Main menu
HOT NEWS
adv
အနုပညာ ပျိုးခင်းက ဆရာတွေ မိမိကို တော်တော် သင်ပေးခဲ့ရတယ်လို့ ဆိုတဲ့ ရတနာဗိုလ်

အနုပညာ ပျိုးခင်းက ဆရာတွေ မိမိကို တော်တော် သင်ပေးခဲ့ရတယ်လို့ ဆိုတဲ့ ရတနာဗိုလ်

မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မည့် ရတနာဗိုလ်က မိမိအား သရုပ်ဆောင် အတက်ပညာသင်ကြား ပို့ချပေးသော အနုပညာမျိုးခင်းက ဆရာတွေအနေနဲ့ သရုပ်ဆောင်မှု အပိုင်းများကို တော်တော်သင်ပေးခဲ့ရတယ်လို့ သူမက ပြောပါတယ်။ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်၊ ဒါရိုက်တာ ဟိန်းဝေယံ၊ ဇေရဲထက်တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ အကြောင်းကို ရတနာဗိုလ်က "ဇာတ်လမ်းလေးကလည်း ဆန်းတယ်၊ ကိုဟိန်းဝေယံရဲ့ ပထမဆုံးသရုပ်ဆောင်လုပ်မယ့် ဇာတ်ကားကြီးလည်း ဖြစ်တယ်၊ ယုံလည်းယုံကြည်တဲ့အတွက် ရိုက်ကူးဖို့  လက်ခံဖြစ်ခဲ့တာပါ။ ဇာတ်ကားထဲမှာ ခပ်ဟော့ဟော့ ကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ” လို့ ပြောပါတယ်။

အနုပညာပျိုးခင်းရဲ့  စင်တင်မင်းသမီး တစ်ဦးလည်းဖြစ်တဲ့ သူမက ပျိုးခင်းနဲ့ပတ်သတ်ပြီး အမှတ်တရတွေကိုလည်း ဆက်လက် ပြောပြခဲ့ပါတယ်။ “ဇာတ်ကားတွေရိုက်တိုင်း ဆရာတွေကို တိုင်ပင်ဖြစ်တယ်။ သူတို့က ကောင်းတယ်ရိုက် စသည်ဖြင့် အကြံဥာဏ် ပေးပါတယ်။ အခုနောက်ပိုင်းတော့ ဆရာတွေ မအားရင် သူတို့က ကိုယ်နဲ့သင့်တော်မယ့် ဇာတ်ကားဆိုရင် ဆရာ တွေက ရိုက်ခွင့်ပြုတယ်။ အခုဆို အနုပညာပျိုးခင်းနဲ့ စာချုပ်ချုပ်တာ လာမယ့် ၁၁ လပိုင်းဆိုရင် သုံးနှစ်ပြည့်ပါပြီ။ ပျိုးခင်းမှာ စအရွေးခံရတုန်းက MTV လောက်ပဲ ရိုက်ဖူးသေးတယ်။ ဇာတ်ကားဆိုရင်လည်း နှစ်ကားလောက် ရိုက်ဖူးပေမယ့် နေရာသိပ်မရခဲ့ဘူး၊ ပျိုးခင်းမှာ ရွေးချယ်ခံရတော့ ကိုယ်က ထုံလည်းထုံ အေးလည်း အေးတော့ ဆရာတွေက တော်တော်သင်ယူရတယ်။ အခုတော့အနုပညာလုပ်ရတာ အဆင်ပြေလာတယ်။ ပျော်လည်း ပျော်လာပါတယ်၊ကိုယ့်ရဲ့  အနုပညာမောင်နှမတွေ အားလုံးနဲ့ရင်းနှီးသွားပြီး ကိုယ့်အတွက် ပိုအဆင်ပြေ လာပါတယ်” ဟု ရတနာဗိုလ်က ပြောပါတယ်။ သရုပ်ဆောင် ရတနာဗိုလ်အား မာယာကကြိုး ဇာတ်ကားကြီး ရိုက်ကူးမှုအပြီးမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဇာတ်ကားကြီးကို ဒါရိုက်တာဝိုင်းနဲ့ ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

သုသော်ဒီ

#theflowernews

Rate this item
(2 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191