HOT NEWS
Main menu
adv

ဒီချုပ် ကိုယ်စားလှယ်ကို ဦးလှဆွေက တိုင်ကြားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှု ပယ်ချခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရကိုယ်စားလှယ် ဦးပြူးလွင်ကို ဦးလှဆွေကတိုင်ကြားထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွင် ဦးလှဆွေ၏ကန့်ကွက်လွှာအားပယ်ချကြောင်း ရွေးကောက်ပွဲကော်မရှင်ခုံအမှတ် (၄)မှ ဖေဖော်ဝါရီ ၂၄ ရက်တွင်ဆုံး ဖြတ်လိုက်သည်ဟုသိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးညွှန်ကြား ရေးမှူးချုပ် ဦးတင်ထွန်းက ''ဦးပြူးလွင်သည် တရားဝင်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းကပျက်ပြယ်မှုမရှိကြောင်း အမိန့်ချလိုက်တယ်။ဦးလှဆွေရဲ့ ကန့်ကွက်လွှာကိုစရိတ်နဲ့တကွ ပယ်ကြောင်းဆုံးဖြတ်လိုက်တယ်။ သူ့အနေနဲ့ အယူခံတက်ချင်ရင်တက်လို့ရတယ်။ တက်ခွင့်ရှိတယ်'' ဟု ပြောသည်။

Read more...

မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် နေရာအတွက် ဒေါက်တာအေးဇံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံထားဟု ဦးဝင်းထိန် ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပါက မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ဒေါက်တာအေးဇံ အားထောက်ခံထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဗဟို ကော်မတီအတွင်းရေးမှူး ဦးဝင်းထိန်က တရားဝင်ပြောကြားလိုက်သည်။  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပါက ၎င်းနေရာအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဒေါက်တာအေးဇံအား ထောက်ခံထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီအတွင်းရေးမှူးဦးဝင်းထိန်က ဖေဖော်ဝါရီ ၂ဝရက် မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်ရိပ်သာတည်းခိုဆောင်၌ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

Read more...

ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NRPC သို့ ကျပ်သိန်း ၂ဝဝဝ လှူ ဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ငြိမ်းချမ်းရေး ရန်ပုံငွေအတွက် ကျပ်သိန်း ၂ဝဝဝ ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါပေးအပ်လှူ ဒါန်းခြင်းကို ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၇ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆော င်ကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းရေးရန်ပုံငွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးများ လစာငွေ ၂၅ ရာခိုင်နှုန်းကို လစဉ်စုဆောင်းခဲ့သည့်အနက်မှ ကျပ်သိန်း ၂ဝဝဝ လှူဒါန်းရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

Read more...

၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ့အကျိုး လုပ်ဆောင်ခဲ့ခြင်းအပေါ် မူတည်ပြီး ပြည်သူက အဆုံးအဖြတ် ပေးသွားမည်ဟု ဦးတင်ဦးဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင်အောင်နိုင် ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ့အကျိုး မည်မျှလုပ်ဆောင်ပေးနိုင်သလဲဆိုသည့် အပေါ်မူတည်ပြီး ပြည်သူများက ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပါတီဝင်များကို သတိပေးစကားပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်က ဒီချုပ်ရုံးချုပ်တွင်ပြုလုပ်သည့်(၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် နိဂုံး ချုပ် စကားပြောကြားရာ၌ နာယကဦးတင်ဦးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီချုပ်နာယကဦးတင်ဦးက ပြည်သူများအပေါ် မည်မျှအထိ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်သလဲဖြင့် ပြည်သူများက တိုင်း တာ ပြီးဆုံးဖြတ်ကြ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS