HOT NEWS
Main menu
'ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို  ဇာတ်လမ်း တစ်ခုကိုပဲ ကြည့်ပြီးတော့        ရွေးချယ် ရိုက်ကူးဖြစ်ပါတယ်' သရုပ်ဆောင် မြင့်မြတ်

'ကိုယ့်ကို လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို ဇာတ်လမ်း တစ်ခုကိုပဲ ကြည့်ပြီးတော့ ရွေးချယ် ရိုက်ကူးဖြစ်ပါတယ်' သရုပ်ဆောင် မြင့်မြတ်

ရန်ကုန်၊ ဇွန် ၂၉

ဗီဒီယိုဇာတ်ကားများတွင်သာ အများ ဆုံးမြင်တွေ့ရပြီး ရုပ်ရှင်ဇာတ်ကားများရိုက်ကူးခြင်းမရှိသ လောက်နည်းပါးနေတဲ့ သရုပ်ဆောင် မြင့်မြတ် -


''ကျွန်တော်က ဗီဒီယိုဇာတ်ကားတွေရိုက်ရပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမရိုက်ရတာကတော့ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်တော်လည်းမပြောတတ်ပါဘူး။ ကျွန်တော်က တော့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်း ကို ဇာတ်လမ်းတစ်ခုကိုပဲကြည့်ပြီးတော့ ရွေးချယ်ရိုက်ကူးဖြစ်ပါတယ်။ ဇာတ်လမ်းကို ကျွန်တော်ကြိုက်ရင်ရိုက်ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ကျွန်တော်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရုံတင်ပြသဖို့ရှိတယ်။ ရိုက်ထားပြီး သားရုပ်ရှင်ဇာတ်ကားကြီးလည်းရှိတယ်။ နောက်ထပ်ရိုက်ကူး ဖို့လက်ခံထားတဲ့ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိပါတယ်။ တောကျီးကန်းရုပ် ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီးသွားပါပြီ။ ကလောဘက်မှာ ရိုက်ကူးခဲ့တာပါ။ အဲဒီရုပ်ရှင်ဇာတ်ကားကြီးက ခိုးဆိုးလုနှိုက်နှစ်ပေါ့နော်။ အဲဒီဇာတ်ကားနှစ်ကားမတူတဲ့ ဇာတ်လမ်းက ခိုးဆိုးလုနှိုက်ဇာတ်ကားထဲမှာကျတော့ ကျွန်တော်တို့က ပျံကျခိုးတယ်။ ကြုံသလိုလုပ်စားကြ တယ်။ တောကျီးကန်း ဇာတ်ကားမှာကျတော့ ကျွန်တော်တို့က သတ်သတ်မှတ်မှတ်နဲ့ခိုးကြတယ်။

 

အဲဒီလိုမျိုးမတူဘူး။ နောက်နယ်မှာသွားရိုက်တဲ့အခါကျတော့နယ်ဓလေ့ ပုံရိပ်လေးတွေလည်းပါတယ်။ အခုလောလောဆယ်တော့ ကျွန် တော် 'ဘုန်းကညာနှစ်ပါး'ဆိုတဲ့ ဇာတ်ကားကို ကျွန်တော်ရယ်၊ ဖွေးဖွေးရယ် ရိုက်ကူးနေပါတယ်။ ဒါရိုက်တာကတော့ ကိုဇော်(အရုဏ်ဦး)ပါ။ ကျွန်တော် နောက်ထပ်ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးသွားဖို့လည်းရှိပါတယ်။ ကျွန်တော့်ရဲ့မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီးတော့ အနားနီးရင်တော့ အားလုံး ကိုအသိပေးသွားမှာပါ။ အခုတော့မင်္ဂလာကိစ္စကနည်းနည်းလေးလိုသေးလို့ပါ''။                     

NN

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS