Main menu
HOT NEWS
adv
သည်းထိတ်ရင်ဖို ရုပ်ရှင်မှာ ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ Apink အဖွဲ့ဝင် ဆုန်းနာအွန်း

သည်းထိတ်ရင်ဖို ရုပ်ရှင်မှာ ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ Apink အဖွဲ့ဝင် ဆုန်းနာအွန်း

ဆိုးလ်၊ စက်တင်ဘာ ၁၉

Apink အဖွဲ့ဝင် ဆုန်းနာအွန်းသည် ငါးနှစ်အတွင်း ပထမဆုံးရုပ်ရှင်ရိုက်ကူးမည့်အနေဖြင့် မကြာမီရိုက်ကူးတော့မည့် Woman's Wail ရုပ်ရှင်တွင် ပါဝင်တော့မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်ဟုသိရသည်။  ၎င်းကို အဆိုပါရုပ်ရှင်တွင် ပါဝင်ရန်အတွက် ကမ်းလှမ်းခဲ့ကြောင်း စက်တင်ဘာ ၁၇ရက်တွင် ကနဦးသတင်းများထွက်ပေါ်လာခဲ့သည်။ Plan  အင်တာတိန်းမန့်က ယင်းဇာတ်ရုပ်တွင် ပါဝင်မည် ဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။


ယင်းအင်တာတိန်းမန့်က ''နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်ခြင်းနဲ့အတူ ရုပ်ရှင်မှာ ပါဝင်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက် ပေါ်မှာ ကျွန်တော်တို့ လက်ရှိမှာတော့ နောက်ဆုံးဆွေးနွေးမှုတွေကို လုပ် ဆောင်နေပါပြီ''ဟု ပြောကြားခဲ့သည်။ Woman's Wail ရုပ်ရှင်သည် ၁၉၈၆ခုနှစ်တွင် နာမည်ကျော်ခဲ့သည့် နာမည်တူရုပ်ရှင်ကို ပြန်လည်ရိုက်ကူးရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။ ဆုန်းနာအွန်းသည် ၂ဝ၁၂ခုနှစ်တွင် Marrying the Mafia V ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ပြီး ငါးနှစ်အကြာတွင် ရုပ်ရှင်လောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်းလည်းဖြစ်သည်။


ယခင်က ဇာတ်ပို့အဖြစ် သရုပ်ဆောင်ခဲ့ဖူး သော်လည်း ယခုတစ်ကြိမ်တွင် အဓိကဇာတ်ကောင် နေရာမှ ပါဝင်သရုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ မင်းသမီး ပတ်ဂျင်ဟီးသည်လည်း ဆုန်းနာအွန်းနှင့် အတူ တွဲဖက်ပါဝင်ရန် ဆွေးနွေးနေကြောင်းနှင့် မင်းသမီးအနေဖြင့် ကမ်းလှမ်းမှုကိုလက်ခံခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်း Jellyfish  အင်တာတိန်းမန့်က ပြောကြားခဲ့သည်။ Woman's Wail  ရုပ်ရှင်ကို ၂ဝ၁၈ခုနှစ် ပထမနှစ် ဝက်ကာလတွင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားသည်။

 

Ref: Soompi

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191