Main menu
HOT NEWS
adv

ရန်ဖြစ်ရင် ချစ်သူကစချော့ တယ် ~ ဧငြိမ်းဖြူ

ရဲရင့်အောင်နဲ့အချစ်ရေးကို ပ ရိသတ်တွေ စိတ်ဝင်စားတဲ့အပေါ် အဓိကက ညီမတို့ကအရင်ကတည်း က သိတဲ့လူတွေဆိုတော့ သူ့အ ကြောင်းလည်း ညီမကသိတယ်။

သူ ဘယ်လိုမျိုးဖြစ်ခဲ့တယ်ဆိုတာ သိတဲ့ အတွက် ထွေထွေထူးထူး စိတ်ထဲမှာ မရှိပါဘူး။ အစပိုင်းကတော့ သူ့  Fan  က ကောင်မလေးတွေများတော့ သဘောမကျပေမယ့် နောက်ပိုင်းကျ တော့ ညီမကိုသူ့ပရိသတ်တွေက ချစ်လာကြတယ်။ သူကအရမ်းသဝန် တိုတယ်။ သူသဝန်တိုလို့ စိတ်ညစ် ရတာမျိုးမရှိပါဘူး။ ချစ်သူဖြစ်စကလို မဟုတ်ဘဲ ဝေဖန်မှုတွေ ငြိမ်သွားတဲ့ အပေါ် ဘယ်လိုခံစားရလဲဆိုရင် အဓိကက သူတို့ချစ်တဲ့ Idol က တခြား ကောင်မလေးနဲ့ ကြိုက်သွားတယ်ဆို တော့ သူတို့ တအားဖီလင်ဖြစ်တယ်။ ညီမကို လေ့လာတယ်။ ဒီကောင်မ လေးက ဘယ်လိုလဲပေါ့။ နောက်ပိုင်း သူ့ပရိသတ်တွေလည်း ညီမကို ချစ် သွားကြတယ်။

ဝေဖန်မှုတွေနဲ့ ကြုံ ခါစ ဘယ်လိုခံစားရလဲဆိုရင် တစ်ခါ မှ အဲဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေ မရှိ ခဲ့ဘူး။ ပထမဆုံး ပရိသတ်တွေဆီက တိုက်ခိုက်ခံရတဲ့အချိန် အရမ်း စိတ် မကောင်းဖြစ်တယ်။ အစကဆို လုံးဝ ခံနိုင်ရည်မရှိဘူး။ ဒါပေမဲ့ ကိုယ်မှား တာမဟုတ်တဲ့အတွက် ကိုယ်မှန်တဲ့ ဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ကိုယ့် စိတ်ကိုယ် လိပ်ပြာလုံတဲ့ အနေနဲ့ပဲ နေလိုက်တယ်။ အနုပညာရှင်တိုင်း က ဝေဖန်တိုက်ခိုက်ခံရမှာပဲ။ ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။

မနာလိုလို့ဖြစ်စေ ပြောမှာပဲ။ သူက အနုပညာအလုပ်ကိုတော့ သဝန်မ တိုဘူး။ ရန်ဖြစ်ရင်သူကပဲ စချော့ တယ်။ ဘယ်သူမှန်မှန်၊ မှားမှား (၂၄) နာရီပြည့်အောင် မခေါ်ဘဲ မနေနိုင် ဘူး။ ချစ်သူဖြစ်ခါစက အများကြီး ညှိခဲ့ရတယ်။ သူ့စိတ်လည်း ကိုယ်မ သိ။ ကိုယ့်စိတ်လည်းသူမသိ။ နောက် ပိုင်း တဖြည်းဖြည်း မပြောဘဲသိလာ တော့ ပိုနားလည်လာတယ်။

 

MHK

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191