Main menu
HOT NEWS
adv
မျက်နှာသစ် သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသော 'ည' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မည်

မျက်နှာသစ် သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသော 'ည' ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မည်

ရန်ကုန်၊ ဇူလိုင် ၁၆

မျက်နှာသစ် သရုပ်ဆောင်များခေါင်းဆောင်ကာ ဆိုက်ကို ဒရာမာဆန်ဆန်ရိုက်ကူးထားသည့် 'ည' ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်ရုံတင်ပြသတော့မည်ဖြစ် ပြီး ယင်းရုပ်ရှင်ဇာတ်ကားကြီး Press Show ကို ဇူလိုင် ၁၆ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ ပြသခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်ကားကြီးမှာ April Fool နေ့တွင် စနောက်ရာမှ မထင်မှတ်ဘဲဖြစ်ပေါ်ခဲ့သောအဖြစ်ဆိုး တစ်ခုကြောင့် လူသေမှုတစ်ခုနှင့်ကြုံ လိုက်ရသော သူငယ်ချင်းတစ်စု၊ ညဘက်ကားထဲတွင် ချိန်းတွေ့ရာမှ လွန် လွန်ကြူးကြူးဖြစ်သွားသည်ကို ဗီဒီယို ခိုးရိုက်ခြင်းခံလိုက်ရသော စုံတွဲတစ်တွဲ၊ လူတွေရဲ့ အားနည်းချက်ကြောင့် ဘဝကိုအဆုံးသတ်ဖို့စဉ်းစားလိုက်တဲ့ကောင်မလေးနဲ့ သူမကိုကယ်တင်လိုက်တဲ့ ကောင်လေးတစ်ယောက်၊ ယင်းအဖြစ်အပျက်များကိုချိတ်ဆက် လိုက်ရာမှဖြစ်ပေါ်လာသောအကြောင်းအရာများကို ရိုက်ကူးထားခြင်းဖြစ် ကြောင်း သိရသည်။


'ည'ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးမှ ရိုက်ကူးပုံဖော်ထားပြီး မျက်နှာသစ်သရုပ် ဆောင်များဖြစ်ကြသော ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ ငြိမ်း သော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုနှင့် မြတ်နိုးအေးတို့မှပါဝင်သရုပ်ဆောင် ထားခြင်းဖြစ်ရာ ယင်းရုပ်ရှင်ဇာတ်ကား နှင့်ပတ်သက်၍ ဇာတ်ကားတွင်ပါဝင်ထားသောသရုပ်ဆောင်အချို့ကို အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါသည်။


ဒါရိုက်တာ ထူးပိုင်ဇော်ဦး

''ကျွန်တော်ဒီဇာတ်ကားရိုက်ကူးတဲ့နေရာမှာ ဗီဒီယိုကွဲထွက်ချင်တယ်။ ကျွန်တော်လိုဒါရိုက်တာအသစ်တစ် ယောက်အနေနဲ့ထွက်လာရင်လည်း ပရိသတ်အားပေးမှုက ဘယ်လောက်မှရှိမှာ မဟုတ်ဘူးလေ။ ပရိသတ်အား ပေးမှုကိုထိုက်ထိုက်တန်တန်ရချင်တယ်။ ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းအရကိုက သရုပ်ဆောင်အသစ်တွေနဲ့ရိုက်တာပိုအဆင်ပြေမှာဖြစ်တဲ့အတွက် သရုပ်ဆောင်အသစ်တွေကို ရွေးချယ်ပြီးတော့ ရိုက်ကူးဖြစ်ခဲ့တာပါ။ သရုပ်ဆောင်အသစ်တွေနဲ့ရိုက်ဖို့ပဲ စဉ်းစားခဲ့တယ်။ ဈေးကွက်အခြေအနေကို မစဉ်းစားထားဘူး။ သရုပ် ဆောင်အသစ်တွေဖြစ်ပေမယ့်လည်း သူတို့တွေလည်းအရမ်းကိုကြိုးစား ထားတယ်ဆိုတာ ကျွန်တော်ကတော့ အပြည့်အဝကို အာမခံပါတယ်။ ပရိသတ်တွေလာကြည့်ပြီးတော့ ကြိုက်ကြမယ်လို့တော့ ယုံကြည်ပါတယ်''


သရုပ်ဆောင် အောင်ရဲထိုက်

''ဒီဇာတ်ကားမှာ ကျွန်တော်တို့ တွေ အားလုံးက မျက်နှာသစ်တွေဖြစ်တဲ့အတွက် ဒီဇာတ်ကားမှာပါဝင်ဖို့အတွက်ကို Training  တွေလည်းဆင်းရတယ်။ ရိုက်ကူးချိန်ကလည်းများတယ်။ အသစ်တွေပဲဖြစ်တဲ့အတွက် ရိုက်ကူးတဲ့အချိန်မှာလည်းအခက် အခဲတွေကြုံခဲ့ရတယ်။ ကျွန်တော်လုပ်ရတဲ့၊ ပါဝင်ရတဲ့အခန်းကဏ္ဍကို ကြိုက်တယ်။ ကာရိုက်တာအရ ဖော်ပြလို့မရဘဲ စိတ်ထဲမှာရှုပ်ထွေး နေရတဲ့ပုံစံမျိုး ကာရိုက်တာဆိုတော့ ကြိုက်တယ်''


သရုပ်ဆောင် နန်းထရေစီ

''ဒီဇာတ်ကားစရိုက်တုန်းက ညီမက ၁ဝ တန်းပဲရှိသေးတယ်။ ဒီဇာတ်ကားမှာပါဝင်ရတဲ့ ကာရိုက်တာ တွေကို ဒါရိုက်တာကရွေးချယ်ပေးခဲ့တာပေါ့နော်။ ညီမပါဝင်ရတဲ့ကာရိုက်တာက အဲဒီနေရာဖြစ်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ညီမက ဒီအဖွဲ့ထဲမှာ ခေါင်းဆောင်အနေနဲ့တော့မဟုတ်ပါဘူး။ အလယ်ကနေပြီးတော့ ပေါ်လာတဲ့သူပေါ့နော်။ ညီမတို့ဘက်က တော့ မျက်နှာသစ်သရုပ်ဆောင်တွေ ဖြစ်ပေမယ့်လည်း အကောင်းဆုံးဖြစ် အောင်ကြိုးစားထားတာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှု ဘယ်လိုရှိလဲဆိုတာကို ရင်ခုန်နေပါတယ်'' 

 

NN

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191