HOT NEWS
Main menu

သွန်းဆက် ချစ်သလိုမျိုး သွန်းဆက် လောက် မချစ်နိုင်ပေမယ့်လည်း ကိုယ့်ရဲ့ မိသားစု မောင်နှမလို ချစ်နိုင်ရင်တော့ သွန်းဆက် ယူတောင်ယူဖြစ်မှာပါ

အချစ်ရေးနဲ့ ပတ်သက်ပြီး အသံတိတ်နေတဲ့ သရုပ်ဆောင် သွန်းဆက်ကို သမက်တော် ကွက်ကျော် ဆိုတဲ့ ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားမှာ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ အတူ အချစ်ရေးကိုလည်း တီးခေါက်ကြည့်ရာမှာတော့  . . .

 

သမက်တော် ကွက်ကျော် ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာလေးကိုလည်း မိတ်ဆက်ပေးပါဦး။

သမက်တော် ကွက်ကျော် ဆိုတဲ့ဇာတ်ကားမှာ သွန်းဆက် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီထဲမှာတော့ နိုင်ငံခြားက ပြန်လာတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတာပါ။ ကိုယ်နဲ့အွန်လိုင်းမှာ ရည်းစားတွေ ဖြစ်နေတဲ့ယောကျာ်းက ကိုယ့်ရဲ့အစ်မဖြစ်တဲ့သူနဲ့ သဘောတူထား တဲ့သူပေါ့။ ကိုယ်ကပြန်လာတဲ့အခါမှာ ရယ်စရာအလွဲလေးတွေ ဟာသဖြစ်သွားတာကို ရိုက်ထားတာပါ။

Read more...

'ကိုယ့်အတွက် ပရိသတ်အတွက် မထိရောက်တဲ့ ကာရိုက်တာတွေ ဆိုရင်တော့ သိပ်ပြီး မလုပ်ချင်တော့ဘူး' ကျော်ကျော်ဗိုလ်

သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကို လက်ရှိ ဗီဒီယိုလောက အပေါ်အမြင်နှင့် နောက်ထပ် လုပ်ဆောင်သွားဖို့ရှိတဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ယခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။    


မေး။ ။ အခုလက်ရှိ ဘာကားရိုက်နေလဲ။ နောက်ပြီးတော့ သရုပ်ဆောင် အလုပ်အပြင် ဘာတွေဆက်လုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော် အခုကတော့  ''ယောက်ျားဆို....လာထား''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်မယ်။ ကျွန်တော်က အနုပညာအလုပ်တွေကို အကုန် ဝါသနာပါပါတယ်။ အောင်မြင်တာ မအောင်မြင်တာကတော့ သက်သက်ပါ။ ကိုယ်ဝါသနာပါတာကို လုပ်နေရတာက ကိုယ့်ဘဝ အတွက်တော့ အောင်မြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

Read more...

"သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဘယ်လို ကာရိုက်တာမျိုးပဲ လာလာ ရာနှုန်းပြည့် သရုပ်ဆောင်နိုင်ရမယ်" နန်းဆုဦး

I Don't Like ဆိုတဲ့ ပညာပေး ဇာတ်လမ်းတိုတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နန်းဆုဦး


''အခု လောလောဆယ်တော့ I Don't Like ဆိုတဲ့ ပညာပေး ဇာတ်လမ်းတိုလေး ရိုက်ထားတယ်။ နောက်ပြီးတော့ ဇာတ်ကား လက်ခံထားတာတွေလည်း ရှိပါတယ်။ I Don't Like ပညာပေး ဇာတ်လမ်းတိုကတော့ Myanmar Media 7 ကနေပြီးတော့ ရိုက်ကူးတာပါ။

Read more...

"ကောလာဟလ ထွက်မှ နာမည်ပိုကြီးတော့ ကောလာဟလကို လက်ခုပ်တီးပြီး ကြိုဆိုနေတယ်" ရဲလေး

အဆိုတော် ရဲလေးအနေဖြင့် အနုပညာလောကတွင် အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ ပရိသတ်များ၏ နှစ်သက်အားပေးမှုကို ရရှိနေသည်။ ယခုနှစ်တွင်လည်း ၎င်း၏ အောင်မြင်မှု မှတ်တိုင်များကို ဆက်တိုက်လုပ်နေမည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်ပြီး ရဲလေးနှင့် တွေ့ဆုံခိုက် ယခုလို မေးမြန်းဖြစ်သည်။


၂ဝ၁၇ ခုနှစ်ထဲမှာ ဘယ်လိုလှုပ်ရှားမှုတွေ တွေ့ရမလဲ။

ကျွန်တော် ဇာတ်ကားတွေလည်း ရိုက်သွားမယ်။ ပြီးတော့ ကျွန်တော့်ရဲ့အောင်မြင်မှုခရီးစဉ် MTVကိုလည်း ရိုက်သွားမယ်။ ဒီနှစ်ထဲမှာလည်း ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ရှိုးတွေလည်း လုပ်သွားဖို့ရှိပါတယ်။ ပရိသတ် ကိုလည်း ကတိပေးထားပြီးသား ဖြစ်တဲ့အတွက် ဒီနှစ်ကတော့ ကျိန်းသေပေါက် လုပ်ဖြစ်မှာပါ။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS