HOT NEWS
Main menu
adv
တိုက်ခန်းများ အရစ်ကျစနစ်နှင့် ရောင်းချနေသော်လည်း ဝယ်ယူနိုင်သူ နည်းပါး

တိုက်ခန်းများ အရစ်ကျစနစ်နှင့် ရောင်းချနေသော်လည်း ဝယ်ယူနိုင်သူ နည်းပါး

ရန်ကုန်

တိုက်ခန်းများအား အရစ်ကျစနစ် ဖြင့် ရောင်းချခြင်းများရှိနေသော်လည်း ဝယ်ယူ သူနည်းပါးနေဆဲဖြစ်ကြောင်း ပြည်တွင်းအိမ် ခြံမြေဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။ ''အရစ်ကျစနစ်နဲ့ ရောင်းပေးတာကို အချို့က လိုချင်ရင်တောင်မှ လခစားဝန်ထမ်း တွေဖြစ်နေတော့ သွင်းရမယ့်ငွေပမာဏကို မတတ်နိုင်လို့ မဝယ်တာတွေလဲရှိတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအတွက် ရုံးခန်းဖွင့်ဖို့လောက်ပဲ ဝယ်တာများတယ်''ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။



ယခုကာလတွင် တိုက်ခန်းများအား တစ်နှစ်၊ ငါးနှစ်၊ ၁ဝ နှစ် စသည်ဖြင့် အရစ်ကျ စနစ်များဖြင့် ရောင်းချပေးခြင်းများရှိလာပြီး ကွန်ဒိုမှအစ တန်ဖိုးသင့် ကျပ်သိန်း ၁ဝဝ ကျော် ခန့်နှင့် ကျပ်သိန်း ၂ဝဝ ခန့် တိုက်ခန်းများ ပါဝင်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် အများပြည်သူ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ပြပွဲများပြုလုပ်ကာ ရောင်းချလာခြင်းများဖြစ်သည်။ ''တပ်မတော်ခန်းမမှာပြုလုပ်တဲ့ အိမ်ခြံမြေအရောင်းပြပွဲကို သွား ကြည့်ဖြစ်တယ်။ အရစ်ကျနဲ့ဝယ်ရမယ်ဆိုတော့ အိမ်ပိုင်လေးဖြစ်ဖို့ လွယ်မလားလို့ပါ။ သူတို့က ဘဏ်နဲ့ချိတ် သွင်းရတာများတယ်။ ဒါပေမဲ့ ပုံမှန်အရစ်ကျ ပေးနိုင်ဖို့က အခက်အခဲရှိတယ်။ ဝယ်နိုင်ဖို့ မလွယ်သေးပါဘူး'' ဟု ကမာရွတ်မြို့နယ်မှ ဒေါ်မြင့်မြင့်နွယ်က ဆိုသည်။  ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အိမ်ရာလိုအပ်သူများအတွက် တန်ဖိုးသင့်၊ တန်ဖိုး နည်းတိုက်ခန်းများ ရောင်းချပေးခြင်း များလည်း ရှိနေပြီး ယင်းအတွက်ကိုလည်း ဝယ်ယူရန် အလှမ်းဝေးနေကြဆဲဖြစ်ကြောင်း သိရသည်။


ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS