Main menu
HOT NEWS
adv
အမှန်တရားနဲ့ဂုဏ်သိက္ခာ အတွက် အမှုကိုရင်ဆိုင်နေတာပါ~ စည်သူမောင်

အမှန်တရားနဲ့ဂုဏ်သိက္ခာ အတွက် အမှုကိုရင်ဆိုင်နေတာပါ~ စည်သူမောင်

သရုပ်ဆောင် စည်သူမောင် ဟာ လက်ရှိမှာ သူရဲ့ဇနီးဟောင်း ဖြစ်သူစွဲဆိုထားတဲ့ အမှုကို တရား ဘောင်ကနေ ရင်ဆိုင်နေရဆဲလို့ သိရပါတယ်။ ''အမှုစပြီး ရင်ဆိုင်ရ တာ ခြောက်လကျော်ပြီ။ သူ့ဘက်က သက်သေထွက်ဆိုချက်တွေအားလုံး စစ်ဆေးပြီးတဲ့အချိန်မှာ ကျွန်တော့် ဘက်ကိုစပြီး စစ်ဆေးတယ်။ ပြီးခဲ့တဲ့ (၇)ရက်နေ့က တောင်ဥက္ကလာပ တရားရုံးမှာ ကျွန်တော့်အပေါ်စွပ်စွဲ ထားတဲ့ စွပ်စွဲချက်တွေကို အမှန်အ တိုင်းဖြစ်အောင် ထွက်ဆိုချက်သွား ပေးတယ်။

ပရိသတ်တွေက စိုးရိမ်တဲ့ ပရိသတ်တွေရှိတယ်။ စောင့်ကြည့် နေတဲ့ပရိသတ်တွေရှိတယ်။ ကျွန် တော့်ကို ကြည့်မရဘဲဖြစ်သွားလည်း အေးတာပဲဆိုတဲ့ လူတွေလည်းရှိ ကောင်းရှိမှာပါ။ လူဆိုတာ ကိုယ့်ကို ချစ်တဲ့လူလည်းရှိသလို မုန်းတဲ့လူ လည်းရှိတယ်။ အဓိက ကျွန်တော့် မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်း ပတ်ဝန်း ကျင်အသိုင်းအဝိုင်းနဲ့ ကျွန်တော့်ကို ယုံကြည်တဲ့ပရိသတ်တွေရှိတယ်။ ကျွန်တော်ဒီလို ယောက်ျားမျိုးမ ဟုတ်ဘူးဆိုတာ ယုံကြည်ပြီး ကျွန် တော့်ဘက်က ရပ်တည်တဲ့လူတွေ အတွက်၊ အမှန်တရားအတွက်၊ ဂုဏ် သိက္ခာအတွက် ဒီအမှုကို ရင်ဆိုနေ တာပါ။

တစ်ဖက်သားအပေါ်မှာ ချစ်တာတွေ၊ မုန်းတာတွေမရှိတော့ ပါဘူး။ သူပြောတဲ့အရာတွေ၊ သူလုပ် တဲ့အရာတွေသည် သူမှန်ရင်သူ့အ တွက် အကျိုးရှိမှာပါ။ သူမှားရင် လည်း သူ့အတွက်ပဲအကျိုးယုတ်မှာ ပါ။ ကျွန်တော်မှားလည်း ကျွန်တော် ပဲခံရမှာ။ ကျွန်တော်မှန်ရင်လည်း မှန်ကန်တဲ့အကျိုးတရားကို ခံစားရ မှာပါ။ တရားက နတ်စောင့်ပါတယ်။ ကျွန်တော့်ဘက်က အမှန်အတိုင်း ဖြစ်သွားအောင်ပဲ ဒီအမှုကို ဆက်ပြီး ရင်ဆိုင်သွားမှာပါ။ အဓိက ကျွန် တော့် ဂုဏ်သိက္ခာအတွက်၊ အမှန် တရားအတွက်ကိုပဲ ဆက်သွားနေမှာ ပါ။ လတ်တလော တရုတ်ဇာတ် လမ်းတွဲတစ်ခုကို အသံသရုပ်ဆောင် အဖြစ် ပါဝင်နေတယ်။

MHK 

 

အနုပညာသတင်းများအား ဆက်လက်ဖတ်ရှုလိုပါက Celcebrities 8DAYS a Week - Jounral တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191