Main menu
HOT NEWS
adv
Samsung Galaxy Star သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း

Samsung Galaxy Star သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း

ရန်ကုန်

Samsung Galaxy Star သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒိုင်တစ်ယောက် အဖြစ်ပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကို တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကို တင်ဆက်ပေးလိုက်ပါတယ်။

 

မေး။ ။ဒိုင်အဖြစ်ပါဝင်ဖို့ အတွက်လက်ခံဖြစ်ခဲ့တာကစပြီး ပြောပြပေးပါဦး။

ဖြေ။ ။ မနှစ်ကနိုဝင်ဘာ လောက်မှာကတည်းကနေပြီး တော့ ဖြူဖြူတို့တွေကိုဒီလို Program လေးလုပ်ဖို့ရှိတယ်ဆိုပြီးလာပြော ပါတယ်။ကိုယ့်အနေနဲ့ကလည်း ဒိုင်အနေနဲ့ကလည်းအဆိုပြိုင်ပွဲတွေမှာပါဝင်ခဲ့ဖူးတော့ဒီပွဲကလည်း Winner  ကဆုကြေးငွေကသိန်းတစ်ထောင်လည်းဖြစ်တယ်။ အဲ့ဒါထက်ထူးခြားတာကဂီတဝါ သနာရှင် ပြိုင်ပွဲဝင်ထဲက Winner  ဖြစ်သွားတဲ့သူဟာကမ္ဘာကျော်အ ဆိုတော်တစ်ယောက်ဖြစ်ဖို့ကို အထောက်အပံ့ကောင်းတွေ အများကြီးရရှိမယ်။ Korea Music Industry ထဲကနေကမ္ဘာ ကျော်အဆိုတော်ဖြစ်ဖို့အတွက် သူတို့ထောက်ပံ့ကူညီပေးမယ်။တစ် ခါမှမရဖူးသေးတဲ့အခွင့်အရေး ကောင်းတွေကိုကိုယ့်ဆီကလူငယ် တွေရဖို့အတွက်ကိုယ့်အနေနဲ့ လည်းစိတ်ပါဝင်စားစွာပါဝင် ဖြစ် ပါတယ်။


မေး။ ။မဖြူအနေနဲ့ရော ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်ရမှာ ဆိုတော့ အဲ့အတွက်တာဝန်ကြီး နေမလား။

ဖြေ။ ။တာဝန်ကြီးပါတယ်။ လာပြိုင်တဲ့သူတွေထဲကနေကမ္ဘာ ကျော်ဖြစ်နိုင်မယ့်သူတစ်ယောက်ကိုရှာပေးရမှာ။ရှာပေးတဲ့သူတွေ ကိုယ်တိုင်ကကမ္ဘာကျော်မဖြစ်ဖူးတဲ့ သူတွေဆိုတော့ကျွန်မတို့မှာလည်း တတ်သလောက်မှတ်သလောက် ပေါ့နော်။ကမ္ဘာကျော်လည်းတစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး။ဒါပေမယ့်ကိုယ့် နိုင်ငံကလူငယ်တွေကိုယ့်ထက်ပို ကောင်းတဲ့အခွင့်အရေးကိုရမယ်။ ကိုယ့်ထက်ပိုပြီးတော့မြင့်မားတဲ့ စင် တွေပေါ်ကိုတက်ခွင့်ရမယ်။ကိုယ့် ထက်ပိုပြီးတော့ကောင်းတဲ့ အခွင့်အရေးတွေ ဘဝမှာရရှိတော့မယ် ဆိုတာကိုကိုယ်ကစီနီယာတစ် ယောက်အနေနဲ့ဂုဏ်ယူဝမ်း မြောက်စွာနဲ့ တတ်နိုင်တဲ့ဘက် လေးကနေတတ်နိုင်တဲ့ထောင့်လေးကနေ ပါဝင် ဖြစ်တာပါ။ဖြူဖြူတို့ ဒိုင်တွေအားလုံးစဉ်းစားဆုံးဖြတ်ထားတာကတစ်ထောင့်တစ်နေရာမှာ ပိုပြီးထူးခြားထက်မြက်တဲ့ သူတစ် ယောက်ကိုအတတ်နိုင်ဆုံးသေသေ ချာချာစိစိစစ်စစ်ကလေး တော့ ရွေးချယ်ထားတယ်။အခြေခံအဆင့် တွေထဲကနေပြီးတော့ပေါ့နော်။ဘြာ့ဖစ်လို့လဲဆိုတော့သူများနိုင်ငံ ကိုထွက်သွားပြီးတဲ့အခါကျမှ နင်တို့ နိုင်ငံကဒီလောက်ပဲလားလို့ပြောခံ ရမှာစိုးပါတယ်။အဲ့အတွက် ပထမအဆင့်ကနေပြီးတော့မှတတ်သ လောက်မှတ်သလောက်သေချာ လေး ရွေးချယ်ပေးထားပါတယ်။

 

မေး။ ။ရွေးချယ်ခဲ့တဲ့သူ တွေကရောအဆိုအပြင်ဘာတွေကိုရော တတ်မြောက်ထားတဲ့သူလဲ။ ဘယ်လိုအချက်တွေကိုရွေးချယ်ခဲ့ပါလဲ။

ဖြေ။ ။ဝါသနာရှင် ၂သောင်းခွဲနီးပါးလောက်က Audition ကိုဝင်ပြိုင်ကြတယ်။ အယောက်၁၈ဝလောက်ရှိတဲ့ ထဲကနေပြီးတော့ Premier Challenge  ၇၈ ဖွဲ့ကို ရွေးချယ်ထားပါတယ်။တစ်ချို့ကျတော့လည်းအဖွဲ့လိုက်ပြိုင်ကြ တဲ့အတွက် အဖွဲ့တွေလည်းပါသလိုတစ်ယောက်ချင်းစီလည်းပါတဲ့အတွက်၇၈ဖွဲ့ လို့သုံးတာပါ။့ ၇၈ ဖွဲ့ ရွေးချယ်ခဲ့တာကိုတော့အခုလာမယ်ဧပြီ ၇ ရက် နေ့ည၉နာရီ၁၅မိနစ်မှာ MRTV-4 ကနေပြီးစထုတ်လွှင့်မယ်။ ၇၈ ဖွဲ့ကနေ ၁၂ ဖွဲ့ကိုရွေး ချယ်ပါမယ်။အဲ့ဒီ့ရွေးချယ်ခံရတဲ့ ၁၂ ဖွဲ့ကတော့မေလကျရင်ကိုရီးယား နိုင်ငံဆိုးလ်မြို့ကိုသွားပြီးတော့ Training ဆင်းရပါမယ်။ K-pop နဲ့ ပတ်သက်တဲ့အနုပညာရှင် အတတ်ပညာရှင်တွေကနေပြီး တော့သူတို့ကိုအချိန်ကာလတစ်ခု နဲ့ Training  ပေ့းမယ်။သီချင်းအဆိုပိုင်း၊အကပိုင်း ပြီး တော့ Performance  ပိုင်းရော ပေါ့။ အခုရွေးချယ်တဲ့အခါမှာတော့ ဌာန်းကရိုင်းကျကျ သီချင်းဆိုတတ်ဖို့ကတော့အဓိကကျတာပေါ့နော်။ အဝင်အထွက် မှန်တယ်။အဓိကက တော့အဲ့ဒါတွေပေါ့။ ပြီးလို့ရှိရင် နောက်တစ်ချက် အရေးကြီးတာကတော့ကမ္ဘာကျော်ဖြစ်နိုင်မယ့် အခွင့်အရေးရှိတာ ကြောင့်အနည်း ဆုံးထူးခြားမှုတစ်ခုခုရှိရမယ်။ဒါမှ မဟုတ်လို့ရှိရင်တင်ဆက်တဲ့နေရာ မှာသီဆိုတဲ့နေရာမှာလူတွေရဲ့ စိတ်နှလုံးဝိဥာဉ်ကိုဆွဲခေါ်ပြီးဆိုသွားနိုင်တဲ့ ပုံစံမျိုးနဲ့ဆွဲငင်နိုင်တဲ့ သူမျိုးလား။အဆိုရောအကရော အဲ့လိုလေးတွေ ရှိတယ်။တစ်ချို့ဆို အဆိုရော အက ရော၊ပြီးတော့ ကိုရီးယားလိုတွေ ဆိုတတ်တယ်။ အင်္ဂလိပ်လိုတွေ ဆိုတတ်တယ်။ အဲ့လိုထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်။ထူးခြားတဲ့အသံ၊ နောက်ပြီးရင် ကိုယ်ပိုင်ဟန်တစ်ခုခုကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာ ကျော်တဲ့သူတွေမှာနှစ်ယောက်ရှိတဲ့သူတွေမှမရှိတာပဲလေ ကိုနော်။ အသံကြားလိုက်တာနဲ့သူ့အသံဆိုပြီး တော့သိတဲ့သူကြီးပဲလေ။ ကိုယ့်ဆီ ကထွက်တဲ့သူတွေကိုတော့အဲ့လိုဖြစ်စေချင်တာပေါ့လေ။ အဲ့ဒီ့အတွက် လာပြိုင်တဲ့သူတွေကို သေချာအကဲဖြတ်ကြည့်တယ်။ တစ်ချို့ဆို ဘယ်လို Train  ပေးလိုက်ရင် ပြောင်မြောက် သွားမလဲ၊ ဆိုတာကိုသေချာလေး စိစစ်ပြီး တင်ပေးသင့်ရင် တင်ပေးလိုက်ပါတယ်။

 

သုသော်ဒီ 

#theyangontimes

Last modified onThursday, 20 April 2017 16:11
Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616