Main menu
HOT NEWS
adv
သီချင်းစာသား ခိုးယူခဲ့တယ်ဆိုပြီး  တရားစွဲခံလိုက်ရတဲ့ တေလာဆွစ်ဖ်

သီချင်းစာသား ခိုးယူခဲ့တယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ တေလာဆွစ်ဖ်

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၁၉

နာမည်ကျော် အဆိုတော်တေလာဆွစ်ဖ်သည် ၂ဝ၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သော 'Shake It Off' သီချင်းတွင် စာသားများကို ကူးယူအသုံးပြုခဲ့သည်ဟုဆိုကာ သီချင်းရေးဆရာနှစ်ဦးက တရားစွဲဆိုခဲ့ကြောင်း သိရသည်။ အသက် ၂၇ နှစ်အရွယ် အဆိုတော်ဆွစ်ဖ်ကို သီချင်းရေးဆရာနှစ်ဦးဖြစ်သည့် ရှောင်ဟောလ်နှင့် နက်သန်ဘတ်တ်တို့က ၂ဝ၁၄ ခုနှစ်တွင်ထွက်ရှိခဲ့သော သီချင်းမှာ မူရင်းသီချင်းမဟုတ်ဘဲ ၂ဝဝ၁ခုနှစ်ကထွက်ရှိခဲ့သည့် 3LW အမည်ရှိ မိန်းကလေးအေဖွဲ့တစ်ခုက သီဆိုခဲ့သော 'Playas Gon' Play' သီချင်းမှစာသားများကို ကူးယူခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားလာခြင်းဖြစ်ကြောင်း TMZ  သတင်းတွင် ဖော်ပြသည်။


မက်စ်မာတင်၊ ရှဲလ်ဘတ်တို့နှင့်အတူ သီချင်းကို ပူးတွဲရေးသားခဲ့သော တေလာဆွစ်ဖ်ကိုယ်စားပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါ တရားစွဲဆိုမှုမှာ အခြေအမြစ်မရှိဘဲ ငွေညှစ်လို၍သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်က ''ဒါဟာ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်ဖြစ်ပြီး ငွေညှစ်တာသက်သက်သာဖြစ်ပါတယ်။ ဥပဒေအရ ရိုးရှင်းပြီး ရှင်းလင်းပါတယ်။ သူတို့မှာ ခိုင်မာတဲ့အကြောင်းပြချက် မရှိပါဘူး''ဟု ပြောကြားခဲ့သည်။  သီချင်းနှင့်ပတ်သက်၍ တရားစွဲဆိုခံရမှုမှာ တေလာဆွစ်ဖ်အတွက် ယခုတစ်ကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ် နိုဝင်ဘာလတွင်လည်း ကယ်လီဖိုးနီးယား ပြည်နယ်ရှိ တရားသူကြီးတစ်ဦးက အဆိုတော်ဂျက်ဆီဂရေဟမ် ဆိုသူက ၎င်း၏ သီချင်းကို တေလာဆွစ်ဖ်က ခိုးယူခဲ့သည်ဟုဆိုကာ နစ်နာကြေးဒေါ်လာ ၄၂သန်း တောင်းခံမှုကို ပယ်ချခဲ့သည်။


Ref: Contactmusic

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191