးမညီတဲ့ အတွက်ကြောင့် ပဲပင်ပေါက်ဖောက်တဲ့အခါမှာ သူတို့အနေနဲ့အခက်အခဲရှိတယ်လို့ပြောပါတယ်''ဟု ပြောသည်။


ယင်းအပြင် မတ်ပဲတွင်လည်း ဓာတ်ြ<ွကင်း၊ ဓာတ်ကျန်ရှိနိုင်ခြင်း ကြောင့် မြန်မာနိုင်ငံမှစိုက်ပျိုးထွက် ရှိသည့်ပဲမျိုးစုံတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုမရှိစေရေးအတွက် ပညာပေးရေးအစီအစဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ''ဆန်ပဲဖြစ်ဖြစ်၊ ပဲပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် ဈေးကွက်တစ်ခုမှာ သိပ်အလွန်အကျွံမှီခိုရင် ကျွန်တော်တို့ဆီကဝယ်တဲ့ ဈေးကွက်က ဥပမာ-အိန္ဒိယဈေး ကွက်ကပေါ်လစီပြောင်းလဲသွား ရင် ကျွန်တော်တို့မှာအင်မတန်ထိခိုက်နစ်နာပါတယ်။ အိန္ဒိယက သူ့ဆီမှာပဲတွေအများကြီးထွက်တဲ့အတွက် သူ့နိုင်ငံကပဲတွေတင်သွင်းမှုကို အလွယ်တကူပိတ်ရင်ဇာတ်လမ်းကပြီးနိုင်ပါတယ်။ သို့သော် ကျွန်တော် တို့ကျတော့ မရောင်းရတော့တဲ့အတွက် အတော်အခက်အခဲတွေ့ပါတယ်။ ဈေးကွက်တစ်ခုကို အလွန်အကျွံမှီခိုခြင်းအားဖြင့် ကျွန်တော်တို့အတွက် ခါးသီးတဲ့အတွေ့အကြုံပါပဲ။ ဒီအတွေ့အကြုံဟာ လယ် သမားအတွက်ရော ကုန်သည်အတွက်ပါ နိုင်ငံတော်အတွက်ရော နစ်နာပါတယ်''ဟု ပြောကြားခဲ့သည်။

 

MP

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191