Main menu
HOT NEWS
adv

ပြည်တွင်း ပြည်ပ အလုပ်သမားတို့၏ လုပ်ခနှင့် အခွင့်အရေး အပြည့် မရရှိခြင်းအတွက် အများဆုံး တိုင်ကြားလာဟု လွှတ်တော် အလုပ်သမားကော်မတီ ဆို

ရန်ကုန်၊ သြဂုတ်

လွှတ်တော် အလုပ်သမားကော်မတီထံတိုင်ကြားလာသည့် တိုင်ကြားစာများအနက် ပြည်တွင်းပြည်ပအလုပ်သမားတို့၏လုပ်ခနှင့် အခွင့်အရေးအပြည့်မရရှိ ခြင်းတို့အများဆုံးဖြစ်ဟု ကော်မတီမှ သြဂုတ် ၂၉ ရက်က သိရသည်။

Read more...

ဖရဲ၊ သခွား တောင်သူများ ဈေးမှန်ရရှိရေး သီးနှံ အရည်အသွေး စံနှုန်း သတ်မှတ်ချက် ဆောင်ရွက်မည်

ရန်ကုန်၊ သြဂုတ်

ဖရဲ၊ သခွား တောင်သူများ ဈေးမှန်ရရှိရေးအတွက် သီးနှံအရည်အသွေး စံနှုန်းသတ်မှတ်ချက်များကို Winrock International  ၏အကူအညီဖြင့် ယခုနှစ် သီးနှံပေါ်ချိန်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိ ဖရဲ၊ သခွားသီးနှံများအတွက် အရည်အသွေး၊ အရွယ်အစား အဆင့်သတ်မှတ်ချက်မရှိသဖြင့် အရွယ် အစားမျိုးစုံတင်ပို့ရသဖြင့် ရသင့်ရထိုက်သည့် ဈေးနှုန်းမျိုးမရရှိ ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်း ရေးမှူးဦးကျော်သူက ဆိုသည်။

Read more...

ဆယ်စုနှစ်ကျော်အတွင်း သစ်တောကောင်း ဧရိယာ နှစ်သန်းခန့် ဆုံးရှုံး

ရန်ကုန်၊ သြဂုတ် 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်အတွင်း သစ်တောကောင်းဧရိယာနှစ် သန်းခန့်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် သစ်တောထွက်ပစ္စည်းများထုတ်ယူ ရောင်းဝယ်ခြင်းများထိန်းချုပ်မှုဆိုင် ရာဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးအလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။ တရားမဝင်သစ်တောထွက် ပစ္စည်းများထုတ်ယူရောင်းဝယ်ခြင်းများ ထိန်းချုပ်မှုဆိုင်ရာဥပဒေစိုးမိုး ရေးနှင့် အဂတိလိုက်စားမှုများတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေ ပြည်တော် Hilton Hotel  တွင် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read more...

ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်အတွင်း ကျပ်နှစ်သောင်း ကျော် ပြန်လည် ကျဆင်း

ရန်ကုန်၊ သြဂုတ်

ယခုအပတ် အတွင်းမတည်မငြိမ်ဖြစ်နေသည့် ပြည်တွင်းရွှေဈေးနှုန်းတစ်ပတ်အတွင်း ကျပ်နှစ်သောင်းကျော်ပြန်လည် ကျဆင်းခဲ့ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရသည်။ ယခု သြဂုတ် ၂၄ ရက် က အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၈၇၇၀၀၀ နီးပါးသို့မြင့်တက်ခဲ့ သည့် ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိ သြဂုတ် ၂၇ ရက်တွင် အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင်ကျပ် ၈၅၅၀၀၀ ၀န်းကျင်သို့ပြန်လည်ကျ ဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Read more...

MIC ပြင်ဆင်ဖွဲ့စည်းပြီး လေးလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ချပေးထား

စိုးချစ်ချစ်ပိုင်
ရန်ကုန်-  အစိုးရသစ်လက်ထက်   အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အသစ်မှ လေးလကျော်ကာလအ တွင်း  အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ ၂၃၃ သန်းပမာဏရှိသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရ သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191