Main menu
HOT NEWS
adv
" ဇာတ်လမ်းပုံစံကို ကျွန်တော်ကိုယ်တိုင်လည်း မရိုက်ဖူးတာကြောင့် ထူးထူး ခြားခြားဖြစ်အောင် ဖန်တီးထားပါတယ် " ဟိန်းဝေယံ

" ဇာတ်လမ်းပုံစံကို ကျွန်တော်ကိုယ်တိုင်လည်း မရိုက်ဖူးတာကြောင့် ထူးထူး ခြားခြားဖြစ်အောင် ဖန်တီးထားပါတယ် " ဟိန်းဝေယံ

ရန်ကုန်။ ဧပြီ ၂၁

ဒါရိုက်တာအဖြစ် ပထမဦးဆုံး ရိုက်ကူးတော့မယ့် ဟိန်းဝေယံက သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ဖြန့်ချီရေးကနေ မာယာကကြိုးဆိုတဲ့ ရုပ်ရှင်ကားအတွက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးသွားမှာဖြစ်တဲ့အတွက် အင်တာဗျူးဖြစ်ခဲ့ပါတယ်။ မာယာကကြိုးဇာတ်ကားထဲမှာတော့ ဟိန်းဝေယံ၊ ဇေရဲထက်နဲ့ ရတနာဗိုတို့က အဓိကပါဝင်သွားမှာလည်းဖြစ်ပါတယ်။ 

 


မေး။ ။ ဇာတ်ကားလေးမှာ ဒါရိုက်တာအနေနဲ့ ပါဝင် ဖြစ်တဲ့ အကြောင်းလေးကို ပြောပြ ပေးပါဦး။

ဖြေ။ ။ ဇာတ်လမ်းလေးကကျွန် တော်ကိုယ်တိုင် စဉ်းစားထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းသဘောကျတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင် ကျွန်တော်စိတ်ကြိုက် ရိုက်ကူး ပုံဖော်ချင်တဲ့အတွက် ဒီကားလေးကို ဒါရိုက်တာအနေနဲ့ ကျွန်တော်ရိုက်ဖို့အတွက် စဉ်းစားဆုံးဖြတ်လိုက်တာပါ။

 

မေး။ ။ ဒါက အစ်ကိုရဲ့ ပထမဦးဆုံး ဇာတ်လမ်းလို့ ပြောရင် ရမလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဇာတ်လမ်း စဉ်းစားထားတာတော့ ၅ လ ၆ လလောက်ရှိပါပြီ။ အရင်တုန်းက စဉ်းစားဖူးတဲ့ ဇာတ်လမ်းလေးရှိပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကတော့ ကျွန်တော်စပြီး အကောင်အထည်ဖော်ဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ အရှေ့မှာစဉ်းစားထားတဲ့ ဇာတ် လမ်းလေးတွေတော့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းလေးကို သဘောကျတယ်။ ဒီကားထဲမှာ ကျွန်တော်ရယ် ဇေရဲထက်ရယ်။ ရတနာဗို၊ အန်တီမေသန်းနုတို့လည်းပါပါတယ်။

 

မေး။ ။ ဒီဇာတ်လမ်းလေးက ထူးထူးခြားခြားဖြစ်တယ်လို့လည်း သိရတယ်။ အဲ့ဒီ့အကြောင်းလေးလည်းပြောပြပေးပါဦး။
ဖြေ။ ။ ဇာတ်လမ်းပုံစံကို ကျွန်တော်ကိုယ်တိုင်လည်း မရိုက်ဖူးတာကြောင့် ထူးထူး ခြားခြားဖြစ်အောင် ဖန်တီးထားပါတယ်။

 

မေး။ ။ ဘယ်လို Message  မျိုးပေးချင်တာလဲ။

ဖြေ။ ။ ဘယ် ကိစ္စမျိုးမဆို အငြိုးထားပြီး ကလဲ့စားချေ။ လက်တုံ့ပြန်တာ မကောင်းဘူး မဖြစ်သင့်ဘူးဆိုတာကိုပြောချင်တာပါ။


မေး။ ။ ဇေရဲထက် ကာရိုက်တာက ဖြတ်ဖောက်ချုပ်လို့လည်းသိရတယ်။သူနဲ့ ရိုက်ဖြစ်ဖို့ဘယ်လိုစိတ်ကူး မိတာလဲ။

ဖြေ။ ။ ဒီဇာတ်လမ်းလေးကို ဇေရဲထက်လည်း အရမ်းသဘောကျပါတယ်။ ဒီကားလေးကို သူကိုယ်တိုင်ကလည်း ရိုက်ဖို့အတွက်လက်ခံခဲ့ပါတယ်။ ကျွန်တော်ကသူ့ကို ဘာလို့ရွေးဖြစ်တာလဲဆိုတော့ ကျွန်တော်ကဖြတ်ဖောက်ချုပ်ကာ ရိုက်တာကို စဉ်းစားထားတယ်။ကျွန်တော့် မျက်စိထဲမှာ ဇေရဲထက်နဲ့က တော်တော်လေး အဆင်ပြေနေတယ်။ သူနဲ့လိုက်ဖက်မယ်လို့ ကျွန် တော်ထင်တဲ့အတွက် ကြောင့်လည်းသူ့ကိုရွေးချယ် ဖြစ်တာပါ။

 

မေး။ ။ ကိုယ်တိုင် သူများကို ညွှန်ကြားရတော့မှာဆိုတော့ ဘယ်လောက်တာဝန်ကြီးနေမလဲ။
ဖြေ။ ။ ကျွန်တော့်မှာ အများကြီး တာဝန်ရှိနေပါတယ်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကတော့ ကျွန်တော့်မှာတာဝန်တွေ ရှိလာပြီ။ တစ်ကားလုံးကို ကျွန်တော် ဦးဆောင်ရတော့မှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ စိတ်လှုပ်ရှားမှု ဖြစ်မိပါတယ်။ကျွန်တော့်အနေနဲ့ အများကြီးပြင်ဆင် လေ့လာထားပါတယ်။

 

သုသော်ဒီ 

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616