Main menu
HOT NEWS
adv

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရှင် အကယ်ဒမီလူမင်း ၏ အကယ် ဒမီရင်တွင်းခံစားချက်

"ကျွန်တော်အမှန်အတိုင်းပြောရင် ဇာတ်ပို့ဆုနဲ့ ဒါရိုက်တာဆိုရင် ကျွန်တော် ဒါရိုက်တာဆုကိုလိုချင်ခဲ့တာပါ"

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရှင် အကယ်ဒမီလူမင်း

မေး - အကယ်ဒမီဆုကို မမျှော်လင့်ခဲ့ ဘူးလို့ပြောခဲ့တော့ ဘာကြောင့်များလဲရှင့်။

ဖြေ - ဘာလို့မမျှော်လင့်လဲဆိုတော့ နှစ်တိုင်းလည်းသတင်းကြီးပြီးရင် လွဲ နေကျဆိုတော့ ဒီနှစ်လည်းဒီလိုပဲ လွဲမှာပဲဆိုပြီး စိတ်လျှော့ထားတာပါ။ ကျွန်တော့်စိတ်တွေကတော့ ဒီပွဲကြီး ဘာလိုအပ်မလဲဆိုတဲ့စိတ်ပဲပူပန်နေ တာပါ။ မမျှော်လင့် ဘဲကြေညာ လိုက် တော့ အံ့သြ၀မ်းသာဖြစ်ရပါတယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ဥက္ကဋ္ဌ သက်တမ်းနှုတ်ဆက်တဲ့အချိန်မှာ ရလိုက်တဲ့အတွက်လည်း ပိုပြီး အမှတ်တရဖြစ်စေပါတယ်။ နောက် တစ်ခုကဇာတ်ပို့ဆုဖြစ်တဲ့အတွက် လည်း ကျွန်တော့်ရဲ့ အစပထမဘ၀ ကိုပြန်ပြီးတော့ အောက်မေ့တသ ဖြစ်ပြီးတော့ ဒီဇာတ်ပို့ဆုလေးကို လည်း ကျွန်တော်မြတ်နိုးမိပါတယ်။

Read more...

၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှ အကယ်ဒမီ ဆုရှင်များ၏ ပီတိစကားများ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှ အကယ်ဒမီဆုရှင်များ၏ ပီတိစကားများကို ဖော်ပြလိုက်ရပါသည်။

 

ဦးကြည်မင်းသိန်း
(အကောင်းဆုံးရုပ်ရှင်အသံဆု)

''ကျွန်တော် ဒီအသံဆုကို ဆွတ်ခူးရရှိတာကတော့ ကျွန်တော်တစ်ယောက်တည်း တော်လို့မဟုတ်ပါဘူး။ ဒါရိုက်တာ၊ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ အပါအဝင် စက်မှုပညာရှင်တွေတော်လို့ ကောင်းမွန်လို့ရရှိတာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အဖွဲ့တစ်ဖွဲ့ ပေါင်းပြီး ''From Bangok to Mandalay''ဆိုပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူး ရုံတင်ပြသခဲ့ပါတယ်။ ထိုင်းသရုပ်ဆောင်အပါအဝင် မြန်မာသရုပ်ဆောင် သုံးဦးနဲ့ တင်ဆက်ခဲ့တာပါ။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကသားတွေ အားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း အနုပညာလုပ်ငန်းကို ဆက်လက် ကြိုးစားလုပ်ကိုင်သွားမှာပါ။

Read more...

Rock n' Roll ဂီတလမ်းဖောက်ခဲ့သူ ချက်ခ်ဘယ်ရီ အသက်(၉၀)တွင် ကွယ်လွန်

Rock n' Roll ဂီတအတွက် ဦးဆောင်လမ်းဖောက်ခဲ့သူတစ်ဦး ဖြစ်သော ချက်ခ်ဘယ်ရီသည် အသက် (၉၀)အရွယ်တွင် အမေရိကန်ပြည် ထောင်စု မစ်ဆူရှီပြည်နယ်ရှိ ၎င်းင်း၏ နေအိမ်၌ မတ် ၁၈ ရက်တွင်ကွယ် လွန်အနိစ္စရောက်ခဲ့သည်။ အဲလ်ဗစ်ပရက် စလေ ကို Rock n' Roll  ဘုရင်ဟု ကင်ပွန်းတပ်လေ့ ရှိသော်လည်း ချက်ခ်ဘယ်ရီသည် လည်း Rock n' Roll ဂီတအတွက် အရေးပါခဲ့သူတစ်ဦးဖြစ်ကြောင်း ဂီတသမိုင်းပညာရှင်များက သုံး သပ်သည်။

Read more...

"အဆိုတော်ကတော့ သီချင်းသစ်တွေ ဖန်တီးရမှာပေါ့၊ မဟုတ်ရင် ပရိသတ်နဲ့ အလှမ်းဝေးသွားနိုင်တယ်" တေးသံရှင် Bobby Soxer

ရန်ကုန်၊ မတ် ၁၈

တေးသံရှင် ထက်ထက် (ခေါ်) Bobby soxer က သူမရဲ့ ၂၁ တေးစီး ရီးခွေ MTV ထွက်ရှိနိုင်အောင် ကြိုးစားနေပြီး ဒီအခွေထဲမှာ ပရိသတ်တွေက သူမကို မမြင်ဖူးတဲ့ပုံစံတွေ တွေ့မြင်ရမှာဖြစ်တယ်လို့ပြောပါတယ်။

 

''အခုလောလောဆယ်တော့ ရှိုးတွေဆိုဖြစ်နေတယ်။ နောက်ပြီးတော့ ၂၁ အခွေရဲ့MTV ထွက်နိုင်ဖို့ MTV ရိုက်ကူးနေတယ်။ MTV ရိုက်ကူးမှုကတော့ သီချင်းတစ်ပုဒ်ပဲ နောက်ထပ်ရိုက်ကူးဖို့ပဲ ကျန်တော့တယ်။ ဒီ MTV  အခွေထဲမှာတော့ ထက်ကို စင်ပေါ်မှာမမြင်ရဘူးတဲ့ပုံစံ မျိုးနဲ့ မြင်တွေ့ရမယ်။ ဒီအခွေမှ ထက် ထူးထူးခြားခြား အကပိုင်းလည်းထည့်ပြီးတော့ ရိုက်ကူးထားပါတယ်။ အကပိုင်းကကျတော့ထက် စင်ပေါ်မှာဖျော်ဖြေရင် သိပ်ပြီးတော့ မလုပ်ဖြစ်ဘူး။  ဒါပေမဲ့ ဒီ MTVအခွေထဲမှာတော့ အကပိုင်းကိုထည့်သွင်းထားတယ်။ ၂၁ MTV ကတော့ သိပ်မကြာခင် ပရိသတ် ရှေ့ကိုချပြနိုင်တော့မှာပါလို့ ဆိုပါတယ်။

Read more...

လာမည့် ဧပြီလတွင် စတုတ္ထမြောက် တေးအယ်လ်ဘမ် IU ဖြန့်ချိမည်

ဆိုးလ်၊ မတ် ၁၈

တောင်ကိုရီးယားအမျိုးသမီးအဆိုတော် IU က ၎င်း၏ စတုတ္ထမြောက်တေးအယ်လ်ဘမ်ကို လာမည့်လအတွင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက မတ် ၁၇ ရက်တွင် ပြောကြားလိုက်သည်။  နာမည်ကျော် ကေပေါ့အဆိုတော်၏ အယ်လ်ဘမ်အသစ်ကို ဧပြီ ၂၁ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း Loen-Fave အင်တာတိန်းမန့်ကဆိုသည်။ IU သည် ယင်းအယ်လ်ဘမ်အတွင်းပါရှိမည့် သီချင်းနှစ်ပုဒ်ကို မတ် ၂၄ ရက်နှင့် ဧပြီ ၇ ရက်တို့တွင် ကြိုတင်ဖြန့်ချိမည်ဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616