Main menu
HOT NEWS
adv
ကွယ်လွန်သူ ချက်စ်တာ ဘန်နင်တန် အတွက် ဂုဏ်ပြုဖျော်ဖြေပွဲကို Linkin Park အဖွဲ့ကြေညာ

ကွယ်လွန်သူ ချက်စ်တာ ဘန်နင်တန် အတွက် ဂုဏ်ပြုဖျော်ဖြေပွဲကို Linkin Park အဖွဲ့ကြေညာ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၉

ပြီးခဲ့သည့်ဇူလိုင် ၂ဝရက်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော ဦးဆောင်အဆိုတော် ချက်စ်တာဘန်နင်တန်ကိုဂုဏ်ပြုမည့် အထူးဖျော် ဖြေပွဲတစ်ခုကို Linkin Park အဖွဲ့ ကကြေညာလိုက်ကြောင်းသိရသည်။ တစ်ညတာဖျော်ဖြေမည့်ပွဲကို လာမည့်အောက်တိုဘာ ၂၇ရက် သော ကြာနေ့တွင် လော့စ်အိန်ဂျလိစ်မြို့ ရှိ Hollywood Bowl ၌ ကျင်းပမည်ဖြစ်သည်။ အဖွဲ့၏ဝက်ဘ်ဆိုက် တွင်ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရ ကမ္ဘာတစ်ဝန်းမှ လူများစွာနှင့်ထိတွေ့ခဲ့သော အမျိုးသားတစ်ဦးကို ဂုဏ်ပြုသည့် ဖျော်ဖြေပွဲအတွက် ၎င်းတို့နှင့်အတူ အခြားအနုပညာရှင်များပါ ပါဝင်မည်ဟု သိရသည်။


အဖွဲ့ဝင်များကလည်း ပွဲမှရရှိ သော ငွေကြေးများကို Music For Relief's One More Light Fun သို့ ချက်စ်တာကို အောက်မေ့သတိရသည့်အနေဖြင့် လှူဒါန်းမည်ဖြစ် ကြောင်းသိရသည်။  လက်မှတ်များကို စက်တင်ဘာ ၁၉ရက်မှစတင်ကာ ကြိုတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၂၂ရက် မှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချမည်ဟုဆိုသည်။ ဘန်မင်တန်သည် ပြီးခဲ့သည့် ဇူလိုင်၂ဝရက် တွင် အသက်(၄၁)နှစ်အရွယ်၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ် သည်။ ၎င်း၏အလောင်းကို ကယ်လီ ဖိုးနီးယားပြည်နယ် ပါလို့စ်ဗာဒက်စ် မြို့ရှိ ၎င်း၏နေအိမ်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် ကလေးခြောက်ဦးနှင့် ဇနီးတစ်ဦးကျန်ရစ်ခဲ့သည်။

 

Ref: PTI

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191