Main menu
HOT NEWS
adv
မက္ကဆီကို မူးယစ်ရာဇာ အမေရိကန်တွင်  ထောင်ဒဏ် တစ်သက် ချမှတ်ခံရ

မက္ကဆီကို မူးယစ်ရာဇာ အမေရိကန်တွင် ထောင်ဒဏ် တစ်သက် ချမှတ်ခံရ

ဝါရှင်တန်၊ ဧပြီ ၇

မက္ကဆီကို မူးယစ်ဆေးဝါး ရောင်းချသူ အယ်လ်ဖရက်ဒိုဘီလ်ထရန်လေဗာသည် ဘီလ်ထရန်လေ ဗာမူးယစ်ဆေးဝါးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၎င်းအားအမေရိကန် ပြည်ထောင်စုက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချလိုက်ကြောင်း တရားရေးဌာနကပြောကြားလိုက်သည်ဟု AFP သတင်းစာက ဧပြီ ၆ ရက်တွင် ဖော်ပြခဲ့သည်။


ဆယ်စုနှစ်တစ်ခုတွင် အယ်လ်ဖရက်ဒိုသည် အဓိကမက္ကဆီကို မူးယစ်ဆေးဝါးရောင်းဝယ်ရေးအဖွဲ့ကို ထိန်းချုပ်ထားခဲ့ကြောင်း၊ ကိုကင်းနှင့် မီသာဖီတာမင်းဆေးပြားတန် ပေါင်းများစွာကို အမေရိကန်သို့ တင်ပို့ခဲ့ကြောင်း ယာယီရှေ့နေချုပ် ကက်နက်ဘလန်ကိုက ၎င်း၏ကြေ ညာချက်တွင် ဖော်ပြခဲ့သည်။ ဘလန်ကိုက ဆက်လက်ဖော်ပြရာတွင်မက္ကဆီကို မူးယစ်ခေါင်းဆောင်သည် အကြမ်းဖက်မှုနှင့်အကြောက် တရားတို့ကို ဝါဒဖြန့်စစ်ပွဲဆင်နွှဲခဲ့ ကြောင်း၊ ဤလုပ်ရပ်ဖြင့် မြောက်အမေရိကလူ့အသိုင်းအဝိုင်းကို ဆုပ်ကိုင်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


အယ်လ်ဖရက်ဒိုဘီလ်ထရန် လေဗာမှာ မက္ကဆီကိုမူးယစ်ရာဇာထဲမှ တစ်ဦးဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုထဲသို့ မူးယစ်ဆေးဝါးများစွာကို တင်သွင်းခဲ့ကြောင်း အမေရိကန်မူးယစ်ဆေးဝါး နှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ အထူးထောက်လှမ်း ရေးဂျိမ်းစ်ဟန့်က ပြောခဲ့သည်။ ဘီလ်ထရန်လေဗာ (၄၆)နှစ် အား မက္ကဆီကို အနောက်မြောက် ကူလီယာကန်တွင် ၂ဝဝ၈ခုနှစ်က ဖမ်းဆီးရမိခဲ့သည်။ ၂ဝ၁၄တွင် အမေရိကန်သို့လွှဲပြောင်းပေးခဲ့သည်။ ၎င်းက ကိုကင်းနှင့် မီသာဖီတာမင်း မူးယစ်ဆေးများ အမေရိကန်သို့ လျှို့ဝှက်ခိုးသွားခဲ့၍ တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်။ ကိုလံဘီယာပြည်ထောင်စု ခရိုင်တရားသူကြီး ရစ်ချတ်လီယွန်က ၎င်းအား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒဏ်ငွေအမေရိကန်ဒေါ်လာ ၅၂၉ဒသမ၂သန်း ပေးဆောင်ရန်လည်းချမှတ်ခဲ့သည်။

Ref: AFP

#deomcracytoday


ျွန်ါ် င်္ဗဏ

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191