Main menu
HOT NEWS
adv
YSB စနစ်ကို ဘယ်လို အောင်မြင်အောင်လုပ်မလဲ

YSB စနစ်ကို ဘယ်လို အောင်မြင်အောင်လုပ်မလဲ

YSB စနစ်ကို စတင် အကောင်အထည်ဖော်ခဲ့သည်မှာ သုံးလ ကျော်မျှရှိသည်။ ပြည်သူအချို့နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ အသံများထွက်လာသည်။ ပြည် သူအချို့က YSB စနစ်ကြောင့် ငွေကြေးကုန်ကျမှု ပိုများလာသည်။ ခရီးသွားလာရေး အဆင်မပြေ နှစ်ဆင့်စီးရသည်။ သုံးဆင့်စီး ရသည်ဟု ငြီးတွားလာကြသည်။ ခရီးသည်များနှင့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအကြား ဆက်ဆံရေးမှာ ယခင် မထသယာဉ်လိုင်း များကဲ့သို့ပင် ဝေဖန်ပြောဆိုကြသည်။

 

မှန်သည်ဟုသာ ဆိုရမည်။ သို့သော် လူတိုင်းအတွက်မဟုတ်။ ခရီးသည်အချို့မှာ YSB စနစ်ကြောင့် ပို၍အဆင်ပြေသည်ဆိုသူ များလည်းရှိသည်ဟု ဆိုသည်။ ယင်းအတွက် YSB စနစ်ကြောင့် အဆင်ပြေသူများနှင့် အဆင်မပြေသူများအား စစ်တမ်းကောက်ယူ ရန်လိုအပ်မည်ဖြစ်သည်။ YSB စနစ်ကြောင့် အဆင်မပြေသည့် ခရီးသည်များ၏အသံကို နားထောင်ရန်လိုသည်။ ထို့အတူ YSB စနစ် ကြောင့် အဆင်ပြေသည့် ခရီးသည်များ၏ ဘာကြောင့် အဆင်ပြေ ကြသည် ကိုလည်း လေ့လာအကဲဖြတ်ရန် လိုအပ်မည်ဖြစ်သည်။

အထူးသဖြင့် YSB ကြောင့် ခရီးသွားလာရေး အဆင်မပြေသည့် ခရီးသည်များ၏ ယာဉ်လိုင်းအမှတ်၊ မြို့နယ်၊ ကျသင့်ငွေ၊ မထသ ယာဉ်လိုင်းဟောင်းမှ ပြောင်းလဲသည့် မော်တော်ယာဉ်များ ဟုတ်မ ဟုတ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးရာဇဝင် မှအစ စစ်တမ်းကောက်ယူ၍ စနစ်တကျ စီမံဆန်းစစ် လေ့လာအကဲ ဖြတ်ရန် လိုအပ်မည်ဖြစ်သည်။

မထသမှ YSB သို့ ကူးပြောင်းလာသည့် မော်တော်ယာဉ် နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကြောင့် ဟုတ်မဟုတ် တိ ကျစွာ အဖြေထုတ်ရန်လိုသည်။့ြှ စနစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာကြောင့်လုပ်သနည်း။

 အဖြေကရှင်းပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အ များပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခင်ကထက်ပိုကောင်း စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်သည်။ အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး စနစ်တစ်ခုမျှသာဖြစ်သည်။

YSB စနစ်သည် YRTA ၏ အခြေခံလက်တံ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ YRTA စီမံကိန်းသည် ကြည်း၊ ရေ၊ လေ ခရီးသွားလာရေးအတွက် ဖြစ်သည်။ ရေလမ်းခရီးတွင် သင်္ဘော၊ မော်တော်၊ သမ္ဗန်၊ Water taxi အစပါဝင်ပြီး လေကြောင်းခရီးတွင် ခရီးသည်တင်လေယာဉ်၊ ကုန်တင်လေယာဉ်၊ လေဆိပ်စသည်တို့ပါ ဝင်သည်။ ကုန်းလမ်းခရီးစဉ်တွင် မီးရထား၊ ကိုယ်ပိုင်မော်တော်ယာဉ်၊ တက္ကစီများ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ပါဝင်သည်ဟုဆိုသည်။

YBS စနစ် အကောင်အထည်ဖော်ရာတွင် ခရီးသွားပြည် သူများအတွက် ဝန်ဆောင်မှုပေးသည့် အလုပ်တစ်ခုမျှသာဖြစ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် YBS စနစ်အပေါ် ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချရန်လိုအပ်မည်ဖြစ်သည်။ ကျွမ်းကျင် ပညာရှင်များ နှင့် စီမံခန့်ခွဲ ဆောင်ရွက်ပေးသင့်သည်။ မထသမှ YBS အကူးအ ပြောင်းကာလ သုံးလအတွင်း လုံးဝကျဆုံးသွားသည်မဟုတ်။ မအောင် မြင်သည် မဟုတ်ပေ။ ခရီးသွားပြည်သူများအနေနှင့်လည်း အဆင် ပြေသူများရှိသကဲ့သို့ အဆင်မပြေမှုနှင့် ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်မည်ဖြစ်သည်။

YBS စနစ် ပြောင်းလဲမှုကို လက်ကမ်းကြိုဆိုရမည်သာဖြစ် သည်။ YBS စနစ်အောင်မြင်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လက်ရှိအခြေအနေမှန်ကို သိရှိရန် ပြည်သူနှင့်အတူ ကြိုးစားအားထုတ်ရန် လိုအပ်သည်။ အဟောင်းနှင့်အသစ်ကြားတွင် ကွာဟချက်များ ရှိကောင်းရှိမည်။ ပြောင်းလဲခြင်းသည် အသစ်ဖန်တီး ခြင်းမဟုတ်သည်ကို သဘောပေါက်လျှင် ပြောင်းလဲရန်လိုအပ်သည့် အရာတိုင်းကို ပြောင်းလဲပေးခြင်းဖြင့် YBS စနစ် မကြာမီ အောင် မြင်လာမည်ဟု ယုံကြည်မိပါသည်။                   

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191