HOT NEWS
Main menu

ငလျင်ဒဏ်သင့် ပုဂံဘုရားများအတွက် လှူဒါန်းငွေ ကျပ်သိန်းပေါင်း ငါးသောင်းခန့် ရရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၎

ငလျင်ဒဏ်သင့် ပုဂံဘုရားများအတွက် လှူဒါန်းသော မြန်မာငွေကျပ် သိန်းပေါင်းငါးသောင်းခန့် ရရှိနေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ပုဂံဘုရားများပြန်လည်ပြုပြင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ လှူဒါန်းသော ငွေကြေးများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့်ပုဂံဒေသတို့တွင် အလှူငွေများလက်ခံပေးလျက်ရှိပြီး ဇန်နဝါရီ ၃ ရက်တွင် ဌာနမှထုတ် ပြန်လိုက်သော စာ ရင်းအရ အလှူ ငွေကျပ်သိန်း ၄၉၉၄၂၈ဝ၆၅၃ ရှိနေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင်အမေရိကန်ဒေါ်လာကိုးသောင်းကျော်နှင့် အခြားသော ငွေကြေးအမျိုးအစားများစွာဖြင့် အလှူငွေများလက်ခံရရှိထားကြောင်းသိရသည်။

Read more...

တိုက်ပွဲများ ဖြစ်ပွားခဲ့သော မူဆယ်ဒေသသို့ နွား မတင်ပို့ရသောကြောင့် အညာဒေသတွင် နွားဈေးကွက် အေး၍ ဈေး ကျနေ

ရေနံချောင်း၊ ဇန်နဝါရီ ၎

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါဒေသများသို့ နွားများတင်ပို့နေသော  ရေနံချောင်း၊ချောက်နှင့်ကျောက် ပန်းတောင်းမြို့နယ်များတွင် နွားဈေး ကွက်အေးစက်နေပြီး နွားဈေးကျဆင်းနေကြောင်း သိရသည်။ ယခုအခါ ကျောက်ပန်းတောင်းမြို့တွင် နွားဈေးအေးနေပြီး ရက်သတ္တတစ်ပတ်လျှင် နွားဝယ်ယူသူ နှစ်ဦးခန့်သာရှိကာ နွားတစ်ကောင်လျှင်ငွေကျပ် ခုနစ် သိန်း ခန့်ဖြင့်သာ ဝယ်ယူနေကြသဖြင့် ယခင်ကထက် တစ်ကောင်လျှင် ငွေကျပ်နှစ်သိန်းခန့် ဈေးကျသွားသည်။

Read more...

ချောင်းသာ ဈေးသည်များအတွက် ဈေးရောင်းချရမည့် နေရာ စီစဉ်ပေးမည်

ပုသိမ်၊ ဇန်နဝါရီ ၃

နှစ်သစ်ကူးရက်က ချောင်းသာကမ်းခြေ၌ ဈေးရောင်းချစဉ် ဖယ်ရှားပေးခဲ့ရသည့် ဈေးသည်များအတွက် ဈေးပြန်လည်ရောင်းချမည့်နေရာကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးမှ သိရသည်။

Read more...

ကျောက်မျက် ရတနာမျိုးစုံကို ဆိုင်ခန်းပေါင်း ၃ဝဝ ကျော်ဖြင့် ရောင်းချမည့် Mandalay Yatanar Mall မကြာမီ ဖွင့်လှစ်မည်

မန္တလေး၊ ဇန်နဝါရီ ၃

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့် ကျောက် မျက်ရတနာဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များနှင့်မြန်မာ့ရိုးရာလက်မှု ပစ္စည်းဆိုင်များကို တစ်နေရာတည်း တွင် ဆိုင်ခန်း ၃ဝဝ ကျော်ဖြင့် စု စည်းခင်းကျင်းရောင်းချမည့် Mandalay Yatanar Mall ကို ဇန်နဝါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

Read more...

အစိုးရသစ် ဖော်ဆောင်မည့် အိမ်ရာ စီမံကိန်းများနှင့် ပြည်သူများ၏ အိုးပိုင် အိမ်ပိုင် မျှော်လင့်ချက်

+++++++++++++++++++

စီးပွားရေး သတင်းအဖွဲ့

+++++++++++++++++++


နောင် နှစ်နှစ်အတွင်းမှာ အိမ်ခန်း ၈ဝဝဝ၊ ငါးနှစ်အတွင်းမှာ အိမ်ခန်းနှစ်သိန်းနဲ့ ၂ဝ၃ဝ ပြည့်နှစ်မှာ အိမ်ခန်းတစ်သန်းထိ ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေပါတယ်။ အိမ်ခန်းတန်ဖိုးတွေကိုလည်း ကျပ်သိန်း ၁ဝဝ ခန့် ဖြစ်စေဖို့ ဆောင်ရွက်သွားမှာပါ''လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်ပါတယ်။  ပြီးခဲ့တဲ့အပတ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင့် ဧရာဝဏ် လမ်းမကြီးပေါ်ရှိ ဧရာဝဏ်-ရတနာမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရဲ့ အပိုင်း(၁)အဖြစ် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS