Main menu
HOT NEWS
adv
ဘေးအန္တရာယ် ကျရောက်ပါက လူ့အသက်တွေ မဆုံးရှုံးရလေအောင်

ဘေးအန္တရာယ် ကျရောက်ပါက လူ့အသက်တွေ မဆုံးရှုံးရလေအောင်

ကမ္ဘာနိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ် အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကျရောက်ပါက ကာကွယ်နိုင်ရန်နှင့် ကုသနိုင်ရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ဘေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်ကယ် တင်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

သို့သော် မြန်မာနိုင်ငံသည် နိုင်ငံတကာ စံချိန်စံနှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် အရှေ့ တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဘေး အန္တရာယ်အမျိုးမျိုးကြောင့် လူ့အသက်သေနှုန်းမှာ များစွာ မြင့်မားလျက်ရှိနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် ဘေးဒုက္ခအန္တရာယ် အမျိုးမျိုး ကာကွယ်ကူညီစောင့်ရှောက် ကယ်ဆယ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အစိုးရ မဟုတ်သော လူမှုရေးအသင်းများစွာရှိသည်။ သို့သော် မြန်မာ နိုင်ငံတွင် သဘာဝဘေးအန္တရာယ် အပါအဝင် ဘေးအန္တရာယ် ဖြစ်ပွားမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသဖြင့် ဘေး အန္တရာယ်ကျရောက်စဉ် လူသေမှုနှုန်းမှာ ပိုမိုမြင့်မားလာ မည်ဖြစ်သည်။

ကမ္ဘာ့ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာအရ ၂ဝဝ၆ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အထိ ဆယ်စုနှစ်တစ်စုအတွင်း၌ နိုင်ငံတကာ တွင် ဘေးဒုက္ခအန္တရာယ်မျိုးစုံကြောင့် လူသန်းပေါင်း ၁၉ဝဝ ကျော် ဘေးဒုက္ခအမျိုးမျိုး ခံစားခဲ့ရပြီး လူခုနစ်သိန်းခန့် သေဆုံးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်မူ ဘေးဒုက္ခ အမျိုးမျိုး ခံစားခဲ့ရသူ ၁၂ သန်းကျော်တွင် အသက်ဆုံးရှုံး ရသူ ၁၄ဝဝဝဝ ခန့် သေဆုံးသဖြင့် ဘေးအန္တရာယ်ကြောင့် လူအသက်များ သေဆုံးနှုန်း များစွာမြင့်တက်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်နေစဉ် လူ့ အသက်များ မဆုံးရှုံးစေရန် အဓိက ကူညီစောင့်ရှောက်နေ သည်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွင် လေ့ကျင့်သင်ကြား ပေးထားသည့် ကြက်ခြေနီ စေတနာလုပ်အားရှင် ၄၄ဝဝဝ မှ ပြည်သူငါးသိန်းကျော်ကို စောင့်ရှောက်ပေးနေသည်ဟု ဆိုသည်။ သို့အတွက် မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်း အတွက် ကူညီစောင့်ရှောက်နိုင်ရန် လိုအပ်ချက်များစွာရှိ နေသည်။ ထို့အတူ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်အ မျိုးမျိုးကြာင့် ဘေးဒုက္ခခံစားရသူပေါင်း ၁၂ သန်းကျော်အ ထိရှိသဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကဲ့သို့ ကူညီ စောင့်ရှောက်ကယ်ဆယ်သည့် စေတနာလုပ်အားရှင်များ စွာ လိုအပ်လျက်ရှိပေသည်။

နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် သဘာဝဘေးအန္တရာယ် အပါအဝင် ဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်း မြင့်မားလာမှု ကြောင့် လူ့အသက် ဆုံးရှုံးမှုများလည်း မြင့်မားနိုင်ပေသည်။ ယင်းအတွက် နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးပေးမှုဖြင့် မြန် မာနိုင်ငံ ကြက်ခြေနီအသင်း အပါအဝင် အခြားလူမှုကယ် ဆယ်ရေး၊ လူမှုရေးအသင်း အဖွဲ့အစည်းများအနေဖြင့် ပြည် သူနှင့်အတူ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ် ရေဘေးအန္တရာယ်ကျရောက်စဉ် ကူညီစောင့်ရှောက်ခြင်း၊ ပြုစုခြင်း၊ ကုသခြင်း၊ ကယ်ဆယ်ခြင်းများ ဆောင်ရွက်နိုင်ရေး အတွက် အထူးပြုဆောင်ရွက်ရန် ရန်ကုန်တိုင်းမ်ဂျာနယ်မှ တိုက်တွန်းအပ်ပေသည်။                 

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191