Main menu
HOT NEWS
adv

ဒေသအချို့ ရေကြီးရေလျှံမှု ဖြစ်ပွားနေသော်လည်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းများ ရေမြုပ်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေ ဟုဆို

ရန်ကုန်၊ သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီး အပါအဝင် လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ဒေသအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများဖြစ်နေသော်လည်း ရန်ကုန်-မန္တလေးရထားလမ်းပိုင်း များ ရေမြုပ်ခြင်းမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှသိရသည်။

Read more...

တန်ဖိုးနည်း တိုက်ခန်း ၂ဝဝဝ ကျော်ကို ယခုလ အတွင်း ရောင်းချပေးမည်

ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာအခန်း ၂၂ဝဝကျော်ကို ယခုလအတွင်းရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ကနောင်တန်ဖိုးနည်းအိမ်ရာနှင့်ယုဇနအပိုင်း(၁)တို့မှ တန်ဖိုးနည်းအိမ်ရာစုစုပေါင်း၂၂ဝ၈ခန်းကို ယခုလအတွင်းရောင်းချနိုင်ရန်စီ စဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

Read more...

ထီပေါက်သော်လည်း လာရောက် ထုတ်ယူခြင်း မရှိသည့် ဆုမဲ ၄ဝဝဝ ခန့်ကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းမည် ဆို

ရန်ကုန်၊ သြဂုတ် ၁

ကျပ်သိန်း ၃ဝဝ နှင့် ကျပ်သိန်း ၂ဝဝ အောင်ဘာလေထီဆုကြီးများအပါအဝင် ဆုမဲပေါင်း ၄ဝဝဝ ခန့်ကို ယခုလအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသွား မည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ အောင်ဘာလေသိန်းဆုဌာနခွဲမှ ၂ဝ၁၅ ခုနှစ်စက်တင်ဘာလတွင် ဖွင့်လှစ်သည့် အကြိမ်(၃၂ဝ) မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၃ဝဝ ဆု တစ်ဆု (ဒ- ၆၄ဝဝ၃၉)၊ ကျပ်သိန်း ၂ဝဝ ဆုနှစ်ဆု(ဍ- ၆၃၇၉၃ဝ၊ ဒ -၁၁၂၂၃ဝ) နှင့်ဆုမဲပေါင်း ၃၉၉၁ ဆုကို ယနေ့အချိန်အထိလာရောက် ထုတ်ယူခြင်းမရှိကြောင်း သိရသည်။

Read more...

ရွှေဘိုဒေသ၌ နွေစပါးဈေး ကျဆင်းနေမှု၊ စိုက်ပျိုးစရိတ် ချေးငွေ မရရှိမှုတို့ကြောင့် လယ်သမားများ အခက်အခဲတွေ့နေစဉ် စပါးဈေး ပြန်လည်မြင့်တက်လာ

ရွှေဘို၊ ဇူလိုင် ၃၁

ရွှဘိုခရိုင်ဒေသ၌ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးဧက ၂၆၇၂၁၆ ကျော် စိုက်ပျိုးခဲ့ရာမှ အောင်မြင်ဖြစ်ထွန်း ရင့်မှည့်လာ၍ နွေစပါးများ လှိုင်လှိုင်ရိတ်သိမ်းနေမှုကြောင့် စပါးများပေါများလာကာ ဝယ်ယူမည့်သူ မရှိလောက်အောင် စပါးဈေးကျဆင်းနေရာမှပြန်လည်၍ ဈေးမြင့်တက်လာကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

Read more...

ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့် ဟိုတယ်များ စတင်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၃၁

ချင်းပြည်နယ် ဟားခါးမြို့တွင် အဆင့်မြင့်ဟိုတယ်များစတင်တည်ဆောက်ရန် စီစဉ်နေ ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် မြေနေရာလေ့လာမှုများကိုပြုလုပ်ထားပြီးဖြစ်ကာ အနည်းဆုံး ဟိုတယ်နှစ်လုံးကို စတင်တည် ဆောက်သွားရန်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာနဝန်ကြီးဦးဆလိုင်းအိုက်ဇက်ခင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇူလိုင်၃၁ရက်ကပြောသည်။ ဦးဆလိုင်းအိုက်ဇက်ခင်က ''ကျွန် တော်တို့တည်ဆောက်ဖို့ စတင်စစ် ဆေးနေပါပြီ။ စစ်ဆေးပြီးရင်တော့ ခွင့်ပြုပေးသွားမှာပါ။ ဟားခါးမြို့မှာ ပဲတည်ဆောက် သွားမှာပါ။ ဟိုတယ် တစ်လုံးကိုမြေဧကငါးဧကလောက် ပေးဖို့တော့စီစဉ်ထားပါတယ်''ဟု ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191