Main menu
HOT NEWS
adv
ရန်ကုန်တက္ကသိုလ် ရန်ပုံငွေအတွက် ဝါရင့် အဆိုရှင်တွေပါဝင်တဲ့  တက္ကသိုလ် သီချင်းဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ဖို့စီစဉ်နေတဲ့  ဒါရိုက်တာ သီတာလင်း

ရန်ကုန်တက္ကသိုလ် ရန်ပုံငွေအတွက် ဝါရင့် အဆိုရှင်တွေပါဝင်တဲ့ တက္ကသိုလ် သီချင်းဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ဖို့စီစဉ်နေတဲ့ ဒါရိုက်တာ သီတာလင်း

ရန်ကုန်တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးဖြစ်သူ ဒါရိုက်တာသီတာလင်းက တက္ကသိုလ်ရန်ပုံငွေအတွက် ဝါရင့်အဆိုရှင်တွေပါဝင်တဲ့ တက္ကသိုလ်သီချင်း ဖျော်ဖြေပွဲတစ်ပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့အကြောင်း ဒီမိုကရေစီတူဒေးကို အခုလိုပဲပြောပါတယ်။


''တက္ကသိုလ်သီချင်း တွေပဲ ဖျော်ဖြေမယ့်ပွဲလေး တစ်ပွဲလည်းလုပ်နေပါ တယ်။ အမျိုးသားက ဇာတ်ရုံမှာ နိုဝင်ဘာလ ၁၈ ရက်မှာ လုပ်မှာပါ။ အဆိုတော်တွေကတော့ ကိုင်ဇာ၊ မေဆွိ၊ မေခလာ၊ ဟေမာနေဝင်း၊ အောင်ထက်၊ နီနီခင်ဇော် နောက်အခြားအဆို တော်တွေလည်း အများကြီးပါဝင်မှာဖြစ်ပါတယ်။ လုပ်ဖြစ်တာက တော့ ရန်ကုန်တက္ကသိုလ်အတွက် ရန်ပုံငွေရှာတာလည်းဖြစ်တယ်။ နောက်တစ်ခုက ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်ကဖြစ်တယ်။ ကိုယ်ချစ်တဲ့ တက္ကသိုလ်ကို ဘာတွေလုပ်ပေးနိုင်မလဲစဉ်းစားတယ်။ တက္ကသိုလ်သီချင်းဆို အကုန်စုဆောင်းထားတယ်။ ဒီသီချင်းတွေကို ပရိသတ်တွေများ တစုတစည်းတည်းခံစားရရင် ပျော်မှာပဲဆိုတဲ့ စိတ်နဲ့လုပ်ဖြစ်တာပါ။သီချင်းတွေကတော့ စုစုပေါင်း ၅၄ ပုဒ်ဖြစ်ပါတယ်။ ဖျော်ဖြေမှာကတော့ တစ်ရက်တည်းပါပဲ''လို့ ပြောပြခဲ့ပါတယ်။


လတ်တလောမှာ တောင်ပြုန်းကနတ်ရိုးရာနောက်ခံ'မိရိုးဖလာ' ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ ''အခုလတ်တလောကတော့ 'မိရိုးဖလာ'ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်ရန်အောင်၊ ကျော်ရဲအောင်၊ ရဲအောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ မျိုးမျိုးခိုင်၊ နောက် Laurel Art Academy သင်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူ တွေနဲ့ရိုက်ကူးနေပါတယ်။ ဇာတ်ကတော့ တောင်ပြုန်း ကရိုးရာယဉ်ကျေးမှုတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာကကိုယ်တိုင်ပါပဲ''လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ဒါရိုက်တာသီတာလင်းရဲ့သမီးများဖြစ်တဲ့ သရုပ်ဆောင် စောယုနန္ဒာနဲ့ ဧငြိမ်း ဖြူတို့လည်း ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။


သမီးတွေနဲ့ပတ်သက်ပြီး တော့လည်း ''သူတို့တွေကို ကာ ရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်အောင် လေ့ကျင့်သင်ကြားပေးတယ်။ အရင်ကလည်း သူတို့ တွေကက်ဆက်ခွေဇာတ်လမ်းတွေမှာ သရုပ်ဆောင်တယ်။ နောက်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့အတွေ့အကြုံလေးတွေ တော့ရှိပါတယ်။ စောယုနန္ဒာရဲ့ကာရိုက်တာတော့ စိုးမြတ်သူဇာ၊ မေသန်းနုတို့ရဲ့မျိုးဆက်ကဖြစ်တယ်။ ဧငြိမ်းဖြူကလည်း သူတို့ ရဲ့မျိုးဆက်ကပဲ။ ဒါပေမဲ့နိုင်ငံခြား ကလူနဲ့အိမ်ထောင်ကျပြီး ဟိုမှာသွားနေတယ်။ ပြီးတော့ ဒီကိုပြန်လာပြီး တောင်ပြုန်းက ယဉ်ကျေးမှုတွေ၊ သမိုင်းတွေကို စာတမ်းပြုစုတဲ့ သူတစ်ယောက်ရဲ့ကာရိုက်တာကနေ သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားပြီးသွားရင်တော့သူတို့ကို အခြားသောဒါရိုက်တာတွေနဲ့ ရိုက်ခိုင်းမှာဖြစ်ပါတယ်''လို့ ပြောပါတယ်။


KZYH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191