HOT NEWS
Main menu
adv

ဆီးရီးယားရှိ IS ပစ်မှတ်များကို အီရတ်လေတပ်က ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၂၅
အီရတ်စစ်လေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ IS အကြမ်းဖက်အဖွဲ့ပစ်မှတ်များအား ပ ထမဆုံးအကြိမ်အဖြစ် ထိရောက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီ က ပြောဆိုလိုက်သည်ဟု ဖေဖော် ဝါရီ ၂၅ ရက် သတင်းများအရ သိ ရှိရသည်။

Read more...

စင်ကာပူနိုင်ငံ၏အကြီးဆုံးဥယျာဉ် Chestnut Nature Park ကို ဖွင့်လှစ်

စင်ကာပူ၊ ဖေဖော်ဝါရီ ၂၅
စင်ကာပူနိုင်ငံ၏အကြီးဆုံး ဥယျာဉ် Chestnut Nature Park သဘာဝဥယျာဉ်တစ်ခုလုံးတည် ဆောက်မှုပြီးစီးသွားပြီဖြစ်၍ ဥယျာဉ် မြောက်ဘက်ခြမ်းကို ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထဲရေးနှင့် အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒက်(ရှ်) မွန်လီက ဖွင့်လှစ်ပေးခဲ့သည်။

Read more...

ဒူတာတေ၏ မူးယစ်ဆေးဝါးစစ်ပွဲကို ဖိလစ်ပိုင်ပြည်သူတစ်ထောင်ကျော် ကန့်ကွက်ဆန္ဒပြ+

မနီလာ၊ ဖေဖော်ဝါရီ ၂၅
ဖိလစ်ပိုင်သမ္မတဒူတာတေ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ပြည်သူတစ်ထောင်ကျော်က မနီလာ မြို့လမ်းများတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ကန့်ကွက်ဆန္ဒပြခဲ့သည်။ ဒူတာတေသည် သူ၏အဓိကအတိုက် အခံလွှတ်တော်အမတ်တစ်ဦးကို မူး ယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား မှုဖြင့် မကြာသေးမီက ဖမ်းဆီးထိန်း သိမ်းခဲ့သည်။

Read more...

ဗြိတိန်တွင် ဒိုရစ်မုန်တိုင်း ဝင်ရောက်၊ တစ်ဦးသေဆုံး

လန်ဒန်၊ ဖေဖော်ဝါရီ ၂၅


ဗြိတိန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၃ ရက်က ဥရောပမှဝင်ရောက်လာသည့် မုန်တိုင်းဒိုရစ်ဝင်ရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ည အင်္ဂလန်အလယ်ပိုင်း Wolve-rhampton  မြို့တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုန်တိုင်းကြောင့်လွင့်ပါလာသော အပျက်အစီးအပိုင်းအစတစ်ခုနှင့် ဦး ခေါင်းကိုထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းမုန်တိုင်းသည် လန်ဒန်မြို့ကို ဖြတ်သန်းတိုက်ခတ်စဉ် Victoria  ဘူတာရုံအနီး၌ အမျိုးသားတစ်ဦးအပေါ်အဆောက်အအုံပေါ်မှ အပျက်အစီးများပြုတ်ကျခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောသည်။

Read more...

နိုင်ဂျာတွင် ကင်းလှည့်နေသော စစ်တပ်ယာဉ်တန်းကို စစ်သွေးကြွများ ချုံခို တိုက်ခိုက်၊ စစ်သား ၁၅ ဦးသေ၊ ၁၉ ဦး ဒဏ်ရာရ

နီအာမေ(နိုင်ဂျာ)၊ ဖေဖော်ဝါရီ ၂၅

နိုင်ဂျာနိုင်ငံနှင့် မာလီနိုင်ငံနယ်စပ်တွင် ကင်းလှည့်နေသော နိုင်ဂျာစစ်တပ်ယာဉ်တန်းအား ဖေ ဖော်ဝါရီ ၂၃ ရက်တွင် စစ်သွေးကြွများက လမ်းခုလတ်တွင် ချုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ဖေဖော် ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

Read more...
adv

adv

FacebookG+TwitterRSS