Main menu
HOT NEWS
adv

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေသနှင့် ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ထုတ်လုပ်သွားမည် ဟုဆို

ရန်ကုန်၊ မတ် ၂၀

သီလဝါအထူးစီးပွားရေးဇုန် တွင် ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ သိရသည်။ 

Read more...

ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်သစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးမည်

ရန်ကုန်၊ မတ် ၂၀

လက်ရှိ ရှိနေ သော စက်မှုဇုန်အဟောင်းများမှာ အရည်အသွေးနိမ့်ကျမှုကြောင့် စက်မှုဇုန်အသစ်များကို ထပ်မံဖော်ထုတ် သွားမည်ဖြစ်ကာ အဆိုပါဇုန်များတွင် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပမှရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော် ဝင်းက ပြောကြားလိုက်သည်။ မတ် ၁၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

မီးရထားဖြင့် ကုန်စည် သယ်ဆောင်နိုင်မည့် ပြည်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်၊ မတ် ၂၀

ကွန်တိန်နာကားများဖြင့် ကုန်စည်သယ်ဆောင်မှုကို လျှော့ချပြီး မီးရထားဖြင့် ပိုမိုသယ် ဆောင်နိုင်မည့် ပြည်တွင်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းစဉ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းလုပ် ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။ မတ် ၁၈ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

Read more...

နေပြည်တော်တစ်ဝန်း နွေစပါး ဖုံးလွှမ်းတော့မည်

နေပြည်တော် မတ် ၁၈

မြန်မာနိုင်ငံတွင် စပါး၊ ကြံ၊ ရော်ဘာ၊ ဝါ၊ ဆေးရွက်ကြီး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်၊ နှမ်း၊ မြေပဲ၊ နနွင်းတက်၊ ငရုတ်ကောင်းစသည့် သီးနှံစုံစိုက်ပျိုးကြပြီး စိုက်ပျိုးရန် ရေကိုလည်း ဆည်မြောင်း၊ တာတမံ၊ မြစ်ရေတင်၊ ချောင်းမြောင်းများမှ ရေကိုသွယ်ယူ၍ စိုက်ပျိုးကြသည်။ တောင်သူလယ်သမားများသည် မိုးစပါးပြီးလျှင် နွေစပါးကို ဆက်လက်စိုက်ပျိုးကြသည်။ နွေစပါး စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ပျိုးထောင်ရေး ဆည်မြောင်းတာတမံများမှ မြောင်းများဖြင့် ရေအလုံအလောက် ပေးဝေရသည်။

Read more...

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၁၈

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၁၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၆၈၅ စီး၊ သွင်းကုန် ၇၇၄ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၆ စီး၊ သွင်းကုန် ၂ဝ၇ စီး ကုန်စည်များသယ်ယူပို့ဆောင် လျက်ရှိသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616