Main menu
HOT NEWS
adv

ပြည်တွင်းရွှေဈေးနှုန်း အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၉ဝ၁၅ဝဝ ဝန်းကျင်သို့ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၆

ယခုဧပြီလဆန်းပိုင်း ပြည်တွင်းရွှေဈေးနှုန်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင်ကျပ် ၉ဝ၁၅ဝဝ ဝန်းကျင်သို့ရောက်ရှိနေကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။ ယခင်မတ်လနောက်ဆုံးပတ်အတွင်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင်ကျပ် ၈၉၈ဝဝဝ ဝန်းကျင်မှ ဧပြီ ၅ ရက်တွင် ကျပ် ၉ဝ၁၅ဝဝ သို ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Read more...

အွန်လိုင်းမှ ဗီဇာလျှောက်ထားမှု နိုင်ငံပေါင်း ၁ဝဝ အထိ တိုးမြှင့်ခွင့်ပြု

ရန်ကုန်၊ ဧပြီ ၅

မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ဗီဇာလျှောက်နိုင်သည့် e-visa-Tourist  စနစ်ကို နိုင်ငံပေါင်း ၁ဝဝ အထိ တိုးမြှင့်ခွင့်ပြုထားပြီး လျှောက်ထားငွေ USD50  ဖြင့် မြန်မာနိုင်ငံတွင် ၂၈ ရက်နေ့ခွင့်ပြုထား ကြောင်းသိရသည်။ e-visa စနစ်ကို ပထမအကြိမ်အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံ၊ ထပ်မံကာ ဒုတိယအကြိမ် ၂၄ နိုင်ငံ၊ တတိယအကြိမ် တစ်နိုင်ငံ စုစုပေါင်း ၆၈ နိုင်ငံအား ၂ဝ၁၄ ခုနှစ်ဒီဇင်ဘာလကုန်အထိခွင့်ပြုပေးခဲ့ကာ ယခုအခါ နိုင်ငံ ပေါင်း ၁ဝဝ အထိ တိုးမြှင့်ခွင့်ပြုပေးထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဧပြီ ၄ ရက်က သိရသည်။

Read more...

အခွန်သက်သာခွင့် ရရှိလာခြင်းကြောင့် ပြည်တွင်း ပလတ်စတစ် ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့ရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၅

အခွန်သက်သာခွင့် ရရှိလာခြင်းကြောင့် ပြည်တွင်းပလတ် စတစ်ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးထွန်းကဆိုသည်။ ဧပြီ ၄ ရက်က ချက်ထရီယံဟိုတယ်တွင်ပြုလုပ်သည့် မြန်မာပလတ် စတစ်ထုတ်လုပ်သူများ ဖွံ့ဖြိုးတိုးတက် ရန်အတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးထွန်းကပြောကြားခဲ့ခြင်းဖြစ်ပြီး နည်းပညာနှင့်စက်ပစ္စည်းများရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Inter Plas Thailand  ၂ဝ၁၇ ပြပွဲသို့ ပြည်တွင်းမှ ပလတ်စတစ်လုပ်ငန်းရှင် ၃ဝ ခန့်သွား ရောက်လေ့လာရန် စီစဉ်ထားကြောင်း သိရသည်။

Read more...

သင်္ကြန်ကာလ နီးချိန်တွင် ထိုင်းငွေဈေး မတည်ငြိမ်မှုကြောင့် သင်္ကြန်ရေပြွတ်ကို ရန်ကုန်မြို့မှ တင်သွင်းရောင်းချနေရ

မြဝတီ၊ ဧပြီ ၅

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းဘတ် ငွေ ဈေးမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံ ထုတ်သင်္ကြန်သုံး ရေကစားပြွတ်များကို ထိုင်းနိုင်ငံမှ မဝယ်ဘဲ ရန်ကုန်မြို့မှတစ်ဆင့် ဝယ်ယူရောင်းချနေကြောင်း သိရသည်။ မြဝတီမြို့သည် ထိုင်းနယ်စပ်မြို့ ဖြစ်သဖြင့် ထိုင်းဘတ်ငွေများနှင့် ရောင်းဝယ် ဖောက်ကားကြပြီး ထိုင်းဘတ်ငွေဈေးမြင့်တက်ခဲ့ပါက ထိုင်းကုန်ပစ္စည်းများပါဈေးနှုန်း မြင့်တက်လာကာ တစ်မြို့လုံးနီးပါးအရောင်း အဝယ်အေးသွားတတ်သည်။

Read more...

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်၌ အရေးပါသည့် ချင်းတွင်းမြစ်ကူး တံတား (ကလေးဝ) ဖွင့်လှစ်

ကလေးဝ၊ ဧပြီ ၎

ချင်းပြည်နယ် ချင်းတောင်ဒေသ၊ ကလေး၊ မော်လိုက်၊ တမူးနှင့်မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်ပို့ဆောင်ရောင်းဝယ်ရေးအတွက် အဓိကကျသော ချင်းတွင်း မြစ်ကူးတံတား (ကလေးဝ)ကို ဧပြီ ၂ ရက်နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616