Main menu
HOT NEWS
adv

ညစာ ထွက်စားတာတောင် အပျံစား ခြယ်သ ဝတ်ဆင်ထားတဲ့ ရီဟားနား

နယူးယောက်၊ စက်တင်ဘာ ၁၇

ဟိုနားဒီနားသွားသည် ဖြစ်စေ ပွဲလမ်းအခမ်းအနားတက်သည့် ဖြစ်စေ အပျံစားဝတ်ဆင်ခြယ်သ လေ့ရှိသော အဆိုတော်ရီဟားနားသည်၎င်း၏အကျင့်ကို မပြောင်းလဲ သေးပါ။ အသက် (၂၉) နှစ်ရှိပြီဖြစ်သော ရီဟားနားသည် နယူးယောက်မြို့တွင် သူငယ်ချင်းများနှင့်အတူ ညစာထွက်စားရာ၌လည်း စိန်လက်ကောက်ပြောင်ပြောင် နှုတ်ခမ်းနီ ရဲရဲတို့ဖြင့် ''လန်း''နေခဲ့သည်။

Read more...

အနာဂတ်တွင် အသေးစား ဖျော်ဖြေပွဲများ၌ ရင်းနှီးမြှုပ်နှံမည် ဟု ပေါ့ပ်အဆိုတော် မက်ဒေါနား ဆို

လန်ဒန်၊ စက်တင်ဘာ ၁၇

ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ကမ္ဘာပတ်၍ ဂီတဖျော်ဖြေ ပွဲကြီးခုနစ်ခုပြုလုပ်ပြီးနောက် အနာဂတ်တွင် အသေးစားဖျော်ဖြေပွဲများ၌ ဆက်လက်ရင်းနှီးမြှုပ်နှံမည်ဟု BBC နှင့် အင်တာဗျူးတွင် ပြောသည်။ လွန်ခဲ့သည့် ၂၇ နှစ်ကျော်က ဘားဆိုင်အချို့နှင့် ဖျော်ဖြေပွဲအသေးစားများကိုဖျော်ဖြေခဲ့သည့်ပုံစံမျိုး ပြန်လည်ဖျော်ဖြေချင်ကြောင်း၊ သူမအနေနှင့် ကမ္ဘာပတ်၍ ဂီတဖျော်ဖြေပွဲကြီးများကို အားကစားရုံများ၊ ဘောလုံးကွင်းများတွင် လူသိန်းနှင့်ချီပြီး ဖျော်ဖြေခဲ့ဖူးကြောင်း၊ ယခုအချိန်တွင် ပရိသတ်နည်းနည်းနှင့် အပြန်အလှန်ထိတွေ့နိုင်သည့် အသေးစားဖျော်ဖြေပွဲမျိုးကို ပို၍သဘောကျမိကြောင်း မက် ဒေါနားကပြောသည်။

Read more...

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်အထိမ်းအမှတ် အနုပညာပဒေသာကပွဲကြီးကို MRTV တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်

ရန်ကုန်၊ စက်တင်ဘာ ၁၆-မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် အထိမ်းအမှတ် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာလောကသားများပါဝင်သော အနုပညာပဒေသာကပွဲကြီးကို MRTV ရုပ်သံလိုင်းတွင် တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။

Read more...

ချူဆီ ရုပ်ရှင်မှာ အီစီကလီလုပ်ရမှာမို့ စိတ်ဖိစီးမှုတော်တော်များနေတဲ့ သရုပ်ဆောင်မယ်လိုဒီ

အိမ်ထောင်ပြုပြီးနောက် အနုပညာလောကမှအနားယူခဲ့ပြီး ယခုတစ်ကျော့ပြန်ရောက်ရှိလာတဲ့ သရုပ်ဆောင်မယ်လိုဒီရဲ့ အနုပညာပိုင်းဆိုင်ရာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး အခုလိုပဲ တွေ့ဆုံ မေးမြန်းဖြစ် ခဲ့ပါတယ်။

Read more...

အနုပညာရှင် အမျိုးသမီးများစွာ ပါဝင်ရိုက်ကူးမည့် 'ချူဆီ' ရုပ်ရှင်ဇာတ်ကားကြီး မကြာမီရိုက်ကူးတော့မည်

ယနေ့ အနုပညာလောကတွင် အောင်မြင်မှုရရှိထားသော အနုပညာရှင် အမျိုးသမီးများစွာ ပါဝင်ရိုက်ကူးမည့် 'ချူဆီ'ရုပ်ရှင်ဇာတ်ကား ကြီးကို စက်တင်ဘာ၂၁ရက်မှစတင် ကာ ရန်ကုန်မြို့ရှိနေရာအချို့တွင် ရိုက်ကူးတော့မည်ဖြစ်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191