Main menu
HOT NEWS
adv
ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ရန်  နယ်ရိုက်ကူးရေး ပြုလုပ်နေသည့် အနုပညာရှင်များ ကြိုတင်မဲပေး

ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ရန် နယ်ရိုက်ကူးရေး ပြုလုပ်နေသည့် အနုပညာရှင်များ ကြိုတင်မဲပေး

ရန်ကုန်၊ စက်တင်ဘာ၂၂

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင် သစ် ရွေးချယ်မည့်နေ့တွင် နယ်ထွက်ရိုက်ကူးရေးပြုလုပ်နေသော အနုပညာရှင်များအတွက် ကြိုတင်မဲပေးမှုများ ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။ အဆိုပါ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်မည့်နေ့တွင် နယ်ထွက်ရိုက် ကူးရေး ပြုလုပ်နေသော အနုပညာရှင်များအနေဖြင့် မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရန်အတွက် ယခုကဲ့သို့ ကြို တင်မဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


''နယ်ထွက်ရိုက်ကူးနေတဲ့ လောကသားတွေအတွက် မဲပေးခွင့်ရ အောင် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ ဒါကတော့ ကြိုတင်မဲပေါ့ နော်။ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲဆိုတော့ ဒီအချိန်ကနယ်ထွက်ပြီး ရိုက်ကူးရေးလုပ်တဲ့ ရာသီဖြစ် နေတော့ နယ်ထွက်တဲ့သူတွေလည်း မဲပေးခွင့်ရအောင်ဆိုပြီးတော့ ကျွန် တော့်အနေနဲ့ကော်မရှင်ကို အကြံ ပြုတိုက်တွန်းထားတဲ့အတွက် ကော်မရှင်ကလည်း အဲဒီလိုစီစဉ်ထားပါတယ်။ အရင်နှစ်တွေတုန်းကတော့ နယ်ထွက်တဲ့သူတွေအနေနဲ့ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒီနှစ်မှာတော့ ကြိုတင်မဲပေးနိုင်ဖို့အတွက် စီစဉ်ထားတာပါ''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက စက်တင်ဘာ ၁၉ရက်ကပြောသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ် ပွဲကြိုတင်မဲပေးခြင်းကို အနုပညာရှင်များ ရိုက်ကူးရေးပြုလုပ်နေသော သံ တောင်မြို့၊ ပြင်ဦးလွင်အစရှိသော နေရာများသို့ သွားရောက်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲ ကော်မရှင်နှင့် တာဝန်ရှိသူများ ဦးဆောင်ကာပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးချယ်ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ ဆန္ဒမဲပေးရွေးချယ်ရာတွင် စက်တင်ဘာ ၂၃ရက်၌ စက်မှုလက်မှုအခြေခံအလွှာ၊ ဗီဒီယိုအ ခြေခံအလွှာ၊ ဇာတ်လမ်းဇာတ်ညွှန်း အခြေခံအလွှာနှင့် ဒါရိုက်တာအ ခြေခံအလွှာတို့မှ ကိုယ်စားပြုအမှု ဆောင်များကို ရွေးချယ်မည်ဖြစ် ကြောင်းသိရသည်။ စက်တင်ဘာ ၂၄ ရက်တွင် အဓိကသရုပ်ဆောင်အခြေခံအလွှာ၊ ဇာတ်ပို့ဇာတ်ရံအခြေခံအလွှာ၊ အုပ်ချုပ်ဖြန့်ချိပြသ အခြေခံအလွှာနှင့် တည်းဖြတ်မှတ်တမ်းအခြေခံအလွှာတို့ကို ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။ ထုတ်လုပ်သူအခြေခံအလွှာ နှင့် ရုပ်ရှင်ပြဇာတ်တေးဂီတ အခြေခံအလွှာများမှ အဆိုတင်သွင်းကြသူ နှစ်ဦးစီသာရှိကြသဖြင့် ဆန္ဒမဲ ပေးခြင်းမပြုလုပ်တော့ဘဲ အဆိုတင်သွင်းသူများကို အတည်ပြုပြီးဖြစ် ကြောင်းသိရသည်။ ယင်းအမှုဆောင်သစ်ပြန်လည် ရွေးချယ်ပွဲပြုလုပ်ရန်အတွက် အနုပညာလောကတွင်ရှိသော အလွှာ ၁၁ လွှာမှ အနုပညာရှင်များမှ ကိုယ်တိုင်ဆန္ဒမဲပေးကာ ရွေးချယ်ကြရမည်ဖြစ်သည်။

 

NN

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191