Main menu
HOT NEWS
adv
"ကောလာဟလ ထွက်မှ နာမည်ပိုကြီးတော့ ကောလာဟလကို  လက်ခုပ်တီးပြီး ကြိုဆိုနေတယ်"  ရဲလေး

"ကောလာဟလ ထွက်မှ နာမည်ပိုကြီးတော့ ကောလာဟလကို လက်ခုပ်တီးပြီး ကြိုဆိုနေတယ်" ရဲလေး

အဆိုတော် ရဲလေးအနေဖြင့် အနုပညာလောကတွင် အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ ပရိသတ်များ၏ နှစ်သက်အားပေးမှုကို ရရှိနေသည်။ ယခုနှစ်တွင်လည်း ၎င်း၏ အောင်မြင်မှု မှတ်တိုင်များကို ဆက်တိုက်လုပ်နေမည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်ပြီး ရဲလေးနှင့် တွေ့ဆုံခိုက် ယခုလို မေးမြန်းဖြစ်သည်။


၂ဝ၁၇ ခုနှစ်ထဲမှာ ဘယ်လိုလှုပ်ရှားမှုတွေ တွေ့ရမလဲ။

ကျွန်တော် ဇာတ်ကားတွေလည်း ရိုက်သွားမယ်။ ပြီးတော့ ကျွန်တော့်ရဲ့အောင်မြင်မှုခရီးစဉ် MTVကိုလည်း ရိုက်သွားမယ်။ ဒီနှစ်ထဲမှာလည်း ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ရှိုးတွေလည်း လုပ်သွားဖို့ရှိပါတယ်။ ပရိသတ် ကိုလည်း ကတိပေးထားပြီးသား ဖြစ်တဲ့အတွက် ဒီနှစ်ကတော့ ကျိန်းသေပေါက် လုပ်ဖြစ်မှာပါ။


တစ်ကိုယ်တော် ရှိုးပွဲတွေအတွက်ရော ဘယ်လိုတွေ စီစဉ်ဖြစ်လဲ။

အဲဒါကတော့ သင်္ကြန်ပြီးနောက်ပိုင်း ဖြစ်မယ်နဲ့ တူပါတယ်။ ကျွန်တော်လည်း ကျိန်းသေပေါက် မပြောတတ်သေးဘူး။ အခြေအနေ အကြောင်းကြောင်းပေါ် မူတည်ပြီးတော့ မြန်ရင်လည်းမြန်မယ်။ နောက်ကျရင် လည်း နောက်ကျမယ်။ ပရိုဂျူဆာတွေရော၊ ပြီးတော့ သူငယ်ချင်းတွေကရော အားလုံးက ရဲလေးပွဲမှန်သမျှ ပိုက်ဆံထည့်မယ်ဆိုတာချည်းပဲ တာစူနေကြတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းပြီးတော့ Group လိုက် လုပ်ကြမှာပါ။ ပြီးတော့ ကျွန်တော့်ပွဲ သေချာပြီဆိုတာနဲ့ လက်မှတ်တွေကို နှစ်လလောက် ကြိုပြီးရောင်းသွားမှာပါ။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေတစ်ဆင့်လည်း ကြေညာသွားပါ့မယ်။ အခုကတော့ မပြောတတ်သေးလို့ ပါ။ သေချာတာတစ်ခု ပြောချင်တာကတော့ ဒီနှစ်ထဲမှာ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ရှိုးတွေရော ပြီးတော့ ကျွန် တော်တို့ YLGK Tour အနေနဲ့လည်း တောက်လျှောက် ဆိုသွားဖို့ရှိပါတယ်။


အနုပညာအလုပ်တွေကို ပရိသတ်တွေနဲ့ တစိုက်မတ်မတ် လုပ်လာတာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ ကောလာဟလ တွေကလည်း တော်တော်များများကို ထွက်လာတဲ့အပေါ်မှာရော ဘာများပြောချင်ပါလဲ။

ကောလာဟလ ထွက်တာကို ကျွန်တော်ကတော့ အရမ်းကြိုက်တယ်။ ထွက်စမ်းပါစေ။ မထွက်မှာကိုတောင် စိတ်ပူနေရတာ။ အဲဒီတော့ ကျွန်တော်ကတော့ ဝမ်းသာတယ်။ လက်ခုပ်တီးပြီးတော့ကို ကြိုဆိုတယ်။ ကော လာဟလထွက်ရင် ပိုနာမည်ကြီးတယ်(ရယ်လျက်)။ အဲဒါကတော့ ကလေးအထာနဲ့ ပြောတာပါဗျ။ကျွန်တော် ငယ်ငယ်တုန်းက အဆိုတော် စလုပ်တုန်းကဆိုရင်လည်း ဒီနေ့အထိ ၁၅ နှစ်အတွင်းမှာ ကောလာဟလနဲ့က မကင်းခဲ့ဘူးလေ။ ကောလာဟလ ထွက်မှပဲ နာမည်ပိုကြီးတာ ဖြစ်တဲ့အတွက် ကောလာဟလ များများလုပ်ပေးဖို့ကိုပဲ တောင်းဆိုနေပါတယ်။


နင်ဇီမေနဲ့ တွဲဆိုထားတဲ့ ဟိုအရင်ကလို သီချင်းစာသားနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။ တစ်ယောက် ယောက်ကိုများ ရေးထားလားဆိုပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြ တယ်လေ။

အဲဒီစာသားတွေကို ဖန်တီးဖြစ်တာကတော့ အငှားခံစားချက်ပါ။ ကျွန်တော့်ခံစားချက်လိုလို၊ ပရိသတ်တွေ ခံစားနေရတဲ့ ပုံစံလိုလို ကျွန်တော်ရေးထားတာပါ။ ကျွန်တော်သည် လူထဲက လူဖြစ်တဲ့အတွက်ကြောင့် လူ ငယ် တော်တော်များများ ခံစားနေရတဲ့ Feeling  တွေကို ပူးပေါင်းပြီး တင်ပြထားတာပါ။ ကိုယ့်ခံစားချက်လို့ ဆိုသော်လည်း ပရိသတ်တွေရဲ့ ခံစားချက်လို့လည်း ပြောလို့ရတယ်။ တူတူပဲပေါ့။ အဲဒီတော့ စိတ်ကူးယဉ် ဆန် ဆန် ရေးထားတာပါ။ ဘယ်သူဘယ်ဝါကိုတော့ Target ထားပြီး ရေးထားတာတော့ မဟုတ်ပါဘူး။ ခံစားချက် ကတော့ နည်းနည်းတော့ပါတာပေါ့။ မပါဘဲနဲ့တော့ သီချင်းတစ်ပုဒ် ဖြစ်လာမှာမဟုတ်ပါဘူး။ နည်း နည်းလေးကို ချဲ့ကားပြီး ရေးထားတဲ့သဘောပါ။

 

သုသော်ဒီ

#theyangontimes

Last modified onThursday, 12 January 2017 15:16
Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191