Main menu
HOT NEWS
adv

နာမည်အား အလွဲသုံးစား ပြုလုပ်ခံရမှုကို သက်ဆိုင်ရာ ကန်ထရိုက်ဘက်မှ မဖြေရှင်းပေးနိုင်ပါက တရားစွဲဆိုသွားမည်ဟု တေးသံရှင် မနော ဆို

တေးသံရှင် မနော၏ နာမည်အား အလွဲသုံးစားပြု လုပ်နေမှုများဖြစ်ပေါ်နေခြင်းကြောင့် သက်ဆိုင်ရာကန်ထရိုက်ဘက်မှ မဖြေရှင်းပေးနိုင်ပါက တရားစွဲဆိုသွားမည်ဟု မနောကပြောသည်။ ''အဲဒီမြို့ခံတွေနဲ့ ကျွန်တော်က ရင်းနှီးတော့ မြို့ခံတွေက ကျွန်တော့်ကို ဆက်သွယ်ပြီးတော့ ဒီဖျော်ဖြေပွဲကို ဘယ်နေ့လာဆိုမလဲဆိုပြီးတော့ ပြောလာတယ်။ ကျွန်တော်ဘက်က မဟုတ်ဘူးလို့ ပြန်ပြီးတော့ အ ကြောင်းပြန်ပေမယ့် သူ့တို့နေရာမှာတော့ တရားဝင် ဗီနိုင်းတွေကပ်ပြီးတော့ ကြော်ငြာထားတယ်လို့ ပြောလာတယ်ဆိုပြီးတော့ ဓာတ်ပုံတွေပေးပို့လာတယ်။ အဲဒါနဲ့ အဲဒီမှာပါတဲ့ဖုန်းနံပါတ်အတိုင်း ကျွန်တော်ဆက်ပြီး တော့ မနောက ဘယ်နေ့ဆိုမှာလဲ လက်မှတ်ဝယ်ချင်လို့ လို့ပြောတော့ မနက်ဖြန်(ဧပြီ ၂၂ ရက်)ဆိုပြီးပြောလာတယ်။ ဒါက တရားဝင်ကို ကျွန်တော့်နာမည်ကို အလွဲသုံးစားလုပ်နေတာပါ''ဟု တေးသံရှင် မနောက ဆက်လက်ပြောသည်။

Read more...

သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာတဲ့ အလှမယ် မေဘရဏီသော်

Miss  တစ်ယောက်အဖြစ်မှ သရုပ်ဆောင်လောကသို့ စတင်ခြေချဝင်ရောက်လာတဲ့ Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်နှင့် ခဏတာတွေ့ဆုံခိုက် ....။

 

မေး - အခုနောက်ပိုင်း ဘာတွေလုပ်ဖြစ်နေလဲ။ အနုပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှု သိပ်မတွေ့ရဘူးနော်။

ဖြေ - ညီမ အခုလောလောဆယ်က ဇာတ်လမ်းတွဲတစ်ခုကို လက်ခံရိုက်ကူးဖြစ်နေပါတယ်။ ဒီဇာတ်လမ်းတွဲက ညီမအတွက် ပထမဦးဆုံး ရိုက်ကူးခွင့်ရတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ အကောင်းဆုံး လုပ်ဆောင်ချင်တဲ့အတွက်လည်း တခြား အနုပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ သိပ်မလုပ်ဖြစ်တာပါ။

Read more...

OCN ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသည့် "Tunnel" ရုပ်သံ ဇာတ်လမ်းတွဲကို ဒရာမာ အရည်အသွေးမြှင့်တင်ရန် ထုတ်လွှင့်မှု တစ်ပတ်ရပ်နားမည်

ဆိုးလ်၊ ဧပြီ ၂၁


OCN ရုပ်သံလိုင်းကနေထုတ်လွှင့်လျက်ရှိပြီး ယခုတလောလူကြိုက်များနေသော "Tunnel"  ရုပ်သံဇာတ်လမ်းတွဲကို အရည်အသွေးမြှင့်တင် ရန်အတွက် လာမည့်မေလတွင် သီတင်းတစ်ပတ်ခန့်ရပ်နားမည်ဖြစ်ကြောင်းသိရသည်။  ဧပြီ ၂၁ တွင် Tunnel ဇာတ်လမ်းတွဲနှင့် ပတ်သက်သော သတင်းအရင်းအမြစ်များက ''မေလထဲမှာ အားလပ်ရက်ပေးဖို့အတွက် ကျွန်တော်တို့ဟာ မေ ၆ ရက် နဲ့ ၇ ရက်မှာ ထုတ်လွှင့်မယ့် အပိုင်း ၁၃ နဲ့ ၁၄ ထုတ်လွှင့်မှုကိုရွှေ့ဆိုင်းသွားမှာဖြစ်ပြီးတော့ အဲဒီနေရာမှာ အခြားရုပ်ရှင်ကို အစားထိုးထုတ်လွှင့်သွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ သတ်မှတ်မယ့်အချိန်မတိုင်မီ ပြသခဲ့တဲ့အပိုင်း တွေကိုပဲ ပြန်ပြသွားမှာပဲဖြစ်ပါတယ်''ဟု ပြောကြားသည်။ ထိုဒရာမာကို လာမည့်မေ ၁၃ တွင် ပြန်လည်ပြသရန်စီစဉ်ထားသည်။

Read more...

အနုပညာ ပျိုးခင်းက ဆရာတွေ မိမိကို တော်တော် သင်ပေးခဲ့ရတယ်လို့ ဆိုတဲ့ ရတနာဗိုလ်

မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မည့် ရတနာဗိုလ်က မိမိအား သရုပ်ဆောင် အတက်ပညာသင်ကြား ပို့ချပေးသော အနုပညာမျိုးခင်းက ဆရာတွေအနေနဲ့ သရုပ်ဆောင်မှု အပိုင်းများကို တော်တော်သင်ပေးခဲ့ရတယ်လို့ သူမက ပြောပါတယ်။ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်၊ ဒါရိုက်တာ ဟိန်းဝေယံ၊ ဇေရဲထက်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းကို ရတနာဗိုလ်က "ဇာတ်လမ်းလေးကလည်း ဆန်းတယ်၊ ကိုဟိန်းဝေယံရဲ့ ပထမဆုံးသရုပ်ဆောင်လုပ်မယ့် ဇာတ်ကားကြီးလည်း ဖြစ်တယ်၊ ယုံလည်းယုံကြည်တဲ့အတွက် ရိုက်ကူးဖို့  လက်ခံဖြစ်ခဲ့တာပါ။ ဇာတ်ကားထဲမှာ ခပ်ဟော့ဟော့ ကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ” လို့ ပြောပါတယ်။

Read more...

" ဇာတ်လမ်းပုံစံကို ကျွန်တော်ကိုယ်တိုင်လည်း မရိုက်ဖူးတာကြောင့် ထူးထူး ခြားခြားဖြစ်အောင် ဖန်တီးထားပါတယ် " ဟိန်းဝေယံ

ရန်ကုန်။ ဧပြီ ၂၁

ဒါရိုက်တာအဖြစ် ပထမဦးဆုံး ရိုက်ကူးတော့မယ့် ဟိန်းဝေယံက သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးကနေ မာယာကကြိုးဆိုတဲ့ ရုပ်ရှင်ကားအတွက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးသွားမှာဖြစ်တဲ့အတွက် အင်တာဗျူးဖြစ်ခဲ့ပါတယ်။ မာယာကကြိုးဇာတ်ကားထဲမှာတော့ ဟိန်းဝေယံ၊ ဇေရဲထက်နဲ့ ရတနာဗိုတို့က အဓိကပါဝင်သွားမှာလည်းဖြစ်ပါတယ်။ 

 

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616