Main menu
HOT NEWS
adv
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်၊ ဂျပန် ပင်လယ်ပြင်သို့ ကျရောက်

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်၊ ဂျပန် ပင်လယ်ပြင်သို့ ကျရောက်

ဆိုးလ်၊ ဧပြီ ၆

ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ အမေရိကန်၌တွေ့ဆုံ၍ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးခြင်းမပြုမီ ဧပြီ ၅ ရက်၌ မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်း ဂျပန်ပင်လယ်ပြင်ဘက်သို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးဌာနကပြောသည်။


နိုင်ငံတကာအဖွဲ့အစည်းမှ မြောက်ကိုရီးယား၏နျူကလီးယား စီမံကိန်းနှင့်ဒုံးကျည်စမ်းသပ်မှုကို တားမြစ်နေသော်လည်း ဧပြီ ၅ ရက် နံနက်တွင် မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းမှ ဂျပန်ပင်လယ်ဘက်သို့ ဦးတည်၍ KN-15  တာလတ်ပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားကာ ကွယ်ရေးဝန်ကြီးဌာနကပြောသည်။ နိုင်ငံတကာအဖွဲ့အစည်းမှ မြောက်ကိုရီးယား၏နျူကလီးယား စီမံကိန်းနှင့် ဒုံးကျည်စမ်းသပ်မှုကို တားမြစ်နေသော်လည်း ဧပြီ ၅ ရက် နံနက်တွင် မြောက်ကိုရီးယားအရှေ့ ဘက်ကမ်းရိုးတန်းမှ ဂျပန်ပင်လယ် ဘက်သို့ဦးတည်၍ KN-15  တာလက်ပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ ကြောင်း၊ ကမ်းခြေမှ ကီလိုမီတာ ၆ဝ အကွာအထိရောက်ရှိအောင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောသည်။ မြောက်ကိုရီးယားသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်း ခြောက်နေသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချပြော ကြားသည်။


မြောက်ကိုရီးယား တာလက်ပစ် ဒုံးကျည်စမ်းသပ်မှုသည် အမေရိကန်ကိုခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း အမေရိကန်၏မဟာမိတ် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဧပြီလဆန်းတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုအသစ်ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီးရက်စ်တီလာဆင်က ပြောသည်။ ''မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး ပြည့်စုံစွာပြောကြားခဲ့ပြီးပါပြီ။ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကိုထပ်ပြီးပြောစရာမရှိတော့ ပါဘူး''ဟု တီလာဆင်ကပြောသည်။  မြောက်ကိုရီးယားတာလတ်ပစ်ဒုံးကျည်စမ်းသပ်မှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြေရှင်းချက်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်ပြီး ဂျပန်အချုပ်အခြာအာဏာကို ကျူးကျော်ရန်စခြင်းဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကပြောသည်။


မြောက်ကိုရီးယားသည် ယခုကဲ့သို့ကျူးကျော်စော်ကားမှုမျိုး ထပ်မံကျူးလွန်လာနိုင်ကြောင်း ရှင်ဇိုအာဘေးကပြောသည်။ မြောက်ကိုရီးယားအစိုးရသည် နိုင်ငံတကာမှ ဖိအားပေးနေသော်လည်း နျူကလီးယားအိပ်မက်အကောင်အထည်ပေါ် စေရန် ကြိုးစားနေသည်။ နျူကလီးယားစမ်းသပ်မှု ငါးကြိမ်ပြုလုပ်ခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သော ပြုံယမ်းအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှု အမျိုးမျိုးချမှတ်ခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယားထိပ်ဖူး တပ်တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု အောင်မြင်ရန် နီးကပ်လာပြီဟုပြောကြားခဲ့ပြီး တာဝေးပစ်ဒုံးကျည်ဖြင့် အမေရိကန်ကို တိုက်ခိုက်မည်ဟုခြိမ်း ခြောက်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့်သံတမန်ဆက်ဆံရေးကောင်းမွန်သောတရုတ်က မြောက်ကိုရီးယားနျူကလီးယားလက်နက်စွန့်လွှတ်ရန်မကူညီလျှင် အမေရိကန်ကကြားဝင်ဖြေရှင်းရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Financial Times သတင်းစာနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။


ပြီးခဲ့သည့် ဧပြီ ၃ ရက်တွင် တောင်ကိုရီးယားနှင့် ဂျပန်ပင်လယ် ပြင်၌ အမေရိကန်၊ ဂျပန်နှင့်တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြောက်ကိုရီးယားကိုကျူးကျော် တိုက်ခိုက်ရန်အတွက်ရည်ရွယ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောကြားခဲ့သည်။ ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုမြင့်တက်လာရန် ဂျပန်၊ တောင်ကိုရီးယားတို့နှင့်အမေရိကန်တို့ပါ ဆောင်ရွက်နေကြောင်း ၎င်းက မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလက မြောက်ကိုရီးယားတာဝေးပစ်ဒုံးကျည် လေးစင်း စမ်းသပ်ပစ်ခတ်ခဲ့ရာ သုံးစင်းမှာ ဂျပန်ပင်လယ်ပြင်သို့ ကျ ရောက်ခဲ့သည်။


Ref; AFP

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191