Main menu
HOT NEWS
adv
ဇာတ်ကားကြီးတွေ ရိုက်ကူးတော့မယ့် အဆိုတော် X box

ဇာတ်ကားကြီးတွေ ရိုက်ကူးတော့မယ့် အဆိုတော် X box

အဆိုတော် Xbox  ရဲ့ 9 Album DVD Karaoke က သူ့မွေးနေ့ မေ ၂ဝ ရက်မှာ ထွက်ရှိမှာဖြစ်ပြီး Junction Square Outdoor Area မှာ ပရိုမိုးရှင်း ပြုလုပ်သွားမယ်လို့သိရပါတယ်။ သီချင်းပိုင်းအပြင် ဇာတ်ကားရိုက်ကူးမှုတွေပါ စီစဉ်ဖြစ်တော့မယ့်အကြောင်းကို...

 

''အဓိက,ကတော့ အခွင့်အရေးထက် စိန်ခေါ်မှုတစ်ခုပါ။ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိပါတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ စရိုက်ရယ်၊ အပြင်ကဖြစ်ရပ်နဲ့ သိပ်မကွာတဲ့ပုံစံက ဘယ်လိုလဲဆိုတာ ကြည့်ချင်ပါတယ်။ ကိုယ့်အကြောင်းကို ပြန်လည်ရိုက်ပြီး ပြန်ကြည့်တဲ့ အိပ်မက်တစ်ခုကို ရှိပါတယ်။ ကိုယ်တိုင်ကြိုးစားပြီး ငိုတာတွေ၊ ရယ်တာတွေ၊ ကိုယ်သရုပ်ဆောင်တာကို ပြန်ကြည့်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်''လို့ XBox က ပြောပြပါတယ်။


XBox အနေနဲ့ လက်ရှိမှာ MBC ထုတ်လုပ်ရေးကုမ္ပဏီနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား၊ ဗီဒီယိုငါးကား ရိုက်ကူးဖို့ စာချုပ်ချုပ်ထားတယ်လို့သိရပါတယ်။ ရုပ်ရှင်ကို ပထမဦးဆုံး စတင်ရိုက်ကူးမှာဖြစ်ပြီး ရုပ်ရှင်ပြီးတာနဲ့ ဗီဒီယိုဇာတ်ကားတွေ ထပ်ရိုက်မယ်လို့ သူကဆိုပါတယ်။ ''ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ဘယ်သူဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး''လို့  X Box ဆိုပါတယ်။ 9 Album ကို ရန်ကုန်မှာသာမက မန္တလေးနဲ့ စင်ကာပူတို့မှာပါ ပရိသတ်တွေနဲ့ တွေ့ဆုံ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

 

နွယ်ဏီ

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616