Main menu
HOT NEWS
adv
ကလေးအလုပ်သမားပြဿနာ အဖြေရှာသင့်ပြီ

ကလေးအလုပ်သမားပြဿနာ အဖြေရှာသင့်ပြီ

ကလေးအရွယ်သည် စားချိန်တန်စား၊ ဆော့ချိန်တန်ဆော့ ကျောင်းတက်ရမယ့်အချိန် ကျောင်းတက်ကာ လူ့ဘဝ၏ လွတ်လပ်ပေါ့ပါးသော ဘဝအစိတ်အပိုင်းတစ်ခု ဖြစ် သည်။ အပူအပင်ကင်းမဲ့သော အချိန်ဖြစ်သည်။ နုပျိုလန်းဆန်းတက်ြ<ွကသော ကလေးဘဝတွင် ပျော်ရွှင်စွာနေထိုင်ရမည့်အချိန် ဖြစ်သည်။

သို့သော် နိုင်ငံ၏ ဆင်းရဲမွဲတေနွမ်းပါးမှုနှင့် စီးပွားရေးကျ ဆင်းမှုတို့အပေါ်မူတည်၍ နိုင်ငံတွင်းရှိ မိသားစုများသို့ပင် ရိုက်ခတ် ပြီး စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ကြရသည်။ မိသားစုစားဝတ်နေရေး အကျပ်အတည်းမှသည် မိသားစုဝင်များသို့ ဆက်နွယ် တော့သည်။ မိဘနှစ်ပါး၏ လုပ်ခလစာနှင့် မိသားစုအားလုံးအတွက် စားဝတ်နေရေး အဆင်မပြေသည့်ဘဝမျိုးသို့ ရောက်ရှိကြရသည်။ မိသားစု စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရသည်။ မိသားစုစားဝတ်နေရေးပြဿနာမှ ကလေး လုပ်သားများ ဖြစ်ထွန်းလာသည်။

မန်မာနိုင်ငံတွင် ကလေးလုပ်သားအရေအတွက်နှင့် ပတ် သက်၍ ကောက်ယူထားသည့် စစ်တမ်းများအရ အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း လုပ်ငန်းခွင်သို့ရောက်ရှိနေသည့် အရေအတွက်မှာ ၁ဒသမ၃သန်းခန့်ရှိကြောင်း သိရသည်။ ယင်းကလေးလုပ်သားဦးရေ များအနက် ကလေးလုပ်သားဦးရေ ၅ဒသမ၁ ရာခိုင်နှုန်းခန့်သည် အန္တရာယ်ရှိသည့် လုပ်ငန်းများကို လုပ်ဆောင်နေရသည်ဟု ဆိုသည်။ ထို့အတူ ကလေးလုပ်သား သုညဒသမ၃သန်းခန့် ကျောင်းတက်ကြသည်။ အဆိုးဆုံးမှာ ကလေးလုပ်သားများသည် တစ်ပတ်လျှင် ၅၂ နာရီအထိ အလုပ်လုပ်ကိုင်ကြရသဖြင့် လူကြီးများထက်ပင် အလုပ်ပိုလုပ်ကြရသည်။

ကလေးလုပ်သားအများစုသည် စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် လုပ်ဆောင်နေကြရသည်။ အခြားလုပ်ငန်းတွင် လူမသိသူမသိ ညှဉ်းပန်းနှိပ်စက်မှုများစွာခံရသည့် အိမ်အကူအဖြစ်လည်းကောင်း၊ ကလေးလိင် လုပ်သားများအဖြစ် လည်းကောင်း ဆင်းရဲပင်ပန်းကြီးစွာ လုပ်ကိုင်ကြရသည်။

ကလေးလုပ်သားဟုဆိုသော်လည်း လူကြီးအလုပ်များကို လုပ်ကိုင်နေကြရသူများလည်း ရှိသည်။ လုပ်အားခမှာ လူကြီးတစ်ယောက် လုပ်ခလစာထက် များစွာနိမ့်ကျနေသည်။ ယနေ့ မြန်မာနိုင်ငံရှိ ကလေးလုပ်သား အများစုမှာ အလုပ်ရှင်များ၏ လုပ်အားခခေါင်းပုံဖြတ်မှု နှင့် တန်ရာတန်ကြေးထက် နှိမ့်ချပေးကာ စေခိုင်းနေကြခြင်းဖြစ်သည်။

အများအားဖြင့် ကလေးလုပ်သားများကို စီးပွားရေးဈေး ကွက် ဖွံ့ဖြိုးသောမြို့ကြီးပြကြီးများတွင် တွေ့ရှိရသည်။ စက်ရုံအလုပ် ရုံများနှင့် စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေးစသည့် လုပ်ငန်းတွင် ကလေးလုပ်သားများကို ထင်ရှားစွာမတွေ့ရှိရသော်လည်း လူအများ နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဘူတာ၊ သင်္ဘောဆိပ်၊ ကားဂိတ်များတွင် ထင်ရှားစွာ တွေ့မြင်နေရသည်။ မကြာသေးမီကထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ ကလေးလုပ်သား အများစုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်းများနှင့် သစ်တောရေး ရာ လုပ်ငန်းများတွင် ရာခိုင်နှုန်း ၆ဝ အထိ ရှိနေသည်ဟုဆိုသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတွင်းရှိ အလုပ်သမားဦးရေကို တိကျစွာ စစ်တမ်းကောက်ယူထားနိုင်ခြင်း မရှိသကဲ့သို့ ကလေးလုပ် သားဦးရေ မည်၍မည်မျှရှိသည်ကို စာရင်းကောက်ယူထားခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတွင်းရှိ အလုပ်လက်မဲ့ဦးရေ အရေအတွက်ကို စစ်တမ်းကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

ယခုအချိန်တွင် ၁၄ နှစ်အောက် ကလေးငယ်များကို လုပ်ငန်းရှင်များက ကလေးလုပ်သားဟု သတ်မှတ်ကာ လူကြီးအလုပ်များကို ခိုင်းစေ၍ ကလေးလုပ်အားခပေးကာ မတရားခိုင်းစေခြင်းမျိုး ရှိနေသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ကလေးလုပ်သားပြဿနာများကို တိကျစွာ အဖြေရှာပေးနိုင်ရန် ဖလားဝါးနယူးစ်ဂျာနယ်မှ ရေးသားဖော်ပြအပ် ပေသည်။                                                  

အယ်ဒီတာ

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191