Main menu
HOT NEWS
adv

'မေလလယ်ပိုင်းလောက်က စပြီးတော့ ဂီတလှုပ်ရှားမှုတွေကို ပြန်ပြီးတော့ မြင်တွေ့ရတော့မှာပါ' တေးသံရှင် ဖြူဖြူကျော်သိန်း

ခါးနာတဲ့ဝေဒနာကြောင့် သင်္ကြန်ပြီးချိန်မှစတင်ကာ ဆေးရုံတက် ကုသခဲ့ရပြီး အခုအခါမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရကာ မကြာခင် ဂီတလှုပ်ရှားမှုတွေကို ပြန်လည် မြင်တွေ့ရတော့မယ်လို့ ပြောလာ တဲ့ တေးသံရှင်ဖြူဖြူကျော်သိန်းက -


''ဖြူဖြူက နဂိုကတည်းက ခါးနာတတ်တဲ့သူတစ်ယောက်ဆိုတော့ ဒီတစ်ခေါက်က ခြေထောက်ခေါက်ပြီး တော့ ခါးပြန်နာသွားတာကနေ စတာပါ။ ဖြစ်ဖြစ်ချင်းမှာ ဖျော်ဖြေပွဲ တွေ လက်ခံထားတာလည်း ရှိတော့ သေ ချာဆေး မကုဖြစ်ဘူး။ သင်္ကြန်ပြီး တော့မှပဲ သေချာလေးဆေးကုဖြစ် လိုက်တာပါ။ ဖြူဖြူက ဂီတနဲ့ပတ် သက်တာတွေကို သင်္ကြန်ပြီးကတည်း က နားထားလိုက်ရတာ။

Read more...

Wathann Film Festival #6 တွင်ပြသရန် ရုပ်ရှင်ကားများဖိတ်ခေါ်

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်ကျင်းပမည့် ဝဿန်ရုပ်ရှင်ပွဲတော်အတွက် မှတ်တမ်းရုပ်ရှင် Documentary Film ၊ ဇာတ်လမ်းတိုရုပ်ရှင် Short Film ၊ Animation ရုပ်ရှင်များ၊ Experimental Film များပြသ ရန် နှင့် ပြိုင်ပွဲဝင်ရန် ဝဿန်ရုပ်ရှင်ပွဲတော်မှ ဖိတ်ခေါ်ထားသည်။ ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသရန်နှင့် ပြိုင်ပွဲဝင်ရန် ပေးပို့လိုသော ရုပ်ရှင်ကားများကို ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ဝဿန်ရုပ်ရှင် ပွဲတော်ရုံး ခန်းသို့ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

Read more...

အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ရသည့် ခင်ပွန်းသည်နှင့် အပြင်ထွက် အလုပ်လုပ်ရသည့် ဇနီးသည်ကြားမှ ဆက်ဆံရေး Working Mom Parenting Daddy ဇာတ်လမ်းတွဲ

ဒါရိုက်တာ    - ချွဲရီဆော့၊ ဘတ်ဝန်းဂု

ဇာတ်ညွှန်း    - လီဆော့ဂျင်

သရုပ်ဆောင်  - ဟုန်အွန်းဟီး၊ ဘတ်ဂွန်းယောင်း၊ အိုဂျောင်းယောင်း၊ ဟန်ဂျီဆန်းပြသမည့်အပိုင်း - ၁၂၀

ပြသမည့်လိုင်း - MB

ပြသမည့်ရက် - ၉၊ မေ၊ ၂၀၁၆

ပြသမည့်နေ့ - တနင်္လာမှ သောကြာနေ့ ည ၁၀ နာရီ ၅၅ မိနစ်

Read more...

ရီဟားနားက ကောလိပ်ပညာသင်ဆုပေးမည်

လော့စ်အင်ဂျလိစ် မေ ၁၀

Work သီချင်းအဆိုတော် ရီဟားနားက အခြေခံကိစ္စရပ်များ လိုအပ်နေသော ကျောင်းသားများအတွက် သူမ၏ Clara Lionel ဖောင်ဒေးရှင်းမှတဆင့် ဒေါ်လာ ၅ သောင်းခန့်ကို ပညာသင်ဆုကြေးအဖြစ် ပေးအပ် မည် ဖြစ်ကြောင်းသိရသည်။ ရီဟားနားက “ပညာရေးအတွက် လက်ဆောင်ပေးနိုင်တာဟာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်ပါတယ်၊ အဆင့်မြင့်တဲ့ ပညာရေးကို သဘောကျတဲ့ ကလေးတွေအတွက် အမြင် ကျယ်စေပြီး အခွင့်အလမ်းများ ကို ထောက်ပံ့ေ ပးနိုင်ပါတယ်၊ ကျွန်မက ဒါကို လုပ်နိုင်မယ်ထင်ပါတယ်” ဟု USA Today သို့ပြောသည်။

Read more...

လွန်ခဲ့သော ၁၄ နှစ်ကအမှုကို စိန်ခေါ်ပြီး ပြန်လည်ဖော်ထုတ်သည့် အမှုလိုက်တစ်ဦး 64: Part I ရုပ်ရှင်

ဒါရိုက်တာ     - တာကာဟီဆာ ဇီဇီ
စာရေးသူ      - ဟီဒဲအို ယိုကိုယာမာ
သရုပ်ဆောင်   - ကိုအိချီ ဆာတို၊ ဂိုအူ အာယာနို၊ နာနာ အိအိကူရာ၊ အီအီတာ၊ တိုမိုကာဇူ အီယူရာ
ပြသချိန်       - ၁၂၁ မိနစ်
နိုင်ငံ           - ဂျပန်

 

မေ ၇ တွင် ဂျပန်နိုင်ငံ၏ စတင်ဖြန့်ချိခဲ့သော ထောက်လှမ်းရေး အက်ရှင်ဇာတ်ကား ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် မိန်းကလေးတစ်ဦးသည် ပြန်ပေးဆွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ အဆိုပါအမှုကို ရိုကူယွန်ဟုအမည်တပ် ခဲ့ပြီး ပိတ်သိမ်းရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့သော် ၁၄ နှစ်ကြာချိန်အထိ ပြန်လည်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အမှုအတွက်သက်သေများ၏ ကန့်သတ်ကာလသည်လည်း မကြာမီပင် ကုန်ဆုံးတော့မည်ဖြစ် သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191