HOT NEWS
Main menu
adv

အတွင်းမီး အပြင်မထုတ်ပါနှင့်

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်သည့်တိုင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး မရရှိသည့်အတွက် နယ်စပ်ဒေသများ တွင် ပြည်တွင်း စစ်ပွဲများနှင့်ရင်ဆိုင်နေရဆဲဖြစ်သည်။ ယင်းပြည်တွင်းစစ်ပွဲ များကြောင့် တပ်မတော်သားများအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တိုင်းရင်းသား များ၊ ပြည်သူလူထုတို့၏ အသက်အိုးအိမ်များ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဆုံးရှုံးနေရဆဲလည်းဖြစ်သည်။

Read more...

အပြင်မီး အတွင်းမသွင်းပါနှင့်

မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာဝင်များဟု အသုံးအနှုန်းကို အစိုးရက ခေါ်ဝေါ်သုံးစွဲခဲ့သဖြင့် မကျေနပ်၍ ရခိုင်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ ထို့အတူ ရန်ကုန်မြို့တွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဘင်္ဂါလီကို ဘင်္ဂါလီဟုခေါ်မည်ဟု ကြွေးကြော်သံ၊ လက်ကိုင်ဆိုင်းဘုတ်၊ ဗီနိုင်းများကိုင်ဆောင်၍ ရွှေတိဂုံ ဘုရားခြေတော်ရင်းရှိ ကြေးသွန်းဘုရားကြီးမှ တာမွေမြို့နယ် ပြည်သူ့ဟစ်တိုင်ကွင်းအထိ ချီတက်ဆန္ဒပြကြရာ သတ်မှတ်ထားသည့်နေ ရာမှဆန္ဒပြခြင်းမဟုတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တားဆီးခြင်းခံရပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းကာ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။ သို့သော် ဆန္ဒပြခေါင်းဆောင်တို့ကို ပုဒ်မ၁၉ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

Read more...

အမယ်ဘုတ်၏ ချည်ခင်

နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့သုံးရက်ကြာသွားရောက်ခဲ့သောသတင်းက ပြည်တွင်းပြည်ပရှိ မီဒီယာမျက်နှာစာပေါ်တွင် နေရာယူခဲ့သည်။ ခေတ်အဆက်ဆက် အောက် ကျနောက် ကျနိုင်ခဲ့သော မြန်မာအလုပ်သမားများ၏ မျှော်လင့်ချက်ရောင်ခြည်က တောက်ပလာခဲ့သည်။ ထိုင်းဝန်ကြီးချုပ်ပရာယုသ်ချန်အိုချာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ တွင် ဒေါ်အောင် ဆန်းစုကြည်က မိမိအနေဖြင့် အချိန်အခါသင့်သောအခါ မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားအားလုံးကို နိုင်ငံသို့ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကတိပြုပြော ဆိုခဲ့သည်။

Read more...

ဝိုင်းကူ၍ တွန်းပေးပါ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်း၏ထိုင်းနိုင်ငံခရီး စဉ်မှာ ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးနှင့် ဒုက္ခသည်များအရေးကိုဆွေးနွေးကြမည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်သည်။

Read more...

ကြိုက်ရာကိုရွေးစမ်း ကိုယ့်လူ

ခုတလော နေရာကိစ္စ ပြောသံဆိုသံများကို ခပ်စိပ်စိပ်ကြားလာရသည်။ လက်လှမ်းမီသလောက် ပြောကြည့်ရလျှင် သမ္မတဦးထင်ကျော် ပြင်ပအခမ်းအနားအား ပထမဆုံးတက်ရောက်သည့်နေ့က ၄င်းအတွက် ထိုင်ခုံနေရာကို သီးသန့်ပြင်ဆင်မထားရန် မှာကြားခဲ့သည်။ ယင်းကဲ့သို့ မှာကြားမှုအပေါ် သဘောတူသူ၊ သဘောမတူသူတို့၏ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းနောက်တွင်တော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံ စည်းရိုးပြဿနာက လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းစာ၊ဂျာနယ်များပေါ်တွင် ဂယက်ဖြစ်ခဲ့သည်။ ဒါသည်လည်း နေရာကိစ္စအပေါ် အခြေတည်၍ ဖြစ်ပေါ်ခဲ့ခြင်းပင်။

Read more...
adv

adv

FacebookG+TwitterRSS