Main menu
HOT NEWS
adv
အာဂျင်တီးနား၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမည့်နေ့တွင် အထွေထွေ အလုပ်သမား သပိတ်မှောက်

အာဂျင်တီးနား၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမည့်နေ့တွင် အထွေထွေ အလုပ်သမား သပိတ်မှောက်

ဗျူနိုအေရိစ်၊ ဧပြီ ၇

လက်တင်အမေရိက၊ အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရိစ်၌ ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပမည့် ဧပြီ ၆ရက်တွင် အထွေထွေလုပ်သား သပိတ်ကြီး ကျင်းပရန် အလုပ်သမားသမဂ္ဂအဖွဲ့ကြီးသုံးဖွဲ့ စီစဉ်ခဲ့သည်။ နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် စီးပွားရေးသမားများတက်ရောက်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အာဂျင်တီး နားသမ္မတ Mauricio Macri က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။


အာဂျင်တီးနားနိုင်ငံ၏ ကျဆင်းနေသော စီးပွားရေးကို နာလန်ထူ စေရန် ကတိပြုပြီး ၂ဝ၁၅ ခုနှစ်တွင် သမ္မတရာထူးလက်ခံခဲ့သော Mauricio Macri  ကို ဖိအားပေးရန် အ ထွေထွေအလုပ်သမားသပိတ် ဆင်နွှဲခြင်းဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ သည် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဖွင့်လှစ်ပြီးစီးမှုတိုးတက်လာ စေရန် ဆောင်ရွက်နေသော်လည်း သာမန်အာဂျင်တီးနားနိုင်ငံသားသုံးဦးလျှင်တစ်ဦးမှာ ဆင်းရဲမွဲတေ မှုမျဉ်းအောက်ရောက်ရှိနေသည်ဟုသိရသည်။ ငွေကြေးဖောင်းပွမှုနှုန်း နှစ်ဆမြင့်တက်သွားပြီး အစိုးရက အများပြည်သူဘဏ္ဍာရေးတည်ငြိမ် စေရန် အလုပ်အကိုင်နှင့်လစာနှုန်းထားများ ဖြတ်တောက်ခဲ့ခြင်းကို အလုပ်သမားများက မကျေနပ်သဖြင့် ဆန္ဒပြခြင်းဖြစ်သည်။ ယခုလပိုင်းတွင် သမ္မတ Macri  ၏ အစိုးရအဖွဲ့ကို မကျေနပ်သဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၆ရက်တွင် အထွေထွေအလုပ်သမားသပိတ်ကြီး ကျင်းပရန် နှင့်အလုပ်သမားများလုပ်ငန်းခွင်မှ သပိတ်မှောက်၍ အလုပ်မဆင်းရန် အလုပ်သမားသမဂ္ဂအဖွဲ့သုံးဖွဲ့က တိုက်တွန်းပြောကြားခဲ့သည်။


လမ်းပေါ်ထွက်ဆန္ဒပြခြင်းသည်အလုပ်သမားများကို မကူညီနိုင်ကြောင်း၊ အလုပ်သမားသမဂ္ဂများသည် မာဖီးယားဂိုဏ်းများကဲ့သို့ အစိုးရကိုအကျပ်ကိုင်နေကြောင်း သမ္မတ Macri က ဧပြီ ၅ရက် မိန့် ခွန်းတွင်ပြောကြားခဲ့သည်။ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်နိုင်ငံခေါင်းဆောင် ဖြစ်လာသော Macri သည် ယခုလပိုင်းတွင် ဘဏ္ဍာရေးအရှုပ်အထွေးတစ်ခုနှင့် စွပ်စွဲခံရပြီး တရားရုံး၌ စုံစမ်းစစ်ဆေးခြင်းခံနေရသည်။ ဗျူနိုအေရိစ်မြို့၌ ဧပြီ ၆ ရက်တွင် စတင်ကျင်းပသောကမ္ဘာ့စီးပွား ရေးဖိုရမ်ကို နိုင်ငံတကာမှခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သည့် အချိန်တွင် အထွေထွေအလုပ်သမားသပိတ်မှောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Ref: AFP

#deomcracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191