HOT NEWS
Main menu
၂ဝ၁၆ အကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရန် စီစဉ်

၂ဝ၁၆ အကယ်ဒမီ ရွှေကြို ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရန် စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၂

၂ဝ၁၆ ခုနှစ် အကယ်ဒမီရွှေကြို ခေါ်ယူနိုင်ရန်အတွက် အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ အကယ်ဒမီရွှေကြိုရွေးချယ် ရေးကော်မတီဖွဲ့စည်းရာတွင် အနုပညာလောကရှိ ဝါရင့်အနုပညာရှင်များ၊ စာရေးဆရာများ၊ မီဒီယာသမားများအစရှိသည်တို့နှင့် ဖွဲ့စည်းလေ့ရှိသည်။


''အခု အကယ်ဒမီရွှေကြိုခေါ် ယူဖို့အတွက်ကို စတင်လုပ်ဆောင်နေပါပြီ။ အကယ်ဒမီရွှေကြိုခေါ်ယူ တော့မယ်ဆိုရင် အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းရမှာဖြစ်တဲ့အတွက် အနုပညာရှင်တွေထဲက အကယ်ဒမီရွှေကြိုရွေးချယ်ရေး ကော်မတီမှာပါဝင်ပေးကြဖို့ အစည်းအရုံးကနေပြီးတော့ စာပေးပို့အကူ အညီတောင်းထားတာတွေရှိပါတယ်''ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။ အကယ်ဒမီရွှေကြိုရွေးချယ် ရေးကော်မတီစတင်ဖွဲ့စည်းပြီးပါက ယင်းကော်မတီမှ အကယ်ဒမီရွှေကြို များစတင်ခေါ်ယူနိုင်ရန် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ အကယ်ဒမီရွှေကြိုများကိုရွေးချယ်စိစစ်ခြင်း၊ အကယ်ဒမီရွှေကြိုများကို လေ့ကျင့် ပြင်ဆင်ပေးခြင်းအစရှိသည်တို့ကို အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့ မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။


အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းပြီးပါက ယင်းအဖွဲ့တွင် ပါဝင်သော အနုပညာရှင်များ အပါအဝင် တခြားသော အနုပညာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို တရားဝင် ထုတ်ပြန်ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီရွှေကြိုများကို ခေါ်ယူပါက ယခင်နှစ်ကအတိုင်း အကယ်ဒမီရွှေကြိုယောက်ျားလေးများကို ခေါ်ယူခြင်းပြု၊ မပြုကိုလည်း  အကယ်ဒမီရွှေကြိုရွေးချယ်ရေးအဖွဲ့မှ ဆုံး ဖြတ်သွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပထမဦးဆုံးအကြိမ် တာဝန်ယူဆောင်ရွက်သည့်အချိန်မှစတင်ကာ ယခင်ကအကယ်ဒမီဗန်းကိုင်များကို အကယ် ဒမီရွှေ ကြိုဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး အကယ်ဒမီရွှေကြိုယောကျာ်းလေးများကိုလည်း ပထမဦးဆုံးအကြိမ်အဖြစ် ခေါ်ယူခဲ့ကြောင်းသိရသည်။


NN

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS