HOT NEWS
Main menu
''ခိုးဆိုးလုနှိုက်'' ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်အားပေးမှု  ဝင်ငွေ စံချိန်ချိုးသဖြင့် သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့် ရရှိ

''ခိုးဆိုးလုနှိုက်'' ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်အားပေးမှု ဝင်ငွေ စံချိန်ချိုးသဖြင့် သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့် ရရှိ

ရန်ကုန်၊ ဇူလိုင်၂၅

''ခိုးဆိုးလုနှိုက်'' ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်အားပေးမှုဝင်ငွေစံချိန်ချိုးသဖြင့်  သုံးပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ''ခိုးဆိုးလုနှိုက်''ရုပ်ရှင် ဇာတ်ကားကြီးကို ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် ဇူလိုင်၁၅ရက်မှစတင်ကာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အား ပေးမှုများပြားခဲ့ကြောင်းသိရသည်။ ''အခုပထမအပတ်တော့ ပြသတာကျော်သွားပြီပေါ့နော်။ အဲဒီမှာ ပရိသတ်အားပေးမှုက အရမ်းကိုအား ရကျေနပ်စရာကောင်းပါတယ်။ ကျွန် တော်ရဲ့ ပထမဦးဆုံးရိုက်ကူးတဲ့ရုပ် ရှင်ဇာတ်ကားကြီးကို အခုလိုမျိုးအား ပေးတာကို ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အခုဒီဇာတ်ကားကြီး က နောက်ထပ်ရုံတင်ပြသဖို့အတွက် ရက်ထပ်တိုးသွားပြီဖြစ်တဲ့အတွက် လာ အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' ဟု ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ကပြောသည်။


 မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားရုံတင်ပြသရာတွင် စတင်ရုံတင်ပြသည့်နေ့မှစတင်ကာ နှစ်ပတ်သာရုံ တင်ပြသခွင့်ရရှိပြီး ပရိသတ်အားပေးမှုဝင်ငွေစံချိန်ချိုးပါက သုံးပတ်ရုံတင်ပြသခွင့်ရရှိကြောင်း သိရသည်။ ယခု အခါတွင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကြီးကို သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ရုံတင်ပြသလျက်ရှိပြီး ယင်းရုပ်ရှင်ရုံတွင် သုံးပတ်ရုံတင်ပြသပြီးပါက ရှေ့ ဆောင်အဆင့်မြင့်ရုပ်ရှင်ရုံတွင် ထပ်မံ ပြ သမည်ဖြစ်ကြောင်းသိရသည်။ မိဘများကြောင့် အရွယ်မရောက် သေးသောကလေးများ၏ ဘဝပုံရိပ်များ တစ်ဆစ်ချိုးပြောင်းလဲခဲ့ပုံများ၊ ငယ်ရွယ်စဉ် ကလေးသူငယ်များအား မိဘများမှ လက်လွတ်စပယ်မထား သင့်ပုံ များ၊ တန်ဖိုးထားစောင့်ရှောက် မှုမရှိခြင်းကြောင့် ကလေးငယ်များ လမ်းမှားရောက်ခဲ့ကြပုံများကို ဘဝသရုပ်ဖော်ရိုက်ကူးထားသော ပညာ ပေးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ် ကြောင်း သိရသည်။      

NN

#democracytoday

Rate this item
(5 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS