HOT NEWS
Main menu
adv

ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းအရ မတ် လဆန်းတွင် မြို့သုံးမြို့၌ ရုပ်ရှင်ရုံများ ဖွင့်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်း၏ စီမံချက်များအဖြစ် ဖျာပုံ၊ အောင်ပန်း၊ မုံရွာမြို့တို့တွင် ဆောက်လုပ်လျက်ရှိသော ရုပ်ရှင်ရုံများကို မတ်လဆန်းတွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ရုံ ၁ဝဝ စီမံကိန်းအဖြစ် မြန်မာနိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံများကို တည်ဆောက်ရန်စီစဉ်ထားပြီး ပထမဦးဆုံးရုပ်ရှင်ရုံကို ဇန်နဝါရီလတွင် မှော်ဘီမြို့၌ စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Read more...

သမ္မတကတော် ဟောင်း မီရှဲလ် အိုဘားမားနှင့် စကားပြောဆိုလိုကြောင်း မင်းသမီး အမ်မာဝပ်ဆင် ပြောကြား

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၉

 

မကြာမီရုံတင်ပြသတော့မည့် "Beauty and the Beast"  ရုပ်ရှင်မှ မင်းသမီးအမ်မာဝပ်ဆင်က အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားကို ၎င်း၏အိမ်သို့ဧည့်သည် တစ်ဦးအနေဖြင့်ဖိတ်ကြားလိုပြီး စကားလက်ဆုံပြောလိုကြောင်း ဖွင့်ဟပြောကြားလိုက်သည်။ အသက်၂၆နှစ်အရွယ်မင်းသမီးက အသက်၅၃နှစ်အရွယ် သမ္မတကတော်ဟောင်းထံမှ အကြံဥာဏ်ကောင်းများရယူနိုင်မည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

Read more...

"သူတို့ မွေးကတည်းက သင်ပေးထားတာက သူတို့ကို လမ်းလျှောက်တတ်အောင် သင်ပေးတယ်။ ဒါပေမဲ့ တွဲမလျှောက်ပါဘူး" ဒါရိုက်တာ ဝင်းထွန်းထွန်း

ဗီဇဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပုံဖော်နေတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းကို ဗီဇဇာတ်ကား ရုပ်ရှင်ကန်တော့ပွဲမှာ တွေ့ဆုံခိုက် သူ့ရဲ့မိသားစု အခြေအနေနဲ့အတူ အနုပညာအကြောင်းတွေကိုပါ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။


ဗီဇဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဖန်တီးဖြစ်တာနဲ့ပတ်သက်ပြီး ပြောပြ ပေးပါဦး။

ကျွန်တော့်ကို ထုတ်လုပ်ရေးတိုက် အသစ်တစ်ခုကလာအပ်တယ်။ ဇာတ်ကားရိုက်မယ်ပေါ့လေ။ ကျွန်တော်နဲ့ရိုက်မယ်လို့ပြောတော့ ကျွန်တော်က ဇာတ်ကားတစ်ကားရိုက်မယ်ဆိုရင် Preproduction လုပ်တယ်လို့ ဇာတ်ကားတစ်ကားရိုက်ဖို့အတွက် အချိန်ယူပြင်ဆင်တယ်လို့ အဲဒါကြောင့်လည်း ကျွန်တော့် ရုပ်ရှင်ဇာတ်ကားတွေက အထွက်နည်းတာပါ။ သူတို့ကလည်း လက်ခံတဲ့အတွက် ကျွန်တော်လည်း ရိုက်ဖြစ်ခဲ့တာပါ။

Read more...

Single သီချင်းဖြန့်ချိမယ့် မင်းသား လီမင်းဟို

ဆိုးလ် ဖေဖော်ဝါရီ ၁၈

တောင်ကိုရီးယားနာမည်ကျော်မင်းသား လီမင်းဟိုသည် ဂီတအဆိုလုပ်ငန်းများကို နှစ် နှစ်ကြာရပ်နားခဲ့ပြီးနောက် စီဒီသီချင်းတစ်ပုဒ်ကို ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်း၏စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၇ တွင် ပြောကြားသည်။ MYM အင်တာတိန်းမန့်က လီမင်းဟိုသည် ဆိုးလ်မြို့ရှိ ဂျောင်းဟီးတက္ကသိုလ်တွင် ယခုသီတင်းပတ်ကုန်၌ "Always by LEE MIN HO" အမည်ရှိ ပရိသတ်တွေ့ဆုံပွဲကိုပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။ 

Read more...

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ ကလပ်စစ်ကယ် ဂီတာပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာကလပ် စစ်ကယ်ဂီတာပွဲတော်က ရန်ကုန်မြို့ ရို့စ်ဂါးဒင်းဟိုတယ်တွင် ၂ဝ၁၇ ခု နှစ် မတ်လ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ဖွင့်ပွဲအခမ်းအနားစတင်ကာ၊ ပထမအဆင့် ကလပ်စစ်ကယ်ပြိုင်ပွဲကို ညနေ ၄ နာရီအထိကျင်းပ မည်ဖြစ်ပြီး၊ မတ်လ ၄ ရက်နေ့ နံနက် ၁ဝ နာရီအချိန်တွင် ဒုတိယအဆင့် ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

Read more...
adv

adv

FacebookG+TwitterRSS