Main menu
HOT NEWS
adv
ပရိသတ် စိတ်ဝင်စားနေတဲ့ လီဂျောင်ဆော့နဲ့ ဆူဇီတို့ရဲ့ ဇာတ်လမ်းတွဲ မကြာမီ ပြသတော့မည်

ပရိသတ် စိတ်ဝင်စားနေတဲ့ လီဂျောင်ဆော့နဲ့ ဆူဇီတို့ရဲ့ ဇာတ်လမ်းတွဲ မကြာမီ ပြသတော့မည်

ဆိုးလ်၊ စက်တင်ဘာ ၂၂

ကိုရီးယားဒရမ်မာချစ် ပရိသတ်များက မျှော်လင့်တစားစောင့်မျှော် နေကြသော “While You Were Sleeping” ဇာတ်လမ်းတွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဆိုးလ်မြို့ တွင် စက်တင်ဘာ ၂၂ရက်၌ ပြုလုပ်ခဲ့သည်။ ဒါရိုက်တာ အိုချောင်းဟွမ်နှင့်အတူ ပါဝင်သော သရုပ်ဆောင်များဖြစ်သည့် လီဂျောင်ဆော့၊ ဆူဇီ၊ လီဆန်းယော့၊ ဂိုဆွန်းဟီးနှင့် ဂျောင်ဟယ်အင်းတို့လည်း တက်ရောက်ခဲ့ကြသည်။ နမ်ဟုန်ဂျူဆိုသော အမျိုးသမီးတစ်ဦးက အိပ်မက်ထဲတွင် အနာဂတ်ဖြစ်ရပ်များကို ကြိုတင်မြင်တွေ့နိုင်ပြီး ယင်းအိပ်မက်ထဲမှ မကောင်းသော ကြိုတင်ဖြစ်ရပ်များကို ရပ်တန့်ရန် ဂျောင်ဂျယ်ချန်းဆိုသော စုံထောက်တစ်ဦးက ကြိုးစားပုံကို ရိုက်ကူးထားသည်။


ထိုဒရမ်မာတွင် ပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ဖြစ်ခဲ့ပုံကို လီ ဂျောင်ဆော့က ''စာရေးဆရာမ ပတ်ဟယ်ရောင်းနှင့် “Pinocchio” နှင့် “I Hear Your Voice” တို့တွင် လက်တွဲလုပ်ကိုင်ခဲ့သည့်အတွက် ဒရမ်မာတွင်ပါဝင်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း'' ပြောကြားခဲ့သည်။ “Dream High” ဇာတ်လမ်းတွဲတွင် စာရေးဆရာမပတ်နှင့်အလုပ်အတူတွဲလုပ်ဖူးသည့် ဆူဇီကလည်း ဇာတ်ညွှန်းကို လက်ခံရရှိပြီး ကြိုက်နှစ်သက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဒရမ်မာတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။  စက်တင်ဘာ ၂၇ရက်တွင် ပြသတော့မည့် ဇာတ်လမ်းတွဲတွင် မင်းသမီး ဆူဇီကို ဆံပင်တိုနှင့် မြင် တွေ့ရမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆံပင်ပုံစံပြောင်းလဲရန် ဆုံးဖြတ်ချက်ချခဲ့ ပုံကိုလည်း ယခုကဲ့သို့ ပြောကြားခဲ့သည်။


¤င်းက ''ပရိသတ်တွေ ဒရမ်မာထဲမှာမြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဆံပင်တိုဟာ ဒီဒရမ်မာအတွက် အရေးကြီးကဏ္ဍတစ်ရပ်ကနေ ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်မတုန့်ဆိုင်းခြင်းမရှိဘဲ ဆံပင်ညှပ်ပစ်ခဲ့တာပါ။ ဆံပင်ပြန်ရှည်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူးဆိုပြီး ကျွန်မနားမှာရှိတဲ့ လူတွေက စိုးရိမ်မှုတွေရှိပေမယ့် ကျွန်မအဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်မက အချိန်တော်တော်ကြာ ဆံပင်အရှည်ထားခဲ့တော့ ဆံပင်တိုနဲ့ ဇာတ်ရုပ်အပေါ် ပိုပြီး အာရုံစိုက်ခဲ့တာပါ။ ဟုန်ဂျူရဲ့ ဇာတ်ရုပ်ပေါ်လွင်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

Ref: soompi

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191