HOT NEWS
Main menu
adv

'ရှင်သန်ခြင်းနှင်းဆီ'အငြိမ့် ဖျော်ဖြေပွဲကို Sky Net မှ တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန်၊ မေ ၁၂

အမျိုးသားကဇာတ် ရုံ၌ပြုလုပ်မည့် 'ရှင်သန်ခြင်းနှင်းဆီ' အငြိမ့် ဖျော်ဖြေပွဲကို Sky Net ရုပ်သံလိုင်း၏ Channel 9 ချန်နယ်တွင် တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ 'ရှင်သန်ခြင်းနှင်းဆီ' အငြိမ့် ဖျော်ဖြေပွဲမှာ ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုရန်ပုံငွေအတွက် နှင်းဆီအဖွဲ့သားများမှ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် မေ ၁၃၊ ၁၄ ရက်တို့၌ ည ၈ နာရီအချိန်တွင် ဖျော်ဖြေကပြမည်ဖြစ်ကြောင်း သိရ သည်။

Read more...

အစာအဆိပ်သင့်လို့ ရိုက်ကွင်းမှာ မေ့လဲခဲ့တဲ့ Exo အဖွဲ့ဝင် 'လေး'

Exo အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ 'လေး'ဟာ တရုတ်ရှိုးပွဲ ရိုက်ကူးမှုတစ်ခုမှာ မေ့လဲသွားခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ရိုက်ကူးမှုမစခင်ကတည်းက နေမကောင်းတဲ့ပုံ ပေါက်နေခဲ့ကာ သန့်စင် ခန်းကိုသွားတဲ့လမ်းမှာ မေ့လဲသွားခဲ့ရတာလို့ ရိုက်  ကူးရေးအဖွဲ့သားတစ်ဦးက ပြောပါတယ်။

Read more...

ရင်သွေးတွေကြောင့် အဖော်အချွတ် အခန်းတွေ မရိုက်တော့ဘူး ဆိုတဲ့ မီဂန်ဖောက်စ်

ကလေးတွေအပေါ် သက်ရောက်မှုရှိလာမှာစိုးတာကြောင့် အဖော်အချွတ်ပါတဲ့ ဇာတ်ကားတွေကို မရိုက်တော့ဘူးလို့ မီဂန်ဖောက်စ်က ပြောပါတယ်။

Read more...

'မေလလယ်ပိုင်းလောက်က စပြီးတော့ ဂီတလှုပ်ရှားမှုတွေကို ပြန်ပြီးတော့ မြင်တွေ့ရတော့မှာပါ' တေးသံရှင် ဖြူဖြူကျော်သိန်း

ခါးနာတဲ့ဝေဒနာကြောင့် သင်္ကြန်ပြီးချိန်မှစတင်ကာ ဆေးရုံတက် ကုသခဲ့ရပြီး အခုအခါမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရကာ မကြာခင် ဂီတလှုပ်ရှားမှုတွေကို ပြန်လည် မြင်တွေ့ရတော့မယ်လို့ ပြောလာ တဲ့ တေးသံရှင်ဖြူဖြူကျော်သိန်းက -


''ဖြူဖြူက နဂိုကတည်းက ခါးနာတတ်တဲ့သူတစ်ယောက်ဆိုတော့ ဒီတစ်ခေါက်က ခြေထောက်ခေါက်ပြီး တော့ ခါးပြန်နာသွားတာကနေ စတာပါ။ ဖြစ်ဖြစ်ချင်းမှာ ဖျော်ဖြေပွဲ တွေ လက်ခံထားတာလည်း ရှိတော့ သေ ချာဆေး မကုဖြစ်ဘူး။ သင်္ကြန်ပြီး တော့မှပဲ သေချာလေးဆေးကုဖြစ် လိုက်တာပါ။ ဖြူဖြူက ဂီတနဲ့ပတ် သက်တာတွေကို သင်္ကြန်ပြီးကတည်း က နားထားလိုက်ရတာ။

Read more...

Wathann Film Festival #6 တွင်ပြသရန် ရုပ်ရှင်ကားများဖိတ်ခေါ်

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်ကျင်းပမည့် ဝဿန်ရုပ်ရှင်ပွဲတော်အတွက် မှတ်တမ်းရုပ်ရှင် Documentary Film ၊ ဇာတ်လမ်းတိုရုပ်ရှင် Short Film ၊ Animation ရုပ်ရှင်များ၊ Experimental Film များပြသ ရန် နှင့် ပြိုင်ပွဲဝင်ရန် ဝဿန်ရုပ်ရှင်ပွဲတော်မှ ဖိတ်ခေါ်ထားသည်။ ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသရန်နှင့် ပြိုင်ပွဲဝင်ရန် ပေးပို့လိုသော ရုပ်ရှင်ကားများကို ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ဝဿန်ရုပ်ရှင် ပွဲတော်ရုံး ခန်းသို့ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

Read more...
adv

adv

FacebookG+TwitterRSS