Main menu
HOT NEWS
adv
ဂျပန်မင်းသမီးလက်ထပ်မည့်အရေး တော်ဝင်မိသားစုအတွင်း အချေအတင်ပြောဆိုနေရ

ဂျပန်မင်းသမီးလက်ထပ်မည့်အရေး တော်ဝင်မိသားစုအတွင်း အချေအတင်ပြောဆိုနေရ

တိုကျို မေ ၁၇။   ။ဂျပန်ဧကရာဇ်အာကီဟီတို၏ အကြီးဆုံးမြေဖြစ်သူ မင်းသမီးမာကိုသည် ၄င်း၏ ကောလိပ်အတန်းဖော် သူငယ်ချင်းတစ်ဦးနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြနေကြပြီး လက်ထပ်ပြီးနောက် သာမန်အရပ်သူဖြစ်သွားပြီး တော်ဝင်မိသားစုဝင် ဦးရေလျော့နည်းသွားမည့် ကိစ္စနှင့် ပတ်သက်၍ အချေအတင်ပြောဆိုနေရကြောင်း သိရသည်။

သက်တော် ၈၃ နှစ်ရှိ ဂျပန်ဧကရာဇ်ကြီး အာကီဟီတိုသည် ပြီးခဲ့သော သြဂုတ်လက အသက်အရွယ်ကြောင့် တာဝန်များကို ထမ်းဆောင်နိုင်ရန် ခက်ခဲသည်ဟုဆိုကာ ရာစုနှစ် နှစ်ခုနီးပါးအတွင်းဂျပန်ဧကရာဇ်တစ်ပါးက ပထမဆုံး နန်းစွန့်မည့်အစီအစဉ် မူကြမ်းကို ဂျပန်ဝန်ကြီးအဖွဲ့က လာမည့် သောကြာနေ့တွင်အတည်ပြုမည်ဟု မျှော်မှန်းရသည်။ သို့သော် ဥပဒေပြုရေးအဖွဲ့က လက်ထပ်ပြီးသော်လည်း တော်ဝင်မိသားစုအတွင်း အမျိုးသမီးများကို ဆက်နေခွင့်ပြုရန်နှင့် အမျိုးသားသာလျှင် ထီးနန်းဆက်ခံခွင့်ကို ပြန်လည်သုံးသပ်ရန် အစရှိသော အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို ထည့်သွင်းထားမည်မဟုတ်ကြောင်း သိရသည်။ တော်ဝင်မျိုးနွယ်ပြတ်လပ်တော့မည့် ပြဿနာနှင့် ပတ်သက်၍ ဝန်ကြီးအဖွဲ့လက်ထောက်အကြီးအကဲ ယိုရှီဟီဒယ် ဆူဂါက "တည်ငြိမ်တဲ့ ထီးနန်းဆက်ခံခွင့်ရှိနိုင်ဖို့ လုပ်ဆောင်မှုကို စဉ်းစားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမြင်ကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး" ဟု ဗုဒ္ဓဟူးနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကို၏ ကြင်ယာတော်လောင်း ကိုင် ကိုမူရိုသည် ၄င်းတို့နှစ်ဦး၏ စေ့စပ်ပွဲသတင်းပေါက်ကြားခဲ့ပြီး တစ်ရက်အကြာ ၄င်းအလုပ်လုပ်ကိုင်နေသည့် တိုကျိုဥပဒေရုံးအပြင်ဘက်တွင် ဗုဒ္ဓဟူးနေ့က မီဒီယာများရှေ့ထွက်ပေါ်လာခဲ့သည်။ တော်ဝင်နန်းတော်အေဂျင်စီက မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

Ref:AFP

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616