Main menu
HOT NEWS
adv
အကယ်ဒမီများရှင် မေသန်းနုနှင့် တွေ့ဆုံခြင်း

အကယ်ဒမီများရှင် မေသန်းနုနှင့် တွေ့ဆုံခြင်း

မေး။ ။ ထာဝရအမေ ဇာတ်ကားမှာ အမေနေရာကနေပြီးတော့ ပါဝင်သရုပ်ဆောင်တဲ့အပေါ်မှာ ထူးခြားတဲ့ပြင်ဆင်မှုတွေရောရှိလား။

ဖြေ။  ။ ဒီဇာတ်ကားမှာ မဆင့်က အမေတစ်ယောက်ရဲ့ ကာရိုက်တာဆိုတော့ ထွေထွေထူးထူး ပြင်ဆင်နေစရာမလိုဘူး။ ကိုယ်တိုင်ကလည်း အမေတစ်ယောက်ဆိုတော့ ဒီဇာတ်ကားရဲ့ အမေက သူ့ဘဝတစ်လျှောက်လုံး မှာ သားသမီးတွေကို သတ္တိရှိရှိနဲ့ ဦးဆောင်လမ်းညွှန်ပြတဲ့ မိခင်ကောင်းတစ်ယောက်ပါ။

 

 

မေး။ ။ ဒီဇာတ်ကားရဲ့ကာရိုက်တာက အရွယ်သုံးမျိုးကိုသရုပ်ဆောင်ရမှာလို့ သိရပါတယ်။

ဖြေ။ ။ ၁၉၅ဝ ကလေးငယ်ဘဝကနေပြီးတော့ ကလေးကြီးထိဆိုတော့ မဆင့်အရွယ်က တဖြည်းဖြည်းကြီးသွားမယ်။ အပိုင်းသုံးပိုင်းလည်း မဟုတ်တဲ့အခါကျတော့ မိတ်ကပ်အပြင်အဆင်တွေ၊ အဝတ်အစားပိုင်းတွေက တဖြည်း ဖြည်းနဲ့ ဒီဘက်ခေတ်ကိုရောက်လာတဲ့ပုံစံမျိုးကို ပြောင်း လဲလာတဲ့ပုံစံကို သတိထားရမယ်။

 

မေး။  ။ ဒီဇာတ်ကားမှာအသုံးပြုမဲ့ ဇာတ်ကားအတွက်လိုအပ်တဲ့ပစ္စည်း တွေက ၁၉၅ဝ ဝန်းကျင်က အသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ပြန်အသုံးပြုမှာဆိုတော့ အရင်ဇာတ်ကားတွေနဲ့ရော ဘယ်လိုကွာခြား မှုတွေရှိမလဲ။

ဖြေ။ ။ အရင်ဇာတ်ကားတွေကကျတော့ ခေတ်တစ်ခေတ်ကိုရိုက်ရတဲ့အခါ နည်းနည်းပဲပါတယ်။ တောက်လျှောက်မဟုတ်ဘူး။ ဒီဇာတ်ကားမှာကျတော့ တောက်လျှောက်သွားမယ်။ နောက်ပြီးတော့ ဝတ္ထုတစ်ပုဒ်ကို ရိုက် တာမဟုတ်ဘူး။  ဝတ္ထုတစ်ပုဒ်ကိုပြန်ရိုက်တာက ဘယ်လိုအနေအထားဆိုပြီးတော့ ပြန်ပြီးတော့ပြင်ဆင်လို့ရတယ်။ ဒီဇာတ်ကားက တကယ့်ဘဝကို ရိုက်ကူးတာဆိုတော့ အတိမ်းအစောင်းမခံဘူး။ တခြားဇာတ် လမ်းတွေထက်စာရင်တော့ နည်း နည်းခက်တာပေါ့။

 

မေး။ ။ ဒီဇာတ်ကားက တကယ့်ဘဝအမှန်ကို ပြန်ပြီးတော့ရိုက်ကူးတာ ဆိုတော့ ဘယ်လောက်ထိတာဝန်ကြီးမလဲ။

ဖြေ။  ။ တာဝန်ကြီးတယ်။ တကယ့်ဘဝဆိုတဲ့အတွက် ဝတ္ထုထဲကအမေနဲ့ အနီးစပ်ဆုံးဖြစ်အောင် မဆင့် တာဝန်ယူသရုပ်ဆောင်ရမှာပါ။

 

မေး။ ။ ဒီဇာတ်ကားရဲ့ အဓိကပေးချင်တဲ့မက်ဆေ့ခ်ျက ဘာဖြစ်မလဲ။

ဖြေ။ ။ မိဘတိုင်းခံစားလို့ရမယ့် ဇာတ်ကားတစ်ကားပါ။ ဒီအမေက သားသမီးတွေအပေါ်မှာရော၊ လင်သားအပေါ်မှာပါ ဦးဆောင်နိုင်တဲ့စွမ်းရည်တွေရှိတယ်။ အမျိုးသမီး တွေ အားကျအတုယူနိုင်တဲ့ အမျိုးသမီး တစ်ယောက်ဆို တော့ အမေတိုင်း အားကျလိမ့်မယ်ထင်ပါတယ်။ အမေတိုင်းကတော့ သားသမီးတွေကို ကောင်းစေချင်ကြတာပဲလေ။ မိဘကဦးဆောင်လမ်းညွှန်ပြသနိုင်ပေမယ့်လည်း သားသမီးတွေက ခံယူတတ် ဦးမှလေ။ ဒီခေတ်မှာကျတော့ သားသမီးတွေက ကိုယ်လုပ်ချင်တာကိုလုပ်ကြတာ။

 

မေး။ ။ ကိုယ်တိုင်ကလည်း အမေတစ်ယောက်ဆိုတော့ ကိုယ်တိုင်ကျ တော့ရော ဘယ်လိုအမေမျိုးဖြစ်မယ်လို့ထင်လဲ။ ဒီဇာတ်လမ်းထဲက အမေနဲ့ရော တူတယ်လို့ထင်လား။

ဖြေ။ ။ လက်ရှိ အမေတစ်ယောက်အနေနဲ့ မဆင့်နေထိုင် နေတာက အခုဇာတ်လမ်းထဲကအမေနဲ့တော့ သိပ်မတူဘူးပေါ့။ ဒီခေတ်ကလေးတွေက သူတို့ဖြစ်ချင်တာကို သူတို့လျှောက်တဲ့လမ်း မမှားရအောင် အတိမ်း အစောင်း လေးထိန်းပေးရုံပဲရှိတယ်။ ကျန်တာကတော့ သူ့တို့ဘာသာဆုံးဖြတ်ကြတာ။ မဆင့် ဝတ္ထုကိုဖတ်ပြီးတဲ့အချိန်မှာ ဘာကိုသွားပြီးတော့ သဘောကျလဲဆိုတော့ ဒီအမေဖြစ်ချင်တဲ့အတိုင်းကို သားသမီးတွေက လိုက်လုပ်ရတာပေါ့။ အဲဒီတစ်ခုကတော့ အမေက မိသားစုအပေါ်မှာ သြဇာ ညောင်းတာလေ။ အဲဒါကိုသဘောကျတယ်။ မဆင့်ဆိုရင်လည်း သြဇာမညောင်းဘူး။ ကိုယ်ကဒါဆို ကလေး တွေက ဒါလုပ်ချင်မှ လုပ် တာလေ။

 

NN

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191