HOT NEWS
Main menu
adv
ဥရောပဘဏ်ကြီးများ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကို စိုးရွံ့နေကြဆဲဟု အီရန်ဆို

ဥရောပဘဏ်ကြီးများ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများကို စိုးရွံ့နေကြဆဲဟု အီရန်ဆို

တီဟီရန်

ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အထင်ကရ နျူကလီးယား သဘောတူညီချက်ကြောင့် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပြီး လေးလကြာသည့်တိုင် ဥရောပ၏ဘဏ်ကြီးများသည် အီရန်နိုင်ငံတွင် လုပ် ငန်းဆောင်ရွက်ရန် တွန့်ဆုတ်နေ ကြသည်ဟု အီရန် အရာရှိတစ်ဦးက ပြောသည်။ အသေးစားနှင့် အလတ်စားဘဏ်များက အီရန်တွင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း ဥရောပဘဏ်ကြီးများက ယခုအချိန် အထိ အီရန်ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း မရှိသေးဟု အီရန် နိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီက ပြောသည်။

 

ထိုသို့ဖြစ်နေရခြင်းမှာ နျူကလီးယားသဘောတူညီချက်မှ အီရန်အတွက် စီးပွားရေးဆိုင်ရာ အကျိုးအ မြတ်များရရှိခြင်းကို တားဆီးလိုသည့် ဆော်ဒီ၊ အစ္စရေးနှင့် အမေရိကန်တို့ရှိ အစွန်းရောက် လော်ဘီများ၏ မဟုတ် မမှန် သွေးထိုး လှုံ့ဆော်မှုများ ကြောင့်ဖြစ်သည်ဟုလည်း ၎င်းက စွပ်စွဲသည်။ နျူကလီးယား သဘောတူညီချက် စတင်အကျုံးဝင်ခဲ့သည့် ဇန်နဝါရီလမှစတင်ကာ အမေရိကန်က အီရန်၏နျူကလီးယား အစီအစဉ်နှင့် တိုက်ရိုက်ပတ်သက်သည့် အရေးယူပိတ် ဆို့မှုများကို ဖယ်ရှားပေးခဲ့ပြီ ဖြစ်သော်လည်း အခြားသော အကြောင်းအရာများအတွက် အရေးယူပိတ်ဆို့မှုများကို ချမှတ်ထားဆဲဖြစ်သည်။ ဥရောပဘဏ်အချို့သည် ယခင် တုန်းက အီရန်နှင့်ပတ်သက်သည့် အ မေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ခြင်းအတွက် ကြီးမား သော ပြစ်ဒဏ်များ ချမှတ်အရေးယူခံခဲ့ရပြီး ယခုအချိန်တွင်လည်း အလားတူ ပြစ်ဒဏ်များ ထပ်မံချမှတ် ခံရမည် ကို စိုးရိမ်နေလျက်ရှိသည်။

Ref: CNA

#The Yangon Times

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS